သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွါးသဖြင့် အီနိုင်းအုပ်စုဒေသခံများ လားရှိုးမြို့နယ် မန်ဆူဘုန်းတော်ကြီးကျောင်းသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေကြောင်းသိရသည်။

Photo by SHAN/ လားရှိုးမြို့မန်ဆူဘုန်းကြီးကျောင်းသို့ အီနိုင်းရွာမှစစ်ရှောင်များ ရောက်ရှိ

အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှစပြီး အီနိုင်းအုပ်စုမှဒေသခံများ မန်ဆူဘုန်းတော်ကြီးကျောင်းသို့  တဖွဲဖွဲရောက် ရှိလာနေကြောင်း ရရှိထားသောစာရင်းအရ ၄၀၀ ဦးခန့်ရှိကြောင်း လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြောသည်။

“အီနိုင်းအုပ်စု အီနိုင်းရွာ ၊ နားဟာရွာ၊  ပန်ဟုန်းရွာ၊  ဝမ့်ပိန်း၊ ဝမ့်ဆစ်ပ်းဆာမ်လတ်းလို့ခေါ်တဲ့ ၁၃ မိုင်ရွာ ၊ ဆစ်ပ်းဟာလတ်းရွာက စစ်လေးရှောင်တွေဖြစ်ပါတယ်။ အီနိုင်းဘုန်းကြီးကျောင်းကနေအခု မန်ဆူဘုန်းကြီးကျောင်းကို  တိမ်းရှောင်ဖို့ရောက်လာကြတာဖြစ်တယ်။ ဒီကိုလာမယ့်လူတွေ ရထားတဲ့စာရင်းအရ  ၄၀၀ ကျော် ရှိပါတယ်။  အခု မန်မိုင် ရွာ သား ၂၀၀ ကျော်က အီနိုင်း အီနိုင်းခရိယာန်ကျောင်းမှာ ရှိနေတုန်းလို့သိရပါတယ်။ ” – ဟု စိုင်းဝမ်းလျန်းခမ်း ကသျှမ်းသံတော်ဆင့်အားပြောသည်။

Photo by SHAN/ လားရှိုးမြို့မန်ဆူဘုန်းကြီးကျောင်းသို့ အီနိုင်းရွာမှစစ်ရှောင်များ ရောက်ရှိ

မန်ဆူဘုန်းကြီးကျောင်းရောက်နေသော  စစ်ရှောင်များအား စစ်ရှောင်ကူညီရေးအဖွဲ့များ ၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ကလာရောက်ကြည့်ရှုအားပေးနေပြီး လိုအပ်သည်များ ကူညီစီစဉ်ပေးနေကြောင်းသိရသည်။

“အဖွားတို့က ပန်ဟုန်းရွာက လာတယ်။ သေနတ်သံကြားလို့ ရွာကနေထွက်လာတာ ၂ ရက်ရှိပြီ။ အီနိုင်းဘုန်းကြီးကျောင်းမှာလာခိုနေတာ။ ရွာမှာ ၂ ယောက် ၃ ယောက်ဘဲကျန်တယ်။ ဘာမှ မယူလာရဘူး။ ” – ဟု အသက် ၆၀ ဝန်းကျင်အမျိုးသမီးတဦးကပြောသည်။

မွန်းလွဲ ၂ နာရီအချိန်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ထို့အတွက်ရွာတွင်ကျန်နေသေးသူများလည်း ထပ်မံထွက်ပြေးလာနေကြောင်း စစ်ဘေးရှောင်များကပြောသည်။ လက်ရှိ မန်ဆူကျောင်းတိုက်သို့ တဖွဲဖွဲရောက်နေသည့်စစ်ဘေးရှောင် ၂၀၀ ကျော်မှာ အမျိုးသမီးနှင့် ကလေးငယ်အရေအတွက်ပိုမိုများပြားနေကြောင်းသိရသည်။

“ တိုက်ပွဲတွေမဖြစ်စေချင်ဘူး။  ကျနော်တို့ရွာသားတွေက လယ်ထဲမှာယူဖို့သီးနှံတွေ ရှိနေသေးတယ်။ မိုးရွာရင်အကုန်ပျက်စီးမှာ ။ မိုးမရွာဖို့ဘဲဆုတောင်းရမှာ။ ” – ဟုလည်း အီနိုင်းရွာသား တဦးကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့်  နမ္မတူမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွါးမှုကြောင့် ဒေသခံရွာသားများ နေရပ်မှစွန့်ခွါကာစစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။

လားရှိုးမြို့နယ် အီနိုင်းအုပ်စုအတွင်းစစ်ရေးတင်းမာမှုကြောင့် နေရပ်မှတိမ်းရှောင်သော စစ်ရှောင်များမှာ အီနိုင်းရွာမှ အိမ်ထောင်စု ၂၅ ခု မန်မိုင်ရွာမှ ၅၀ အိမ်ထောင်စု၊ နားဟ ရွာမှ ၄၂ စု ၊ ပန်ဟုန်းရွာနှင့် ၁၃ မိုင်ရွာမှအိမ်ထောင်စု ၂၇ စု ၊ စုစုပေါင်းလူဦးရေ ၆၆၀ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...