ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့် အရပ်သားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်) တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခဲလုံရွာသား ဗိုက်ထိဒဏ်ရာနဲ့ ပြင်ဦးလွင်ဆေးရုံမှာ မနေ့က သေဆုံးသွားတယ်၊ တောထဲမှာ စစ်ရှောင်ရင်း ပစ်ခံရတာ။ တောထဲမှာနေလဲ မလုံခြုံ၊ အိမ်ပြန်တော့လည်း မလုံခြုံဘူး။ ဒီနေ့တော့ ခဲလုံဘက် ငြိမ်သွားပေမယ့် နမ့်စော့ရွာမှာ ထိတွေ့မှုဖြစ်တယ်၊ နောင်ပိန်နဲ့ နည်းနည်းဝေးတယ်။ တောထဲ ရှောင်နေတဲ့ ခိုက်တုန်ဟုန်းနဲ့ နားအိုက်ခန့်ရွာဘက် အစားအသောက် ခက်ခဲကြတာ”ဟု နောင်ပိန်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲကြား သေနတ်ကျည် ထိမှန်သူမှာ ခဲလုံကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဦးထွန်းစိန် ဖြစ်ပြီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာဖြင့် ပြင်ဦးလွင်ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း နောင်ပိန်စစ်ဘေးရှောင်များထံမှ သိရသည်။

အလားတူ ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်) တွင် နောင်ပိန်တိုက်နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာသို့ တောထဲတွင် စစ်ဘေးရှောင်နေရသည့် အိမ်ထောင်စု (၂၀) ကျော် နေရပ်ပြန်ကြစဉ် အသက် (၃၀) ကျော်အရွယ် စိုင်းကျော်သိန်းသည် နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကာ ယနေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“မနေ့က နောင်ပြစ်ရွာ တောင်ယာဘက်မှာ စစ်သွားရှောင်နေတဲ့ ပြည်သူတွေ ရွာကို ပြန်လာလို့ရပြီ ဆိုပြီး အချို့ရွာသားတွေ ပြန်လာကြတယ်။ အဲ့ထဲ စိုင်းကျော်သိန်းက အိမ်ရှေ့ခြံဝန်းအကျော် မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတယ်။ ဘယ်ဆေးရုံမှ မပို့နိုင်ဘူး သေသွားတယ်၊ ရွာသားအကုန်လုံး ပြန်ထွက်ပြီ။ တစ်ရွာလုံး မီးလောင်ထားတာ ၂ အိမ်ပဲ ကျန်တယ်”ဟု အဆိုပါ နောင်ပိန်စစ်ဘေးရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ဩဂုတ်လ နောက်ဆုံးပတ်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ရွာထဲသို့ စစ်ဘေးရှောင်များကို ဝင်ခွင့်မပေးသေးဘဲ နောင်ပိန်၊ ဇီးပင်စခန်း၊ ပင်ပေါ၊ နောင်ပြစ်၊ လုံကြိမ်၊ မန်ကောင်း၊ ပင်တိန်နှင့် လုပ်ပါကျေးရွာများမှ ပြည်သူနေအိမ်ထဲရှိ တန်ဖိုးကြီးပစ္စည်းများ၊ ကားနှင့် ထော်လာဂျီများကို စစ်ကော်မရှင်တပ်သားများနှင့် ၎င်းနောက်လိုက်များက ဖောက်ထွင်းခိုးယူ‌နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် နောင်ပိန်ရွာထဲ တပ်စွဲထားသည့် စစ်ကော်မရှင်လက်အောက်ခံ တပ်မ-၁၁ သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကျောက်မဲမြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသည့် ခိုက်တုန်ဟုန်းရွာဘက်သို့ မြေပြင်စစ်ကြောင်းထိုး နေခြင်းကြောင့် ဒေသခံများ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ပြန်လည်ပြင်ဆင်ထားသည့် ဂုတ်တွင်းတံတားဘက်မှတဆင့် နောင်ပိန်တိုက်နယ်အတွင်း တပ်အချိန်းအပြောင်း ပြုလုပ်နေပြီး နောင်ပိန်ရွာထဲတွင် ဗျူဟာမှူးကိုယ်တိုင် အထိုင်ချကာ စစ်ရေးအမိန့်ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

EORE 5

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...