မူဆယ်မြို့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ခြေထောက်ဖြတ်ခံရ

သျှမ်းပြည် ‌မြောင်းပိုင်း မူဆယ်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုမိုင်းနင်းမိရာမှ ဆေးကုသရန် ငွေကြေးအခက်အခဲကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မန်မိုင်ရွာတွင် ပြ မူလ တန်းကျောင်အနီးတွင် ပြီးခဲ့သည့်  (မေ ၂၁ ရက်) ညနေ ၆ နာရီဝန်းကျင် အမျိုးသမီးတစ်ဦးသည် အပေါ့အပါးသွားရာမှ‌ မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက် တဖက် ဖြတ် လိုက်ရကြောင်း လက်ဖက်ညွန့်လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ‌ပြောသည်။

“ အဲ့အမျိုးသမီးက အပေါ့သွားရင်း မြေမြုပ်မိုင်းနင်းမိတာပါ။ ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ညာဘက်ခြေထောက်ကလည်း မိုင်းစတွေနဲ့ ဒဏ်ရာပြင်းနေတယ်။” ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။ 

အဆိုပါ မြေမြုပ်မိုင်းနင်းမိသော အမျိုးသမီးသည် အသက် ၄၀ကျော် ရှိ မခိုင်ချိုဝင်းဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးမှ မူဆယ်မြို့သို့ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူဖြစ်သည်။ 

 “သူကလည်း ဒီမြို့ဘက်က လူမဟုတ်ဘူး။ သူက အရင်ကခြံစောင့် လို့တော့သိရတယ်။ သူကလည်း ကြုံရာ ကျပန်းအလုပ်လုပ်ပြီးထင်းတွေရောင်းနေပြီး ဝမ်းစာအတွက် ရုန်းကန် နေရတာပေါ့။ ကလေးလည်း နှစ်ယောက် ရှိတယ်။ ဆေးဖိုးတောင် အခု ၁၀ သိန်းလောက်ရှိနေပြီ။ သူလည်းအကူအညီတွေ လိုအပ်နေတာပေါ့။”ဟု ၎င်းက ဆိုသည်။

ထိုသို့ မူဆယ်မြို့ အနီးတဝှိက်ရှိ ကျွေးရွာ၊ ရပ်ကွက်များတွင် မကြာခဏ မြေမြုပ်မိုင်းနင်းမိမှုကြောင့် ဒေသခံများ သွားလာရန် အခက်အခဲများစိုးရိမ်မှုများရှိနေကြောင်း မူဆယ်မြို့ ‌ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ မန်မိုင်ရပ်ကွက် ဆို ဒီတစ်နှစ်အတွင်း ၁၀ ယောက် ဝန်ကျင်လောက်ရှိ နေပြီနင်းမိတာ။ ပြည်သူတွေ အတွက် ဒုက္ခရောက်တယ်လေ သွားဖို့လာဖို့စားဖို့သောက်ဖို့ စားဝတ်နေရေးရှာဖွေနေရတဲ့အတွက် ရွာတွေ ရပ်ကွက်တွေ မှာ ထောင်ထားတာ ကျနော်တို့ပြည်သူတွေအတွက်တော့ အန္တရာယ်များတာပေါ့။မြင်ရတာဟာတွေလည်းရှိရင် ရှိအုံးမှာပေ့ါ။” ဟု မူဆယ်မြို့ဒေသခံ​အမျိုးသားက ထပ်လောင်းပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၂ ရက် တွင်လည်း သျှမ်းပြည် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်မှ အသက်(၅၀)နှစ် ဝန်းကျင် ရှိ ဦးသန်းဝင်းဆိုသူသည် အလုပ်သွားလုပ်ရန် တုံစင့်ကျေးရွာနှင့် ကုံးစုံကျေးရွာအကြားတွင် ရောက်ရှိစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက်ပြတ် ဒဏ်ရာနှင့် ဘယ်ဘက်ခြေထောက်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...