ကျောက်မဲ မိုင်းနင်းမိ တစ်ရက်တည်း ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) တစ်ရက်တည်း မိုင်းနင်းမိမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။

ကျောက်မဲမြို့နယ် ပန်ဆန် ကျေးရွာနှင့် မန်ပင့်ကျေးရွာဒေသခံတို့ မိုင်းနင်းမိခဲ့တာဖြစ်ပြီး ပန်ဆန် ဒေသခံ တစ်ဦးနှင့် မန်ပင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ထံမှ သိရသည်။

“သူတို့ ၄ ယောက် နွားသွားရှာရင်း မိုင်းနင်းမိတာ။ မန်ပင့်ရွာနားက လက်ဖက်ခြံမှာဖြစ်သွားတာပါ။ ခွေးက ရှေ့ကနေ အရင်သွားပြီး နင်းမိတာ။ တစ်ယောက်က ဒဏ်ရာရပြီး ရွာကို သယ်လာတဲ့ချိန် ဆုံးသွားတယ်။ နောက်တစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ရှပ်ထိရုံလောက်ပဲ။ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ” ဟု မန်ပင့်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် လက်ဖက်ခြံသည် မန်ပင့်ရွာနှင့် ၂ မိုင်ခန့် ကွာဝေးပြီး ထို ၄ ဦးထဲမှ လုံးနောင့် ဆိုသူက ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာရရှိခဲ့ကာ ရွာသို့ သယ်လာစဥ် လမ်းတဝက်တွင် သေဆုံးသွားခဲ့တာဖြစ်ကြောင်း အဆိုပါ ဒေသခံ ထံမှ သိရသည်။

ထို့အပြင် မန်ပင့်ဒေသခံ အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ခြေထောက်တွင် မိုင်းစ စိုက်ဝင်ဒဏ်ရာ ရရှိထားပြီး ခွဲစိတ်ကုသရန်အတွက် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“တစ်ယောက်က ညာဘက် ဒူးခေါင်းအထက်နားမှာ ဒဏ်ရာ ရထားတယ်။ မိုင်းစ စိုက်ဝင်နေတာ။ အဲ့တာ ခွဲထုတ်ရမယ်လို့ ပြောတယ်။ ပြီးတော့ ဘယ်ဖက် ခြေဖျားမှာလည်း ဒဏ်ရာ ရထားတယ်။ ကျောက်မဲဆေးရုံက ခွဲစိတ်ဖို့ အဆင်မပြေလို့ လားရှိုးကို ပို့လိုက်ပြီ” ဟု ၄င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ မနက်ပိုင်းက ပန်ဆန်ကျေးရွာ ‌ဒေသခံ အသက် (၄၀)အရွယ် အမျိုးသား တစ်ဦး ရွာအပြင်ဘက်သို့ သွားစဥ် မိုင်းနင်းမိကာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ် တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးပတ်ဝန်းကျင်တွင် ယခုနှစ်အတွင်း မိုင်းပေါက်ကွဲမှု လတိုင်းနီးပါး ဖြစ်နေပြီး နေရပ်ပြန် စစ်ဘေးရှောင်များလည်း မိုင်းအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း စစ်ရှောင် တစ်ဦးက ပြောသည်။

“ခုဆို ရွာပြန်ပြီး ထင်းခွေသွားမယ်၊ လက်ဖက်ခူးသွားမယ်ဆိုလည်း သူတို့တွေ(လက်နက်ကိုင်တပ်) မိုင်းထောင်ထားမှာကို အရမ်းကြောက်တယ်။ မိုင်းထိတဲ့သူလည်း ရှိခဲ့တယ်လေ၊ ဒဏ်ရာရတာတွေရော ရှိတယ်” ဟု လွယ်ကုန်ကျေးရွာမှ အသက် ၁၀၁ နှစ်အရွယ်ရှိ အဘွားကမ်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...