Friday, May 3, 2024

နောင်ချိုမြို့ ဂုတ်ထိပ်တံတားအောက်တွင် ဒေသခံတစ်ဦးက မိုင်းနင်းမိ

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာနေထိုင်သည့် အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲသွားကျောင်းရာမှ မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန် ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ဂုတ်ထိပ်တံတားအောက် မိုင်းဆွဲထားသည့်နေရာကို ကျွဲသွားကျောင်းသည့် အသက် (၄၈) နှစ် အရွယ်ရှိ ဦးစိန်ဝင်းသည် မိုင်းနင်းမိရာ ဒူးပြတ်သွားကြောင်း နောင်ချို ပရဟိတ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချို ဂုတ်ထိပ်

“အဲ့ဒီတံတားအောက်မှာ မိုင်းဆွဲထားတယ်။ တံတားလုံခြုံရေးဆိုပြီးတော့ မိုင်းဆွဲထားတယ်။ သူ့ကျွဲအထဲဝင်သွားတော့ ကျွဲကိုသွားဆွဲရင်း မိုင်းနင်းမိသွားတာ။ ဒူးအောက်ပိုင်း ပြတ်ရှပြီး ဒဏ်ရာရသွားတယ်” ဟု နောင်ချိုမြို့နယ် ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ ထိုမိုင်းနင်းမိသည့် ကျွဲကျောင်းကို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ထိုဂုတ်ထိပ်တံတားအောက်တွင် မကြာခဏ မိုင်းနင်းမိသူများ ရှိကြောင်း ဒေသတွင်း ပရဟိတ ပြောပြချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article