Tuesday, January 27, 2026

စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့

ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့် မိဘ ဆွေမျိုး မိသားစုဝင်များက စိုးရိမ်နေကြကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က သုံးကောက်ဂျင် ကစားနေကြတာ၊ အိမ်မှာ အပျော်ဆော့နေကြသလိုမျိုးပေါ့နော်၊ အဲ့တာ ပျူစောထီးက သတင်းပေးလိုက်လို့ စစ်ကောင်စီက လာဖမ်းတာ၊ လာဖမ်းတဲ့ အချိန်မှာ တချို့က ရိုက်နှက်ခံရတယ်၊ အရိုက်ခံ ရတဲ့ တစ်ယောက် အခုဆေးရုံတင်ထားရတယ်၊ သူ့ကိုတော့ ဖမ်းမသွားဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်သား ၂၀ဦးခန့်သည် ဆိုင်ကယ် ၊ ကား တို့နှင့် ရောက်လာကြခြင်း ဖြစ်ပြီး သုံးကောင်ဂျင် ကစားနေကြသည့် အရပ်သားများကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထိုဝင်ရောက်ဖမ်းဆီးချိန်တွင်လည်း ရိုက်နှက် ကန်ကျောက်မှုများ လည်း ရှိသည့်အတွက် အမျိုးသား တစ်ဦးက ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးရုံတင်နေရသော်လည်း စစ်ကောင်စီ ဘက်မှ လာရောက်ကြည့်ရှု၊ တာဝန်ယူပေးမှုလည်း မရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ဖမ်းဆီးခံရသူများ နှင့် ပတ်သက်ပြီး အဆက်အသွယ်မရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ရွာငံမှာ အချုပ်ခန်းကနေ ကလောအချုပ်ထောင်သို့ လွှဲပြောင်းမယ်လို့ပြောသွားတယ်၊ လာဖမ်းတဲ့ အချိန်မှာ ရှိတဲ့ ပိုက်ဆံတွေကိုလည်း သူတို့အကုန်ယူသွားတယ်၊ မိသားစုဝင်တွေကတော့ ဖမ်းခံရတဲ့သူတွေအတွက် အရမ်းစိတ်ပူ နေကြတယ်၊ ဘယ်ကို လိုက်ရမှန်း မသိကြဘူး ” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောပါသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ ကျေးရွာ တော်တော်များများတွင်လောင်းကစားဝိုင်း ဦးဆောင် ဖွင့်လှစ်နေပြီး ကျောက်ဂူပြင်ကျေးရွာက အရပ်သားပြည်သူများ နေအိမ်တွင်း ဆော့ကစားသည့် လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်း၍ ကစားဝိုင်းငွေကြေးများနှင့် အရပ်သားပြည်သူများကိုပါ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ အလယ်ချောင်ကျေးရွာ နှင့် ငှက်သောက်ရွာရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ပြီး တချို့အိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ က မီးရှို့ဖျက်ဆီးမှုကြောင့် သျှမ်းပြည်မှ အရပ်သားပြည်သူ နေအိမ်ပေါင်း ၁၃၅ အိမ် ရှိနေပြီး ရွာငံမှ ၁၈ အိမ် ရှိနေကြောင်း Data for Myanmar က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...