Tuesday, January 27, 2026

မြေသိမ်းဥပဒေကြမ်းတွင် အားနည်းချက်များကြောင့် တောင်သူလယ်သမားများနစ်နာနိုင်ဟု SNLD ပြော

ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မြေယာဥပဒေကြမ်း နှင့်ပတ်သက်ပြီး ဆွေးနွေးရာ လူထုသဘောတူညီချက်မရသေးသဖြင့် အတည်မပြုသေးရန် ကျားခေါင်းပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကဆွေးနွေးတင်ပြသွားသည်။

SNLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း

သြဂုတ်လ ၈ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် SNLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ယခုလက်ရှိရေးဆွဲနေသည့် မြေယာဥပဒေများအစား ပြည်ထောင်စုမြေယာ ဥပဒေတစ်ရပ်ပေါ်ထွန်းရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း မြေသိမ်းဥပဒေ၏ လိုအပ်ချက်များကို  အကြံပြုဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဒီဥပဒေကြမ်းကိုလူထုက သဘောမကျသေးတဲ့အတွက် အတည်မပြုသေးဖို့ ကျနော် တိုက်တွန်းခဲ့တယ်။ အစိုးရကလည်း နယ်ရှင်နယ်လဲန်ပေါ်လစီဆိုတာလုပ်သွားတယ်။ လူထုက အနည်းအကျဉ်းပါ၀င်ခွင့်ရ ထားတယ်။ ဒါပေမယ့် နယ်ရှင်နယ်လဲန်ပေါ်လစီကနေ နယ်ရှင်နယ်လဲန်လော (ပြည်ထောင်စုဆိုင်ရာ မြေယာဥပဒေ ) မထွက်သေးဘဲ ပင်မကြီးမရှိသေးဘဲ အကိုင်းလေးတွေကိုလာလုပ်နေပြီဆိုတော့ အကျိုးမရှိဘူး။ ဒါကြောင့် ဒီဥပဒေကြမ်းအသေးအမွှားလေးတွေကို အတည်မပြုသေးဖို့ တောင်းဆိုသွားတယ်။”

မြေယာသိမ်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး တွေ့ရသည့် အားနည်းချက် ၄ ချက်အား ဆွေးနွေးတင်ပြသွားကြောင်း စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“ပထမဆုံးချက်က လုပ်ထားတဲ့ မြေယာသိမ်းဥပဒေကြီးက ရေးထားတာကျယ်ပြန့်လွန်းတယ်။ ဥပမာ ပြည်သူ့အကျိုးအလို့ငှာ လို့ရေးထားတာလိုမျိုး။ အဲဒီစကားလုံးဟာဆိုရင်အရမ်းကိုကျယ်ပြန့်တယ်။ လိုရာ ဆွဲပြောလို့ရတဲ့စကားလုံးဖြစ်တယ် ။ လူထု၊ တောင်သူလယ်သမားတွေနစ်နာနိုင်တယ်။ ဒီဟာနဲ့ ပတ် သက်ပြီးကျနော် အန္ဒိယနိုင်ငံမြေယာဥပဒေကို ဥပမာထားပြီး သိမ်းထားတဲ့မြေမှာ ဆေးရုံ ဆေးခန်း လုပ်မလား အစိုးရရဲ့စက်ရုံဖွင့်ပြီး ၀င်ငွေတွေက လူထုအတွက် အထောက်ပ့ံပြုမယ့်ဟာမျိုး ဘဲဖြစ်စေချင်တယ်။ လူထုနဲ့မဆိုင်တဲ့တခြားလုပ်ငန်း လုပ်လို့မရဘူး။အဲလိုမျိုးဖြစ်စေချင်တယ်။”

“နောက်ဒုတိယတချက်ကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအခန်းကဏ္ဍမှာ ရှုပ်ထွေးများပြားလွန်းနေတယ်။ ဥပဒေရေးဆွဲရေး ၊ လွှတ်တော်ရေးရာမှာအားနည်းနေတယ်။ ဒါကြောင့် မြေယာသိမ်းတော့မယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်ကိုတင်ပြပေးပါ။ လွှတ်တော်က သဘောတူမှ သိမ်းခွင့်ရမယ် ဆိုတဲ့အချက်ရှိစေချင်တယ်ဆိုတာကိုလည်း ကျနော်ဆွေးနွေးသွားတယ်။ ”

“တရားစီရင်ရေးမဏ္ဍိုင်လည်း အားနည်းနေတယ်။ အသိမ်းခံရမြေယာပိုင်ရှင်တွေကနေ မြေယာတွေအသိမ်းခံရကြောင်း လွတ်လပ်စွာ ပြောခွင့်မရှိ်ဘူး။ ပြောခွင့်ပေးထားတဲ့အပိုင်းကလည်း လျော်ကြေးနဲနေတဲ့အပိုင်း ၊ ဧက မှားယွင်းနေတယ်ဆိုတဲ့အပိုင်းလောက်ဘဲပေးတယ်။ မတရားအသိမ်းခံရတယ်ဆိုတဲ့အပိုင်းကိုတော့ပြောခွင့်ပေးမထားဘူး။ အဲဒီအတွက်ပွင့်လင်းစွာပြောဆိုနိုင်ဖို့ အယူခံဝင်နိုင်ဖို့အတွက် အခွင့်အရေးပေးဖို့လည်းဆွေးနွေးသွားတယ်။”

“နောက်ဆုံးတခုက ပြစ်ဒဏ်ပေးတဲ့စနစ်နဲ့ပတ်သက်ပြီး ကျနော်တင်ပြသွားတယ်။ မြေယာအသိမ်းခံရ တောင်သူ လယ်သမားတွေ ဆန္ဒပြရင် ဖမ်းဆီးခံရတယ် ပြစ်ဒဏ်ပေးခံရတယ် ဆိုတဲ့အချက်ကိုကျနော်တို့အမြဲတမ်း ဆန့်ကျင်ကန့်ကွက်တယ်။ အသိမ်းခံရမြေမှာ မြေယာပိုင်ရှင်က သွားပြီးတော့ စိုက်ပျိုးလုပ်ကိုင်စားသောက် ရင်လည်း ၀တ္တရားနှောင့်ယှက်မှုတွေဘာတွေ နဲ့ စွဲချက်တင်တယ်။ ဒီအတွက် အသိမ်းခံရမြေယာတွေကို အထက်ကစီရင်ချက်မချသေးခင် ဆုံးဖြတ်ချက်မရသေးခင်အချိန်တွေမှာ မြေယာပိုင်ရှင်တွေကို လုပ်ကိုင် ခွင့်ပေးဖို့ ကျနော်တင်ပြခဲ့ပါတယ်။ ”

စစ်တပ်အုပ်ချုပ်ရေးကာလက သျှမ်းပြည်အနှံ့ ဒေသခံလယ်ယာမြေများအား အဓမ္မသိမ်းဆည်းမှုများရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်ကမူ စစ်တပ်မှ သိမ်းထားပြီးအသုံးမပြုဖြစ်သော လယ်ယာမြေများအား လူထုထံပြန်လည်ချပေးရန် ပြောဆိုခဲ့ဖူးသည်။ အသိမ်းခံရလယ်မြေအချို့လူထုထံ ပြန်လည်ပေးအပ်သော်လည်း ပြန်မပေးအပ်သည့်လယ်မြေ အများအပြားကျန် ရှိနေသေးသည့်အပြင် အသစ်ထပ်မံသိမ်း မှုလည်းရှိနေ ဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...