အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။

အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့် လိုက်လျောညီထွေသည့် ဖက်ဒရယ် ပြည်ထောင်စုကို စုပေါင်းတည်ထောင်နိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ (အောက်တိုဘာလ ၂၆ရက်) တွင် ကျရောက်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ တည်ထောင်မှု (၃၆) နှစ်ပြည့် ထုတ်ပြန်ချက်တွင် အထက်ပါ အတိုင်း ဖော်ပြခြင်း ဖြစ်သည်။

အွန်လိုင်းမှ ယနေ့ နံနက်ပိုင်း ကျင်းပသည့် ပါတီ (၃၆) နှစ်ပြည့် အခမ်းအနားတွင် ပါတီ ဥက္ကဌ ဉီးစိုင်းညွန့်လွင် က“အခုကာလမှာ ကပ်ရောဂါဘေးဒဏ်၊ စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စစ်လက်နက်ဒဏ်၊ မိုးပေါ်က ကျလာတဲ့ ဗုံးဒဏ်၊ မချစ်မနှစ်သက်သူတွေရဲ့ အုပ်ချုပ်ခြင်းကို ခံရတဲ့ဒဏ်၊ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်၊ ရန်သူမျိုးငါးပါးရဲ့ ဒဏ်၊ ဒဏ်ရာ ဒဏ်ချက်ပေါင်းများစွာကို ခံနေကြရတာဖြစ်ပါတယ်။ ဒါတွေဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖြစ်နေတာပါ” ဟု ထောက်ပြ ပြောဆိုသည်။

“ဒါကို တစ်နေရာထဲကွက်ပြီး ကောင်းအောင် လုပ်လို့ မရပါဘူး။ ကိုယ့်တစ်နေရာထဲ ကွက်ပြီးကောင်းနေလို့လည်း အဆင်မပြေနိုင်ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေရှင်းရမဲ့ ကိစ္စတွေ ဖြစ်နေတယ်ဆိုတာကိုလည်း ရှင်းလင်း ပြချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် မြန်မာပြည်မှာ ဘယ်လိုအာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရအောင် ကျနော်တို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အာဏာရှင်စိုးမိုးတဲ့ တိုင်းပြည်ကနေ ပြည်သူ့ကိုယ်စားလှယ်တွေ စိုးမိုး အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်လာအောင် ကြိုးစား အားထုတ်ကြတာ ဖြစ်ပါတယ်”ဟု ဦးစိုင်းညွန့်လွင် က ဆက်ပြောသည်။

ထို့အပြင် နိုင်ငံအနှံ့အပြားနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနေ ပြည်သူများ၊ ပါတီဝင်များအး နိုင်ငံရေးပါတီ အနေဖြင့် ကာကွယ် မပေးနိုင်၍ စိတ်မကောင်းဖြစ်ရပြီး စိတ်ဓာတ်ကြံ့ခိုင်ရန်၊ စည်းလုံးညီညွတ်ကြရန် ၎င်းက တိုက်တွန်းသည်။

လက်ရှိ သျှမ်းများ အနေဖြင့် စစ်ရေး၊ နိုင်ငံရေး ဘက်စုံ အကျပ်အတည်း ကြုံတွေ့နေရသည်ကို ဝန်ခံကြောင်း၊ နားလည်မှုရှိသည့် ညီညွတ်ရေး တည်ဆောက်ရမည့် ကာလဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ကို အကဲဖြတ်ရမည့် အချိန်အခါဖြစ်ကြောင်း ၎င်းကထောက်ပြသည်။

“ကျနော်တို့ဟာ ကိုယ်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသကို ထားခဲ့ပြီး ရှောင်ထွက်သွားလို့ မရနိုင်တဲ့အတွက် ဘယ်လိုပဲ ဒုက္ခပင်လယ် ဝေနေပါစေ ဇွဲသတ္တိနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို အရင်းပြုပြီး အဲ့ဒီအခက်အခဲ တွေကို ဖြတ်ကျော်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ပါတီ အနေနဲ့ ကိုယ့်ပါတီဝင်တွေ၊ ကိုယ့်မဲဆန္ဒရှင်တွေ၊ ကိုယ့်ကိုအားပေးထောက်ခံနေသူ တွေကို ဒီအတိုင်းပစ်ထားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ကတိပြုသည်။

အခမ်းအနား တက်ရောက်လာသည့် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကလည်း စစ်တပ်သည် လူတစု အကျိုး အတွက် အာဏာကို နည်းမျိုးစုံဖြင့် ရယူနေခဲ့ကြောင်း ပြောသည်။

“စစ်တပ်ဟာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး တောင်းဆိုတဲ့ တိုင်းပြည်ရဲ့ အခြေခံ နိုင်ငံရေး ပြဿနာ တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ နိုင်ငံရေးမှ စစ်တပ် ထွက်ခွာရေး၊ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအရ တည်ဆောက်ရေး အခုအချိန်အထိ ငြင်းပယ်ပြီး စစ်တပ် အာဏာတည်မြဲရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးချပြီး ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို လုံး၀ဥဿုံ စစ်ရေးအရ အင်အားအသုံးချပြီး ရက်စက် လူသားမဆန်စွာ ဖိနှိပ်သတ်ဖြတ်တဲ့ ဖက်ဆစ်စစ်တပ် ကျင့်စဉ်ကို ကျင့်သုံးနေပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်းစစ်ကာလရှည်ကြာသည်နှင့်အမျှ ပြည်ထောင်သားအချင်းချင်းကြား အတူယှဉ်တွဲနေထိုင်သည့် နိုင်ငံရေးစိတ်ဆန္ဒကောင်းများကိုပင် မှေးမှိန်ခမ်းခြောက်လုမတတ် တွန်းပို့လျက်ရှိရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှုအရ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရမည်ဟု SNLD ပါတီ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။

မတရားသဖြင့် လက်နက်ကိုင် အနိုင်ကျင့်မှုကို မလွဲမရှောင်သာ ဆန့်ကျင်တွန်းလှန် ရမည် ဆိုသော်လည်း တိုက်ခိုက်ရေး အောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေး အောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှ တည်ငြိမ်အေးချမ်းမှု အစစ်အမှန် ခံစားရမည်ဟု ဖော်ပြသည်။

ထို့အပြင် လူမျိုးရေးအစွန်းရောက် ကန့်သတ်ခွဲခြား ဆက်ဆံမှုများ မလုပ်ဆောင်မိရန် လိုအပ်ပြီး ပန်းတိုင်ဖြစ်သော တန်းတူညီမျှသည့် ပြည်ထောင်စု တည်ဆောက်ရေး မျက်ခြေမပြတ်ရန် အထူးလိုအပ်သည်ဟုလည်း တိုက်တွန်း ဖော်ပြထားသည်။

SNLD ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံတွင် နိုင်ငံရေးပါတီ အဖြစ် ထပ်မံ မှတ်ပုံတင်ခြင်း မပြုရန် ပါတီက တရားဝင် ဆုံးဖြတ်ထားသည်။

ယနေ့ ကျင်းပသည့် SNLD ပါတီ ၃၆ နှစ်ပြည့် အခမ်းအနားသို့ သျှမ်းအခြေစိုက် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ လူ့ဘောင်သစ်ပါတီ အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့များ တက်ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...