ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ ဆယ်နှစ်အရွယ် (၂)ဦး မိုင်းနင်းမိ

ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း သတင်းသိရသည်။

“တစ်ယောက်က ၇ နှစ်၊ တစ်ယောက်က ၉ နှစ် ကလေးငယ်နှစ်ယောက်ပါ၊ သူတို့မြင်းပျောက်လို့ သွားရှာတာတဲ့၊ မြေမြုပ်မိုင်းနင်းမိပြီးတော့ နှစ်ယောက်လုံးက ဒဏ်ရာတော်တော်များများသွားတယ်၊ တစ်ယောက်က ဒဏ်ရာ စိုးရိမ်ရတဲ့ အခြေအနေပေါ့၊ အဲ့ကြောင့် လူမှုကူညီရေးအသင်းတွေကို ဖုန်းဆက်အကူညီတောင်းခဲ့ရတယ်” ဟု ပန်လင်ကျေးရွာမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် ကလေးငယ်နှစ်ဦးကို အိုမ်တမာ၀် လူမှုကူညီရေးအသင်းမှ သွားရောက် သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ်မှ တစ်ဆင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းသိရသည်။

ဒဏ်ရာရ ကလေးငယ်နှစ်ဦးသည် ကျေးလက်နေပြည်သူများဖြစ်သည့်အပြင် လက်လုပ်လက်စားမိသားစုဝင်များ လည်းဖြစ်သည့်အတွက် ဆေးကုသမှု ခံယူရန်လည်း အခက်အခဲများရှိနေကြောင်း အိုမ်တမာ၀် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့မိဘတွေလည်း လက်လုပ်လက်စားတွေပဲဆိုတာ့ ဒီကလေးငယ်တွေအတွက် ဆေးကုသမှုစားရိတ် အခက် အခဲတွေရှိနေပါတယ်၊ တစ်ရွာလုံးလိုလိုကလည်း လက်ဖက်ခြံနဲ့ ယာတောတွေ လုပ်တာပဲရှိတယ်ဆိုတော့ ချေးဖို့ ငှားဖို့က မလွယ်ဘူး၊ အလှူရှင်တွေ ရှိလာရင်ကောင်းတယ်” ဟု အိုမ်တမာ၀် လူမှုကူညီရေးအသင်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ကျောက်မဲမြို့နယ်အတွင်း နှင့် သီပေါမြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြေမြုပ်မှိုင်းများကြောင့်ဒဏ်ရာရရှိသူ (၁၁) ဦးရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် မြေပြင်တိုက်ပွဲများ ပြီးဆုံးသွားပါက တပ်ဆင်ထားသည့် မြေမြုပ်မိုင်းများ ပြန်လည်ဖြုတ်ပေးရန် နှင့် အဓိက ပြည်သူများ သွားလာလှုပ်ရှားမှုရှိသည့် နေရာများတွင် မြေမြုပ်မှိုင်းများ မထားရှိရန် ဒေသခံပြည်သူများက တောင်းဆိုနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...