Tuesday, January 27, 2026

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်း (ဝၢၼ်ႈၸိင်း) ကျေးရွာရှိ သုံးခွလမ်းဆုံတွင် မိသားစုမှ မွေးမြူထားသည့် နွားများ စားရန်အတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်ပြီး ပြန်လာသည့် အမျိုးသား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ သားအဖ (၂) ဦး ဒဏ်ရာရရှိကြောင်း မိုင်းနောင်ဒေသခံများက ပြောသည်။

“သူတို့မိသားစု နွားစာ မြက်သွားရိတ်တာ၊ ထော်လာဂျီနဲ့ ပြန်လာတဲ့အချိန် မိုင်းကွဲတာ။ တစ်ယောက်ကတော့ အဲ့မှာ ဆုံးသွားတယ်၊ ၂ ယောက်က ဒဏ်ရာရတယ်။ ပြန်လိုက်ကြည့်ရင် ရှော့မိုင်းလို့ပြောတာ၊ တစ်လုံးပဲ ကွဲတာ လမ်းနဲ့ တစ်လံလောက်ပဲ ခြားတယ်။ ဘယ်သူ့မိုင်းလဲတော့ မသိနိုင်ဘူး”ဟု ဖြစ်စဉ်သိရှိသူ မိုင်းနောင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နွားစာ မြက်ရိတ်ရင် မိုင်းနင်းမသိစဥ်

မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအနီး မိုင်းယန်း (မိူင်းယၢင်း)၊ ဝမ်ရွက် (ဝၢၼ်ႈယွတ်ႈ) နှင့် လဲချားသွားသည့် လွယ်တန်(လွႆတၢင်ႈ) သုံးခွလမ်းဆုံတွင် ထော်လာဂျီဖြင့် မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးသူသည် အသက် (၃၅)နှစ် အရွယ်ရှိ ကြာထီး ဆိုသူ ဖြစ်သည်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူများသည် အသက် (၃၆) နှစ်ရှိ လုံးငို့ နှင့် အသက်(၁၃)နှစ်ရှိ မိုးဒီ ဟု သိရသည်။

“သူ့အဖေက ခြေထောက်၊ လက်၊ ဗိုက်နဲ့ လက်ချောင်းတွေ ထိတယ်။ အခု ဝမ်ဟိုင်းကို ခေါ်သွားတယ်။ သူတို့(SSPP) ကုပေးမယ်ဆိုပြီးတော့ သားအဖကို အပေါ်ကို ခေါ်သွားပြီ။ ကလေးတော့ ဗိုက်မှာ ထိတယ်။ လောလောဆယ် ခြေထောက်ခွဲစိတ်ရင် အကြောထိမှာ စိုးရိမ်ရတယ်လို့ ပြောတယ်”ဟု ဖြစ်စဉ်သိရှိသူ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့်နေရာသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ထို့ပြင် SSPP တပ်ဖွဲ့ဘက်မှ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS တပ်ဖွဲ့၏ ရှော့တိုက်မိုင်းကြောင့် မိုင်းနောင်မြို့နယ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်ပွားရကြောင်း စက်တင်ဘာလ (၂၂) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မိုင်းနောင်မြို့ ဝမ်စိမ်းကျေးရွာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

အလားတူ ဩဂုတ်လ (၂၀) ရက်နေ့ကလည်း ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာ ဒေသခံများသည် တောင်ယာသွားရောက်စဉ် မြေမြှုပ်မိုင်း နှစ်ကြိမ်နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး အမျိုးသမီး (၁၀) ဦး အပါအဝင် စုစုပေါင်း (၂၀) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – မိုင်းနောင်မြို့ ဝမ်စိမ်းကျေးရွာမှ မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိ (ဓာတ်ပုံ-SSPP Info)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...