ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ (၄၀) ကျော်ကို ဖုန်းနှင့်အတူ နေအိမ်၊ လမ်းမကြီးတလျှောက်တွင် TNLA တပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က သီပေါမှာ ဖုန်းသုံးလို့ဆိုပြီး လူငယ် ၄၀ ကျော် အဖမ်းခံရတာ၊ စံဖိတ်ရွာက ဖုန်းသုံးတဲ့လူတွေကို TNLA ဖမ်းသွားတာ အရွယ်စုံပဲ။ စံဖိတ်ရွာမှာ တချို့နေရာလည်း ဖုန်းလိုင်းရလို့ ဖုန်းပြောကြတာ ရှိတယ်။ ပေးမသုံးဘဲ တားထားတာကို ဖုန်းပြောလို့ဆိုပြီး ဖမ်းသွားတာ၊ တချို့လည်း ဖုန်းပြောပြီး အပြန်လမ်းမှာ ဖမ်းခံရတယ်”ဟု ဖြစ်စဉ်သိရှိသူ အသက် (၃၀) ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်အတွင်း အချို့နေရာများနှင့် သီပေါတံတားကြီး တစ်ဘက်ခြမ်း ကိုးကန့်တပ် MNDAA ထိန်းချုပ် နယ်မြေဘက်တွင် ဖုန်းလိုင်းများ ရရှိနေခြင်းကြောင့် ဒေသခံများ သွားရောက်၍ ဖုန်းပြောဆို ဆက်သွယ်ရာမှ အပြန်လမ်းတွင် TNLA ၏ ဖမ်းဆီးစစ်ဆေးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများထံမှ သိရသည်။

TNLA ၏ ဖမ်းဆီးခြင်းခံရသည့် စံဖိတ်ကျေးရွာမှ ဒေသခံ (၄၀) ကျော်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရှိရဘဲ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

TNLA

သီပေါမြို့နယ်တွင် ဖုန်းအသုံးပြုခြင်းကြောင့် ဒေသခံ ဖမ်းဆီးခေါ်ဆောင်ခံရမှုနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းထံ သတင်းတက်လာခြင်း မရှိသေးဘဲ စုံစမ်းဦးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အလားတူ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် တအာင်း(ပလောင်)လူမျိုးများကို အဓိကထား၍ TNLA မှ အတင်းအကြပ် တပ်သားစုဆောင်းနေပြီး သားသမီး အစားထိုးအဖြစ် မိဘများကိုပါ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာသစ်အုပ်စုဘက်မှာ သားသမီး နှစ်ယောက်၊ သုံးယောက်ရှိတဲ့ ပလောင်အိမ်တိုင်း TNLA က စစ်သားကောက်တယ်။ ကျား/မ မရွေး အကုန်ခေါ်နေတာ၊ သားတွေ အိမ်ခွဲနေလည်း အမေအို ခေါ်သွားတာမျိုး လုပ်တယ်”ဟု သီပေါဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

တပ်သားစုဆောင်းရေးနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီတပ်သား စုဆောင်းရေးနဲ့ ပတ်သက်ပြီး ကျမတို့က အွန်လိုင်းပေါ်မှာ ဖြန့်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကျမတို့ ကောက်ခံတဲ့ မူ၊ ပေါ်လစီအတိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားထားသည်။

အကယ်၍ မိဘပြည်သူများအနေဖြင့် TNLA ၏ တပ်သားစုဆောင်းရေး မူ၊ ပေါ်လစီနှင့် မကိုက်ညီဘဲ တပ်သားစုဆောင်းမှု ခံနေရပါက PRC ခေါ် ပြည်သူ့ဆက်ဆံရေးစင်တာမှ ဆက်သွယ်ပြီး တိုင်ကြားနိုင်ကြောင်း လွေးယေဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်ကလည်း ကျောက်မဲမြို့နယ်ရှိ ပင်ပေါ၊ လုံကြိမ်၊ ကျောင်းကုန်း၊ နောင်ပစ် စသည့် ကျေးရွာများမှ အမျိုးသမီး (၄) ဦး အပါအဝင် အရပ်သား (၁၆) ဦးကို ကျွန်းပင်ခုတ်သည်ဟု ဆိုကာ TNLA မှ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး နောင်ချိုမြို့ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...