Thursday, April 25, 2024

စိုင်းဝမ်းလျန်းခမ်း

မြေယာနဲ့လူထုအခွင့်အရေးကို တစိုက်မတ်မတ် တိုက်ပွဲဝင်ပေးနေတဲ့ လားရှိုးကျားခေါင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်း

သျှမ်းပြည်မြောက်ပိုင်း မြို့တော်လို့ လူများသိထားတဲ့ လားရှိုးမြို့မှာ တိုင်းရင်းသားပါတီ တွေ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်မရခဲ့တဲ့ ပြည်သူ့လွှတ်တော် နေရာမှာ လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်းက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ စိုင်းဝမ်းလျန်းခမ်းဟာ ၂၀၁၅ ခုနှစ်က လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ အနိုင်ရခဲ့သူတဦးဖြစ်ပြီး လားရှိုးမြို့နယ် အတွင်း...

ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူ့စကားဝိုင်းတရပ် လားရှိုးတွင်ပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံလူထု လွှတ်တော် ကိုယ်စားလှယ်နှင့်အစိုးရ၏ဌာနဆိုင်ရာဝန်ထမ်းများ စကားဝိုင်းတရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇွန်လ ၁၅ ရက်နေ့က လားရှိုးမြို့ ပုန်းထွန်ရွာရှိ ဘုန်းကြီးကျောင်းတွင်အဆိုပါစကားဝိုင်းပြုလုပ်ခဲ့ခြင်းဖြစ်ရာ တက်ရောက်သူ ၂၀၀ ခန့်ရှိကြောင်း သိရပါသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့သည်။ ပုန်းထွန်အုပ်စုအတွင်းရှိ နမ့်ကတ်းရွာ၊ ပါဆာရွာ၊ နမ့်လူးခ်ရွာ တို့မှရွာသားများက...

လားရှိုးမြို့တွင် ဂေါက်ကွင်းအတွက်သိမ်းဆည်းထားသည့်မြေများမှ လူထုအားဖြတ်သန်းခွင့်မပြုသဖြင့် လယ်ယာသွားရန်အခက်တွေ့နေ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တပ်မှ သိမ်းဆည်းထားသည့်လယ်ယာမြေများ၏ အတွင်းပိုင်းကျသော ခြံမြေများသို့ လူထုအား သွားရောက်လုပ်ကိုင်စားသောက်ခွင့်မပြုသဖြင့် လူထုအခက်တွေ့နေရကြောင်း သိရသည်။ သံချပ်ကာတပ်ရင်း ၇၀၀၅ မှ ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းဆည်းထားသော ဟူးမွန်ကျေးရွာအုပ်စု ခေးခမ်းရွာသားများ၏ လယ်ယာ ခြံမြေများအားဖြတ်သန်းကာ (မသိမ်းရသေးသော) အတွင်းပိုင်းကျသည့် ခြံမြေများသို့ပါ ရွာသားများအား သွားရောက်စိုက်ပျိုး ခွင့်မပေးလိုသဖြင့်...

မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်

ဗဟိုရုံးချုပ်မှအကြံပေးလမ်းညွှန်မှုဖြင့် ကျားခေါင်းပါတီ  SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် တိုင်းမှ ပါတီအလုပ်အမှုဆောင်များက မိမိဒေသအတွင်း ဒေသခံလူထုနှင့်တွေ့ဆုံကာ မြေလွှတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်သည်များ ဆွေးနွေးရှင်းလင်းဖလှယ်မှုပြုခဲ့ကြကြောင်းသိရသည်။ လားရှိုးမြို့နယ် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - "တကယ်လို့ မြေလွှတ် မြေရိုင်းတွေကို တရားဝင် လျှောက်လွှာတင် တောင်းမယ်ဆိုရင်လူထုအနေနဲ့ ဘာအခွင့်အရေးတွေရမလဲ။ တကယ်လို့...

သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွါးသဖြင့် အီနိုင်းအုပ်စုဒေသခံများ လားရှိုးမြို့နယ် မန်ဆူဘုန်းတော်ကြီးကျောင်းသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေကြောင်းသိရသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှစပြီး အီနိုင်းအုပ်စုမှဒေသခံများ မန်ဆူဘုန်းတော်ကြီးကျောင်းသို့  တဖွဲဖွဲရောက် ရှိလာနေကြောင်း ရရှိထားသောစာရင်းအရ ၄၀၀ ဦးခန့်ရှိကြောင်း လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက...

မြေသိမ်းဥပဒေကြမ်းတွင် အားနည်းချက်များကြောင့် တောင်သူလယ်သမားများနစ်နာနိုင်ဟု SNLD ပြော

ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မြေယာဥပဒေကြမ်း နှင့်ပတ်သက်ပြီး ဆွေးနွေးရာ လူထုသဘောတူညီချက်မရသေးသဖြင့် အတည်မပြုသေးရန် ကျားခေါင်းပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကဆွေးနွေးတင်ပြသွားသည်။ သြဂုတ်လ ၈ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် SNLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ယခုလက်ရှိရေးဆွဲနေသည့် မြေယာဥပဒေများအစား ပြည်ထောင်စုမြေယာ ဥပဒေတစ်ရပ်ပေါ်ထွန်းရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း...

Latest news