Tuesday, January 27, 2026

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး လုံးစိုင်းရွှေကြူးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနေ့မနက် ၄ နာရီလောက်ကအိမ်မှာပဲ ဆုံးသွားတာဗျ။ အသက်ကတော့ ၈၄ နှစ်ရှိပြီ။ သူလည်းအရင်တုန်းကတော့ လှုပ်ရှားခဲ့တော်တော်လေးရှိတယ်။ အခုတော့ အသက်ကြီးပိုင်း ရောက်လာတဲ့အခါကျတော့ သူလည်းနားနေရာပေါ့ဗျာ။ နောက်လည်းကျန်းမာရေးမကောင်းတော့ လူကြီးရောဂါပေါ့။ အခုကလူကြီးရောဂါနဲ့ဆုံးသွားတာ” ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တဲ့အခါ CRPP အဖွဲ့ဝင် SNLD စီအီးစီနဲ့ တွေ့ဆုံရှင်းလင်းစဉ်

ဦးစိုင်းတင်လှိုင်သည် SNLD အတွင်းရေးမှူးတာဝန်ကို (SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦး ထောင်တွင်းအကျဉ်း ကျချခံရစဉ်ကာလ) ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

“သူ(ဦးစိုင်းတင်လှိုင်) က ကျနော်တို့အတွက် ပြောရမယ်ဆိုရင် အဲ့အချိန်တွဲဖက်အတွင်းရေးမှူး အနေနဲ့ပေါ့။ ကျနော်တို့ပါတီရဲ့ ပေးအပ်တဲ့တာဝန်ကိုသူထမ်းဆောင်ခဲ့တယ်။ ၂၀၀၅ ကနေ ၂၀၁၂ နှောင်ပိုင်းအထိပေါ့။ နောက်ပိုင်းမှာတော့ လူကြီးတွေပြန်လာတဲ့အခါကျတော့ ကျနော်တို့အထွေထွေအတွင်းရေးမှူး လုံးစိုင်းနွတ် ဥက္ကဋ္ဌပြန်လာတဲ့ အချိန်ကျ သူလည်းနည်းနည်းအသက်ပိုင်းရတော့ နားနေခွင့်တောင်းတော့သူနားနေပါတယ်။ နောက်ပိုင်းတော့ ကျန်းမာရေးပေါ့ဗျာ။ လူကြီးရောဂါ လေဖြန်းတာတို့ ဘာတို့ဖြစ်တာပေါ့ဗျာ။ အဲ့ကနေ ဆုံးပါးသွားတဲ့အထိ လူကြီးရောဂါပါပဲ” ဟု လုံးစိုင်းရွှေကြူးက ပြောသည်။

ဦးစိုင်းတင်လှိုင်သည် SNLD အတွင်းရေးမှူးတာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူသာမက တွဲဖက်အတွင်းရေးမှူးတာဝန်ပါ ထမ်းဆောင်ခဲ့ပြီး လက်ရှိ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၏ အစ်ကိုလည်းဖြစ်သည်။

ဦးအောင်ရွှေ၊ ASSK၊ ဦးတင်ဦးတို့ ခွန်ထွန်းဦး အိမ်မှာ UNA အဖွဲ့နဲ့ လာတွေ့စဉ်

ဦးစိုင်းတင်လှိုင်၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို လာမည့် မေလ ၁၉ ရက်တွင် ရန်ကုန်မြို့၊ ရေဝေးသုဿာန်တွင် သင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း နီးစပ်သူများထံသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ရွေးကောက်ပွဲကိုပြန်လည်ကျင်းပရန် ၎င်းတို့ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် မှတ်ပုံပြန်တင်ခိုင်းရာ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ က မှတ်ပုံတင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းခြင်းခံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

NUG ထံ သဝဏ်လွှာပို့သည့် SSPP နှင့် ဖက်ဒရယ်အခြေခံဥပဒေ ထုတ်ပြန်လာသည့် SNLD ပါတီ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ချင်းအမျိုးသားတပ်ဦး...