စစ်သားသစ်ရရှိရေးအတွက် လဝကအချက်အလက်များကို အသုံးပြုရန် စစ်ကော်မရှင် ညွှန်ကြား

စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်စာရင်းကို တိကျစွာရရှိစေရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ၏ ဒေတာအချက်အလက်များကို အခြေခံ၍ မှတ်ပုံတင်ရန် ညွှန်ကြားလိုက်သည်။

ယမန်နေ့ (မေလ ၁၄ ရက်)က နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေး၌ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ထွန်းအောင်က နယ်မြေအလိုက် အင်အားအချက်အလက် အမှန်ရရှိရေးအတွက် လဝကဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စာရင်းပြုစုထားသူများကို အလှည့်ကျစနစ်ဖြင့် စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းပေးခဲ့ပြီး ဖြစ်ကာ စစ်မှုထမ်း ဆောင်နေသူများအနက် ၁၁၅ ဦးမှာ ထူးချွန်ဆုများနှင့် ဂုဏ်ထူးဆောင်လက်မှတ်များ ရရှိထားကြောင်း စစ်ကော်မရှင်က ဆိုသည်။

ထို့အပြင် စစ်မှုထမ်းကာလ ၂ နှစ် ပြည့်မြောက်သူများကို အစိုးရဝန်းထမ်းအဖြစ် ခန့်အပ်ခြင်းနှင့် အခြား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေပြီဖြစ်ကြောင်းလည်း စစ်ကော်မရှင်က ဝါဒဖြန့်ထားသည်။

သို့သော်လည်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ အဆိုအရ စစ်မှုထမ်းအပတ်စဉ် (၁) ကို အင်အား ၅,၁၀၀ ကျော်ဖြင့် စတင်ခဲ့သော်လည်း စစ်မှုထမ်းကာလ ၂ နှစ်ပြည့်၍ နေရပ်ပြန်နိုင်သူမှာ ၂,၀၀၀ ဝန်းကျင်သာရှိကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင် ဖော်ပြထားသည်။

ကျန်ရှိနေသည့် လူငယ် ၃,၀၀၀ ကျော်မှာ စစ်မြေပြင်တွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် တော်လှန်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံခြင်းများကြောင့် ပြုန်းတီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် စစ်မှုထမ်းအပတ်စဉ် တစ်ခုစီတိုင်းတွင် ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူများ ဖြစ်ကြောင်း ဆိုသည်။

စစ်မှုထမ်းဆောင်စဉ် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားသည့် လူငယ်များအတွက် ၎င်းတို့၏ မိသားစုများထံ အကြောင်းကြားခြင်းမျိုး မရှိသည့်အတွက် မိဘများမှာ သားသမီးများ၏ ကံကြမ္မာကို မသိရှိဘဲ စိုးရိမ်သောက ရောက်နေကြရကြောင်း MDSI က ထောက်ပြသည်။

လက်ရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၀ ကျော်အထိ တွက်ချက်ပါက အိမ်မပြန်နိုင်တော့သည့် လူငယ်ဦးရေမှာ ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ ရှိလာနိုင်ကြောင်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...