လားရှိုးမြို့တွင် ဂေါက်ကွင်းအတွက်သိမ်းဆည်းထားသည့်မြေများမှ လူထုအားဖြတ်သန်းခွင့်မပြုသဖြင့် လယ်ယာသွားရန်အခက်တွေ့နေ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တပ်မှ သိမ်းဆည်းထားသည့်လယ်ယာမြေများ၏ အတွင်းပိုင်းကျသော ခြံမြေများသို့ လူထုအား သွားရောက်လုပ်ကိုင်စားသောက်ခွင့်မပြုသဖြင့် လူထုအခက်တွေ့နေရကြောင်း သိရသည်။

ဧပြီလ ၁၉ ရက် ခေးခမ်းရွာသားများ မြောင်းသွားဖို့သည့်ပုံနှင့် ဧပြီလ ၂၀ ရက် တပ်မှလုံခြုံရေးချကာ စက်ကြီးများဖြင့် မြောင်းပြန်တူးနေစဉ်

သံချပ်ကာတပ်ရင်း ၇၀၀၅ မှ ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းဆည်းထားသော ဟူးမွန်ကျေးရွာအုပ်စု ခေးခမ်းရွာသားများ၏ လယ်ယာ ခြံမြေများအားဖြတ်သန်းကာ (မသိမ်းရသေးသော) အတွင်းပိုင်းကျသည့် ခြံမြေများသို့ပါ ရွာသားများအား သွားရောက်စိုက်ပျိုး ခွင့်မပေးလိုသဖြင့် မြောင်းကျယ်ကြီးဖြတ်တူး ထားသည့်အပေါ် အဆိုပါမြောင်းအား ရွာသားများစုပေါင်းကာ သွားရောက်မြေဖို့ခဲ့ကြကြောင်း ခေးခမ်းရွာသား စိုင်းခမ်း က သျှမ်းသံတော်ဆင့်အားပြောသည်။

“ကျနော်တို့ရဲ့ အတွင်းပိုင်းကျတဲ့ခြံတွေမှာ သွားပြီး စိုက်ပျိုးမှာ။ အဲတာကို တပ်က ပေးမသွားချင်လို့ သူတို့သိမ်းထားတဲ့ ဒီအပြင်ပိုင်းကျတဲ့လယ်မြေတွေမှာ မြောင်းကြီးတူးထားတယ်။ ကျနော်တို့သွားလာရခက်လို့ မြောင်းတွေပြန်ဖို့ပေးဖို့ သွားပြီး တောင်းဆိုလည်း တပ်က ငြင်းတယ်။ အဲ့ကြောင့်ကျနော်တို့ ဧပြီလ ၁၉ ရက်နေ့က ခေးခမ်းရွာသား တွေ စုပြီးမြေသွားဖို့ကြတယ်။ အဲ့နေ့က သူတို့လာကြည့်သေးတယ် ဘာမှတော့မပြောရဲဘူး ရွာသား အင်အားများတာကိုး။ ၂၀ ရက်နေ့ကျမှ လုံခြုံရေးစစ်သားအင်အားကြီးချပြီး ဘက်ဟိုးကားကြီးတွေနဲ့ ရွာသားတွေပြန်ဖို့ထားတဲ့မြောင်းကို ပြန်သွားတူးတယ်။ အရင်ကမြောင်းထက်ပိုကျယ်တယ်သူတို့တူးထားတာ။ သွားလာရေးအတွက်အရမ်းခက်သွားတာပေါ့ “- ဟု သျှမ်း သံတော်ဆင့်အားပြောသည်။

ဂေါက်ကွင်းထပ်မံတိုးချဲ့ရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက စစ်တပ်က ဘူဒိုဇာ ကားကြီးများဖြင့် လူထုစိုက်ပျိုးလုပ်ကိုင်စားသောက်သောမြေများတွင်ထွန်ယက်မြေညှိနေသည်ကို ခေးခမ်း ရွာသားများက သွားရောက်တောင်းပန်ပြောဆိုရာ အမှတ် ၇၀၀၅ တပ်ရင်းမှ ဗိုလ်ကြီးငြိမ်းစည်သူအောင် ဆိုသူက ရွာသားများအားခေါ်ယူကာ ၄င်းထပ်မံထွန်ယက်နေသောမြေနေရာများသည် ပုံစံ ၁၀၅ ရှိပြီးသော ဂေါက်ကွင်းမြေများဖြစ်ကြောင်းပြောဆိုခဲ့သည်ဟုလည်း ရွာသားများကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး လွှတ်တော်အထိလည်း တင်ပြခဲ့ပြီးဖြစ်ကြောင်း ၊ သိမ်းဆည်းထားသည့်လယ်ယာမြေ များအား လူထုထံပြန်လည်စွန့်လွှတ်ပေးပါရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ကြောင်း၊ အလားတူ ခရိုင်အဆင့် တာဝန်ရှိများနှင့်လည်းတွေ့ဆုံပြီး လယ်ယာမြေများနှင့်အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စွန့်လွတ် ပေးပါရန် လက်မှတ်များရေးထိုးပြီး ပြည်နယ် ၊ ဗဟို အဆင့်ဆင့် ထံတင်ပြတောင်းဆိုထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“ဒီမြေတွေက တောင်သူတွေဘိုးစဉ်ဘောင်ဆက်လုပ်လာတဲ့မြေတွေဖြစ်တယ်။ တပ်က သိမ်းလိုက်တော့ လူထု နစ်နာရပါတယ်။ ကျနော်လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ပြောချင်တာက ပြည်သူတွေ အခက် အခဲရင်ဆိုင်နေတာကို မကြည့်ရက်ပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ တက်လာတဲ့အစိုးရ လုပ်ထားတဲ့ လယ်ယာ မြေ ပြန် စစ်ကော်မတီကလည်းအကောင်းဆုံး ဆုံးဖြတ်ထားပြီးသား။ တတ်နိုင်သလောက် ကျနော်တို့ ကူညီ ထားပြီးသား။ ဒါကိုတပ်က စွန့်လွှတ်နိုင်ခြင်းမရှိပါဘူး စသဖြင့်ပြောနေပါတယ်။ အမှန်ကတော့ ဒါ ပြည်သူကို ချစ်တဲ့ တပ်မတော်ဆိုရင် ပြည်သူတွေကိုငဲ့ညှာသင့်ပါတယ်။ အခက်အခဲရှိနေတဲ့ပြည်သူတွေကို လယ်ယာမြေ အမြန်ဆုံးပြန်လည်စွန့်လွှတ်ပေးသင့်တယ်လို့မှတ်ချက်ပေးလိုပါတယ်။ ပြည်သူတွေသွားလာဖို့လမ်းအတွက် လည်း ဒီနယ်မြေအတွင်းမှာရှိတဲ့သက်ဆိုင်ရာ နယ်မြေအတွင်းမှာရှိတဲ့ တိုင်း၊ပြည်နယ်အဆင့် တာဝန်ရှိသူတွေကနေ ကြိုးစားဖြေရှင်းပေးပါလို့ ကျနော်တောင်းဆိုလိုပါတယ်။ ”

လားရှိုးမြို့အရှေ့ဘက်ရှိ ဟူးမွန်အုပ်စု ခေးခမ်းကျေးရွာ တွင် ရွာသားများ၏ယာမြေ ဧကပေါင်း ၄၀၀ ကျော်ကို အမှတ် ရ၀၀၅ သံချပ်ကာ တပ်ရင်းက ၂၀၀၅ ခုနှစ်က တပ်ပိုင်မြေအဖြစ် အပိုင်သိမ်းယူခြံခတ်ခဲ့သည်။ ၄င်းနှင့်ပတ်သက်ပြီး ၂၀၁၈ ဇွန်လ ၂၀ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစီအစဉ်တွင် လားရှိုးခရိုင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ပြန်လည်စွန့်လွှတ်ပေးရန်တောင်းဆိုခဲ့သေးသည်။

တပ်က မစွန့်လွှတ်နိုင်ဟုဖြေကြားခဲ့သည့်အပြင် လက်ရှိတွင်လည်း လယ်သမားများအား ဖြတ်သန်းသွားလာခွင့်မပြုသဖြင့် ခေးခမ်းရွာသားလယ်သမားများ ထိုသို့ မြောင်းဖို့တောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...