“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ “မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့် အစိုးရသစ်အတွက် ယုံကြည်မှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကြောင်းများ ဆွေးနွေးရန် တတ်သိပညာရှင်များ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားထားကြောင်း သိရသည်။

“ဖိုရမ်ကို လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ဖို့ ဖိတ်ထားတယ်။ နှစ်ရက်လုပ်မှာ၊ ခေါင်းစဉ် အသေးစိတ်တော့ မသိသေးဘူး။ မနက်ဖြန်ကျရင် လွှတ်တော်ထဲဝင်ဖို့၊ လွှတ်တော်ထဲက စက်ခလုတ်တွေ အသုံးပြုဖို့ သင်တန်းပေးမှာ ရှိတယ်” ဟု လင်းခေးမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန် မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန် ၂၀၂၅-၂၀၂၆ စစ်တပ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်၌ စုဝေးရောက်ရှိနေကြပြီး ယနေ့ (မတ်လ ၁၁ ရက်) နောက်ဆုံးထား သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးများကို မတ်လ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော်၊ မတ်လ ၁၈ ရက်တွင် အမျိုးသားလွှတ်တော်၊ မတ်လ ၂၀ ရက်တွင် ပြည်နယ်/တိုင်းလွှတ်တော် အသီးသီးတို့၌ ခေါ်ယူကျင်းပမည်ဖြစ်ပြီး စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြရန် ကြေညာထားသည်။

“ဒီနေ့ကတော့ ကိုယ်စားလှယ်တွေ ရောက်ရှိကြောင်း သတင်းပို့တာ နောက်ဆုံးရက်ပါ။ နေထိုင်ရေးအတွက် လွှတ်တော်ဘက်က တာဝန်ယူပေးထားတော့ အားလုံး အဆင်ပြေပါတယ်။ ကျားဖြူပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း နေပြည်တော်ကို အားလုံး ရောက်နေကြပြီ။ လွှတ်တော်စရင် အရင်ဆုံးတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ ရွေးရမှာပေါ့” ဟု စိုင်းဆေဟန် မှ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ သီပေါ၊ မိုးနဲ၊ လဲချား၊ ကျေးသီး၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ လင်းခေးမြို့နယ်များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိခဲ့သည်။

အလားတူ ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ်ပါတီ PNO မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂)ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် တစ်ဦးစီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ INLP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ‘ဝ’အမျိုးသားပါတီ WNP မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိထားသည်။

သျှမ်းပြည်အတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် (၃၈) မြို့နယ်တွင် တပ်တွင်းကြိုတင်မဲများဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ပြည်သူ့လွှတ်တော်အတွက် (၂၄) နေရာနှင့် အမျိုးသားလွှတ်တော်အတွက် (၅) နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...