မူဆယ် အမျိုးသား တစ်ဦး မြေမြုပ်မိုင်းထပ်နင်းမိ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ဝိန်းနန်ကျေးရွာရှိ တောလမ်းတစ်နေရာတွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းထပ်မံနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသား ၁ ဦးသည် ယမန်နေ့ (မေလ ၂၈) ရက် နံနက်ပိုင်းအချိန်တွင် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီးရှိ တောလမ်းတစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ မူဆယ်ရဲ့တောင်ဘက်က ဝိန်းနန်းတို့၊ ခူးဝိန်းတို့နေရာတွေမှာတော့ များသောအားဖြင့် စစ်ကောင်စီတပ်တွေ နေတယ်။ အဲ့အနီးတဝိုက်ကို သူတို့မိုင်းထောင်ထားတာအများကြီးရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြေမြုပ်မိုင်း သွားရှင်းတဲ့သူတွေကိုတောင် သူတို့သေနတ်နဲ့ ပစ်ခတ်သေးတယ်” ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်တွင်လည်း မူဆယ်မြို့နယ် မန်မိုင်ရွာရှိ မူလတန်းကျောင်းအနီးတွင် အမျိုးသမီး ၁ ဦး အပေါ့အပါးသွားရာမှ မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်။

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် မြေမြုပ်မိုင်းနှင့် စစ်လက်နက် အကြွန်းအကျန် ပစ္စည်းများကြောင့် မကြာခဏ ပြည်သူများ ထိခိုက်၊ သေဆုံးမှုများရှိနေကြောင်း ဆိုသည်။

“အစောပိုင်းတုန်းကတော့ မြေမြုပ်မိုင်းတွေ ဘယ်နေရာမှာမြုပ်ထားတယ် ဘာညာပြောတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အဲ့နေရာကိုသွားကြတာပဲ။ အဓိကတော့ စားဖို့သောက်ဖို့အတွက် အဲ့အလုပ်တွေပဲရှိတာကို။ တချို့တွေက တောင်ယာလုပ်ရင်လုပ်မယ်၊ တောထဲမှာ ဟင်းသီးဟင်းရွက်တွေရှာရင်ရှာမယ်။ ဒါတွေမလုပ်ရင် သူတို့မှာစားဖို့သောက်ဖို့ ဝမ်းရေးကအဆင်မပြေတာ” ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် မြေမြုပ်မိုင်းနင်းမိပြီး ဆေးဝါးကုသခံယူနေရသည့် ပြည်သူများသည်လည်း အခြေခံလူတန်းစားများ ဖြစ်ကြသောကြောင့် ဆေးရုံ၌ ဆေးဝါးကုသရန် ဆေးဖို့အခက်ခဲ၊ ခြေအတုတပ်ရန် ငွေရေးကြေးရေး အခက်ခဲများလည်း ကြုံတွေ့နေရသည်ဟု လူမှုကူညီရေးအသင်းများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်မှလွှဲ၍ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မိုင်းနှင့် စစ်အကြွန်းအကျန်းများကြောင့် ထိခိုက်သေဆုံးသူဦးရေး တိုးများလာသကဲ့သို့ မြန်မာနိုင်ငံ၏ မြို့ထက်ဝက်ကျော်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြုံနေရသည်ဟု မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine & Cluster Munition Monitor က ၂၀၂၃ နှစ်ကုန်းပိုင်းတွင် အစီရင်ခံစာ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...