Thursday, January 29, 2026

မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်

ဗဟိုရုံးချုပ်မှအကြံပေးလမ်းညွှန်မှုဖြင့် ကျားခေါင်းပါတီ  SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် တိုင်းမှ ပါတီအလုပ်အမှုဆောင်များက မိမိဒေသအတွင်း ဒေသခံလူထုနှင့်တွေ့ဆုံကာ မြေလွှတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်သည်များ ဆွေးနွေးရှင်းလင်းဖလှယ်မှုပြုခဲ့ကြကြောင်းသိရသည်။

Photo Credit to Sai Lern /လားရှိုး ခရိုင် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း နှင့်အဖွဲ့ ဒေသခံလူထုနှင့်တွေ့ဆုံ

လားရှိုးမြို့နယ် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက – “တကယ်လို့ မြေလွှတ် မြေရိုင်းတွေကို တရားဝင် လျှောက်လွှာတင် တောင်းမယ်ဆိုရင်လူထုအနေနဲ့ ဘာအခွင့်အရေးတွေရမလဲ။ တကယ်လို့ မတင်ဘူးဆိုပြန်တော့လည်း ပေးထားတဲ့အချိန် ၆ လ နောက်ပိုင်းကျရင် မြေပိုင်ရှင်ဟာ ဖမ်းဆီးခံရမယ် ။ ငွေဒဏ် ထောင်ဒဏ်ချခံရမယ်။ ဆိုတော့ဒီဥပဒေဟာ မြေပိုင်ရှင်တွေအတွက်ဘာအကျိုးမှမရှိခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ဘယ်လို၀ုိင်းဝန်းဖြေရှင်းကြမလဲဆိုပြီး လူထုနဲ့ကွင်းဆင်းတွေ့ဆုံတယ်။ တကယ်လို့ကြုံတွေ့လာခဲ့ရင် ကနဦးဘယ်လိုဖြေရှင်းရမလဲဆိုတာ တောင်သူလယ်သမားတွေသိသင့်တယ်။ ဒီမြေယာ ပြသနာတင်မက အခုဆိုရင် မြောက်ပိုင်းမှာ ရထားလမ်းပြသနာတခု ထပ်တိုးလာနေတယ်။ ဒါတွေကိုရှင်းလင်းပြောပြတာဖြစ်တယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo Credit to Sai Sarm / မိုင်းကိုင်မြို့နယ် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိန်း နှင့်အဖွဲ့ မိုင်းကိုင်ဒေသခံလူထုနှင့်တွေ့ဆုံသည့်ပုံ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်လည်း အလားတူ ကျားခေါင်းပါတီ SNLD ၏ လွှတ်တော်ကိုယ်စားလှယ်များက ကျေးလက်တွင်း လယ်ယာမြေပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း ၊ မြေစာရင်‌းဌာနမှ လယ်‌ယာ‌မြေလုပ်‌ပိုင်‌ခွင်‌့ လက်‌မှတ်‌ ပုံစံရလာ‌ရောက်‌လုပ်‌‌ပေးဖို့ ‌တောင်‌းဆိုခဲ့ကြောင်း၊ မြေစာရင်းဌာနကလည်း မြေပြင်‌ကွင်‌းဆင်‌း တိုင်‌းတာပြီး‌ဆောင်‌ရွက်‌‌ပေးမည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

Photo Credit to Loi Cherry /လင်းခေးမြို့နယ် SNLD လွှတ်တော်ကိုယ်စားလှယ်များ နှင့်အဖွဲ့ လင်းခေးဒေသခံလူထုနှင့်တွေ့ဆုံ

“ဝမ်‌တိန်‌း‌ကျေးရွာအုပ်‌စု၊ ၀မ့်ဟတ်ကျေးရွာအုပ်စုဘက် သွားပါတယ်။ မြေလွှတ် မြေရိုင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေအပြင် လူထုတောင်းဆိုခဲ့တဲ့ လမ်းတံတားခင်းရေးကိစ္စ၊ စိုက်ပျိုးရေးမှာရေရရှိရေးကိစ္စ တွေဆောင်ရွက်ပေးခဲ့ကြောင်းတွေရှင်းပြပါတယ်။ ၀မ့်ဟတ်မှာဆိုရင် အထကကျောင်း ၂ ထပ်ကျောင်းဆောင်လိုချင်တယ်၊ ကျောက်ချောလမ်းတွေလိုချင်တယ် စတာတွေတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဆက်လက်တင်ပြပေးဖို့အတွက်ကျနော်တို့မှတ်တမ်းရယူခဲ့ပါတယ် ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ကျားခေါင်းပါတီရဲ့မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ ၊ ရေအရင်းအမြစ်‌ဌာန ၊ ‌လယ်‌ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ‌ကျေးလက်‌‌ဒေသဖွံ့ဖြိုး‌ရေးဦစီးဌာန ၁၇ ရက်နေ့က ကွင်းဆင်းခဲ့ပါတယ်။ – ဟုလင်းခေးမြို့နယ်  ပြည်နယ် ၁ လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်မျိုးကျော် ကပြောသည်။

မြေလွှတ် မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ပြင်ဆင်ထားသည့် ဥပဒေသစ်ကို ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရက အတည်ပြုခဲ့ပြီး ၂၀၁၈ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အစိုးရက တရားဝင်ကြေငြာခဲ့သည်။ ၆ လအတွင်း မြေလွှတ် မြေလပ်နှင့်မြေရိုင်းများအား မလျှောက်ထားပါက မြေယာပိုင်ရှင်သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေကျပ် ၅ သိန်း သို့မဟုတ် ဒဏ် ၂ ရပ်လုံး ကျခံရမည်ဟုလည်း ပါရှိပါသည်။

Photo Credit to Sai San Main /ကျေးသီးမြို့နယ် SNLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်း နှင့်အဖွဲ့ ကျေးသီးဒေသခံများနှင့်တွေ့ဆုံ

“ကျနော်တို့အခုလို မြေလွှတ်မြေရိုင်းနဲ့ပတ်သက်ပြီး လူထုနဲ့ကွင်းဆင်းတွေ့ဆုံတာက ဒီအပေါ်လူထုဘယ်လိုမြင်သလဲ။ ဘယ်လောက်က ဆန့်ကျင်ကန့်ကွက်သလဲ စတာကို မှတ်တမ်းကောက်ယူပါတယ်။ ပြီးတော့ ဗဟိုကိုတင်ပြမယ်။ ဒီဥပဒေကို ပြန်လည်စီစစ်ပြီးပြင်ဆင်ပေးဖို့အတွက် နည်းလမ်းရှာပြီး အစိုးရကို ပြန်တင်ပြပေးဖို့ဖြစ်ပါတယ် – ဟု လည်း စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ပုံစံ ရ သည် မြေယာပေါ်တွင်လုပ်ကိုင်စားသောက်ခွင့်လက်မှတ်သာဖြစ်ကြောင်းသိရသည်။

ပုံစံ ရ နှင့်ပတ်သက်ပြီး ဖတ်ရှုရန် ….. https://burmese.shannews.org/archives/8623

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...