Monday, May 6, 2024

ရွာငံသို့ ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးလျှင် ဖမ်းဆီး

Must read

ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင် ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရသည်။

သျှမ်းတောင်၊ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင် ငွေများ တောင်းခံနေပြီး မပေးလျှင် ဖမ်းဆီးထားကြောင်းသိရပါသည်။

ငွေတောင်းနေမှုတွင် ပမာဏ မတူပဲ အနည်းဆုံး ၂သောင်းနှင့် အများဆုံး ၅သောင်းကို တောင်းခံနေကြောင်း စုံစမ်းသိရှိရပါသည်။

“သူကအရင် လူမစစ်ဘူး။ ပိုက်ဆံတောင်းတယ်။ မပေးနိုင်ဘူးဆိုရင်တော့ လူစစ်တယ်။ ပြီးရင် အကြောင်းပြချက် မပေးပဲဖမ်းတယ်။ ၂ မျည်းစောင်းက လာတဲ့သူဆို ပိုဆိုး။ အရစ်ခံရပြီး ဖမ်းတယ်။” ဟု ခရီးသွား အမျိုးသားတစ်ဦးထံမှ သိရပါသည်။

ထိုသို့ ဖမ်းဆီး ငွေတောင်းနေမှုများ လုပ်နေတာကြောင့် ခရီသွားများကို အမှီပြု စီးပွားရှာနေကြသည့် စျေးသည်များက အခုလိုပြောပါသည်။

” ခရီးသွားတွေကို အားထားပြီး စျေးရောင်းနေရတယ်။ ဒီလိုတွေ စစ်ဆေး ဖမ်းဆီးနေတော့ ခရီးသွားတွေ သိပ်မလာတော့ဘူး။ လျော့လာတယ်။ ဝင်ငွေတွေ အဆင်မပြေတော့ဘူး။ ခရီးသွားတွေကို အားထားပြီး စီးပွားရှာလို့မရတော့ဘူး”ဟု စျေးသည် အမျိုးသမီးတစ်ဦးမှ ဆိုသည်။

စစ်ကောင်စီမှ အာဏာမသိမ်းခင်တွင် ရွာငံမြို့နယ်ရှိ သဘာဝ ရှုခင်းများဆီသို့ ခရီးသွားအများပြား လာရောက်လည်ပတ်ခဲ့ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခရီးသွားများ လာရောက်လည်ပတ်မှုနည်းလာကြောင်း စုံစမ်းသိရှိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article