Wednesday, January 28, 2026

စစ်ရေးတင်းမာတဲ့ လားရှိုးမြို့နယ်အီနိုင်းအုပ်စုမှာ ဒေသခံလူထု ဖမ်းဆီး ခံရ

သျှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့အနေအထားကနေ ရွာသားတွေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပါတယ်။

Photo by- သီပေါလူငယ် – ယခုလဆန်းပိုင်းက သီပေါရောက်စစ်ဘေးရှောင်တချို့

နို၀င်ဘာလ ၂၀ ရက်နေ့က ည ရ နာရီခန့်အချိန်မှာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု လူပျိုခေါင်းဆောင် စိုင်းမောင်ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကနေ ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာကနေ အဆက်အသွယ်မရတာကြောင့်ဆွေမျိုးမိဘတွေ စိုးရိမ်နေရကြောင်းသိရပါတယ်။

အီနိုင်းရွာသားတဦးကတော့ – စုံစမ်းမေးမြန်းဖို့ ဆိုပြီးလာခေါ်သွားတယ်။ ဘာအကြောင်းမေးမြန်းမှာလည်းမသိ။ သူပြန်လာမှဘဲသိရမှာပါ။ ပြန်လွှတ်လာမယ်လို့လည်း ပြောသွားပါတယ်– လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

အီနိုင်းအုပ်စုရဲ့ လူပျိုခေါင်းဆောင် ကိုဖမ်းဆီးသွားတာဟာ အီနိုင်းအုပ်စုမှာလှုပ်ရှားနေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ဖြစ်တယ်ဆိုပေမယ့် ဒီအကြောင်းနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေက အတည်ပြုတာမရှိသေးပါဘူး။

အီနိုင်းအုပ်စုဘက်မှာ အစိုးရတပ် ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နဲ့ SSPP/SSA တို့ပူးပေါင်းတပ်ဖွဲ့ အပြင် RCSS/SSA လည်းလှုပ်ရှားပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်ချိန်တုန်းကလည်း စစ်ရေးတင်းမာနေကြချိန် အီနိုင်းအုပ်စုဒေသခံတဦး သတ်ဖြတ်ခံရတဲ့အပေါ် RCSS/SSA ရဲ့လက်ချက်လို့သတင်းတွေထွက်နေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA ဘက်က ထုတ်ပြန်ထားတာ မရှိခဲ့ပါဘူး။

အီနိုင်းအုပ်စုဒေသခံတဦးကတော့ – ကျနော်တို့ရွာသားတွေကတော့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကမဆို လာတောင်းရင် ပေးရတယ်။ ဖြတ်သန်းသွားလာရင်လည်းထောက်ပ့ံတယ်ကူညီပေးရပါတယ်။ အစိုးရတပ်အပါအဝင်ပါဘဲ။ဒါပေမယ့် ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ကျနော်တို့ ရပ်ရွာကို လုံခြုံမှုမပေးတဲ့အပြင် ရွာသားတွေကို ဟိုဘက်ယိမ်းတယ် ဒီဘက်ယိုင်တယ် ဟိုဘက်အဖွဲ့အမာခံ ဒီဘက်အဖွဲ့အမာခံဆိုပြီးဖမ်းဆီးတယ်။ ကျနော်တို့ ရွာသားတွေအားလုံး ထိုင်းကိုဘဲထွက်ပြေးရအောင်လို့ ပြောနေကြတာ။– ဟု သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

နို၀င်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ RCSS/SSA တို့ နမ္မတူမြို့နယ် ကောင်းခါအုပ်စု နဲ့ ပန်လုံအုပ်စုကြား ပန်လုံရွာအနောက်ဘက် ၂ မိုင်လောက်အကွာမှာရှိတဲ့ လွယ်ဟန်းတောင်ကြောမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဘေးလွှတ်ရာကိုစစ်ဘေးတိမ်းရှောင်ခဲ့တာလည်းရှိခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

0
သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

0
စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET...

ရွာငံသို့ ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးလျှင် ဖမ်းဆီး

0
ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင် ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင်...

စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့်...

ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့...