Wednesday, June 26, 2024

မူဆယ်မြို့အမျိုးသမီး

မူဆယ်မြို့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ခြေထောက်ဖြတ်ခံရ

သျှမ်းပြည် ‌မြောင်းပိုင်း မူဆယ်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုမိုင်းနင်းမိရာမှ ဆေးကုသရန် ငွေကြေးအခက်အခဲကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မန်မိုင်ရွာတွင် ပြ မူလ တန်းကျောင်အနီးတွင် ပြီးခဲ့သည့်  (မေ ၂၁ ရက်) ညနေ ၆ နာရီဝန်းကျင် အမျိုးသမီးတစ်ဦးသည် အပေါ့အပါးသွားရာမှ‌ မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက် တဖက် ဖြတ် လိုက်ရကြောင်း လက်ဖက်ညွန့်လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ‌ပြောသည်။ “ အဲ့အမျိုးသမီးက အပေါ့သွားရင်း မြေမြုပ်မိုင်းနင်းမိတာပါ။ ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ညာဘက်ခြေထောက်ကလည်း မိုင်းစတွေနဲ့ ဒဏ်ရာပြင်းနေတယ်။” ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။  အဆိုပါ မြေမြုပ်မိုင်းနင်းမိသော အမျိုးသမီးသည် အသက် ၄၀ကျော် ရှိ မခိုင်ချိုဝင်းဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးမှ...

Latest news