စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့

ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့် မိဘ ဆွေမျိုး မိသားစုဝင်များက စိုးရိမ်နေကြကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က သုံးကောက်ဂျင် ကစားနေကြတာ၊ အိမ်မှာ အပျော်ဆော့နေကြသလိုမျိုးပေါ့နော်၊ အဲ့တာ ပျူစောထီးက သတင်းပေးလိုက်လို့ စစ်ကောင်စီက လာဖမ်းတာ၊ လာဖမ်းတဲ့ အချိန်မှာ တချို့က ရိုက်နှက်ခံရတယ်၊ အရိုက်ခံ ရတဲ့ တစ်ယောက် အခုဆေးရုံတင်ထားရတယ်၊ သူ့ကိုတော့ ဖမ်းမသွားဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်သား ၂၀ဦးခန့်သည် ဆိုင်ကယ် ၊ ကား တို့နှင့် ရောက်လာကြခြင်း ဖြစ်ပြီး သုံးကောင်ဂျင် ကစားနေကြသည့် အရပ်သားများကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထိုဝင်ရောက်ဖမ်းဆီးချိန်တွင်လည်း ရိုက်နှက် ကန်ကျောက်မှုများ လည်း ရှိသည့်အတွက် အမျိုးသား တစ်ဦးက ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးရုံတင်နေရသော်လည်း စစ်ကောင်စီ ဘက်မှ လာရောက်ကြည့်ရှု၊ တာဝန်ယူပေးမှုလည်း မရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ဖမ်းဆီးခံရသူများ နှင့် ပတ်သက်ပြီး အဆက်အသွယ်မရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ရွာငံမှာ အချုပ်ခန်းကနေ ကလောအချုပ်ထောင်သို့ လွှဲပြောင်းမယ်လို့ပြောသွားတယ်၊ လာဖမ်းတဲ့ အချိန်မှာ ရှိတဲ့ ပိုက်ဆံတွေကိုလည်း သူတို့အကုန်ယူသွားတယ်၊ မိသားစုဝင်တွေကတော့ ဖမ်းခံရတဲ့သူတွေအတွက် အရမ်းစိတ်ပူ နေကြတယ်၊ ဘယ်ကို လိုက်ရမှန်း မသိကြဘူး ” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောပါသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ ကျေးရွာ တော်တော်များများတွင်လောင်းကစားဝိုင်း ဦးဆောင် ဖွင့်လှစ်နေပြီး ကျောက်ဂူပြင်ကျေးရွာက အရပ်သားပြည်သူများ နေအိမ်တွင်း ဆော့ကစားသည့် လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်း၍ ကစားဝိုင်းငွေကြေးများနှင့် အရပ်သားပြည်သူများကိုပါ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ အလယ်ချောင်ကျေးရွာ နှင့် ငှက်သောက်ရွာရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ပြီး တချို့အိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ က မီးရှို့ဖျက်ဆီးမှုကြောင့် သျှမ်းပြည်မှ အရပ်သားပြည်သူ နေအိမ်ပေါင်း ၁၃၅ အိမ် ရှိနေပြီး ရွာငံမှ ၁၈ အိမ် ရှိနေကြောင်း Data for Myanmar က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...