Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ် မြေမြုပ်မိုင်းဒဏ် မိသားစု(၃)ဦး ထိခိုက် တစ်ဦးသေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် မိသားစုလိုက် မြေမြုပ်မိုင်းနင်းမိပြီး အမျိုးသား သေဆုံးသွားကာ အမျိုးသမီးနှင့် ကလေး ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်တွင် မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် နေထိုင်သည့် မိသားစု (၃)ဦးသည် ကုန်းပေါင်းကျေးရွာသို့ လမ်းလျှောက်သွားရာ မြေမြုပ်မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူက သေဆုံးသွားပြီး၊ အမျိုးသမီး နှင့် ၃ နှစ် အရွယ် ကလေးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

မြေမြုပ်မိုင်းနင်းမိသည့် နေရာသည် မိုင်းကိုင်မြို့နယ် ပန်ကေတု ကျေးရွာနှင့် ပန္နင်းကျေးရွာကြား လူသွားလမ်းတွင် ဖြစ်ပွားခဲ့သည်။ ထိုနေရာသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

“ပန်ကေတု နဲ့ ပန္နင်းကြားမှာ နင်းမိတယ်။ မိုင်းနင်းမိတော့ အမျိုးသားက သေဆုံးသွားတယ်။ ကျန်နေတဲ့ အမျိုးသမီးနဲ့ ကလေးကတော့ ဒဏ်ရာရရှိခဲ့တယ်။ အခုတော့ သူတို့ကို ဆေးရုံပို့ထားပေးလိုက်တယ်။ ဆေးကုဖို့က ခက်ခဲနေတယ်” ဟု မိုင်းကိုင်မြို့နယ်အတွင်း ပရဟိတ လုပ်နေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြေမြုပ်မိုင်းကြောင့် အမျိုးသမီးသည် ဝမ်းဗိုက်နား ဒဏ်ရာရရှိခဲ့ပြီး ကလေးတွင် ခြေတလုံးဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်ရှိမှာ လွိုင်လင်ဆေးရုံတွင် ဆေးကုသနေကြပြီး ဆေးဖိုးအတွက် အခက်အခဲဖြစ်နေကြောင်း သွားရောက်ကူညီပေးသည့် ပရဟိတ အဖွဲ့ဝင် အမျိုးသားက ပြောသည်။

“ သူတို့ (၃)ယောက်လုံးက မိသားစုတွေဖြစ်တယ်။ အမျိုးသားက ဆုံးသွားတယ်။ ကလေးအမေက ဝမ်းဗိုက်နား ဒဏ်ရာရတယ်။ သူတို့ သားက ခြေတလုံးနား ဒဏ်ရာရထားတယ်။ မိုင်းကိုင်ဆေးရုံက မနိုင်တော့ အခု လွိုင်လင်ဆေးရုံ ပို့လိုက်ရတယ် ” ဟု ကူညီပေးနေသည့် အမျိုးသားက ဆိုသည်။

ယခုနှစ်အတွင်း မိုင်းကိုင်မြို့နယ်တွင် မိုင်းနင်းမိသူ စုစုပေါင်း (၅)ဦး ရှိနေပြီး သေဆုံးသွားသူ (၂)ဦး ရှိနေကြောင်း ဒေသခံများ သတင်ပေးချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...