ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နှစ်လကျော် ကြာသည်အထိ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

“စစ်သားတွေက စစ်ကြောင်းတော့ နေ့တိုင်းရှိတယ်၊ တရားခံကို ရှာတာလား သူတို့ကိစ္စရှိလို့လားတော့ မသိဘူး၊ ဖမ်းဆီးဖို့ရော အစီစဉ်ရှိလားတောင် မသိဘူး၊ ကြာလာတော့ လူတွေက မေ့ပျောက်လာကြတယ်၊ ဘယ်သူမှ အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိဘူး၊ ဒီတိုင်း မေ့ပျောက်သွားမှာ စိုးရိမ်တယ်။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သားများက တပင်ပျော်ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများတွင် တပ်စွဲထားပြီး စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ် လုပ်ဆောင်နေသောကြောင့် ဒေသခံများ ခြံမသွားရဲကြကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ထို့အပြင် တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသောကြောင့် ကျူးလွန်ခံရသူ မိသားစုဝင်နှင့် ဒေသခံများက စိတ်မချနိုင်သေးကြောင်းနှင့် တရားခံကို အမြန်ဆုံး ဖမ်းဆီးမှုများ အ‌လေးထား လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက တောင်းဆိုထားသည်။

“တရားခံက မမိသေးတော့ ရွာထဲမှာတောင် စိတ်ချ လက်ချမနေနိုင်သေးဘူး၊ ဘယ်ချိန်ပြန်လာပြီး ဒုက္ခပေးမလဲ စိုးရိမ်နေရတာ၊ ကျူးလွန်ခံရတဲ့ မိသားစုဝင်ဆို ပိုလို့တောင် စိတ်မချနိုင်သေးဘူး တစ်ခုခု ပြန်လာလုပ်မှာ စိုးရိမ်ရတယ်၊ဒီအမှုတောင် အလေးထား မဆောင်ရွက်ပေးနိုင်ရင် ဘယ်နား ယုံကြည်အားကိုးလို့ရတော့ မလဲ၊ စစ်တပ်ရှိလည်း ဘာမှမထူးဘူး ဆိုတာ ဖြစ်လာတယ်။”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က နယ်မြေစိုးမိုးထားပြီး ဒေသတွင်း လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုနှင့် မုဒိမ်းမှု ကိစ္စများကို ဥပဒေအရ အရေးယူ ဆောင်ရွက်မှုများ မလုပ်ပေးသောကြောင့် ဒေသခံများ အနေဖြင့် စစ်ကော်မရှင်တပ်အပေါ် ယုံကြည်မှု ကင်းမဲ့နေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က နယ်မြေစိုးမိုးထားသည့်အပြင် ကျေးရွာအတွင်းရှိ ပျူစောထီးခေါင်း‌ဆောင်များ ၊ စစ်ကော်မရှင်တပ် သတင်းပေးသူနှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို အမည်မသိလက်နက်ကိုင် အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...