NUG ထံ သဝဏ်လွှာပို့သည့် SSPP နှင့် ဖက်ဒရယ်အခြေခံဥပဒေ ထုတ်ပြန်လာသည့် SNLD ပါတီ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကချင်လွတ်လပ်ရေးတပ် (KIO/KIA) ၃ ဖွဲ့တို့ ပူးတွဲ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

၎င်းသဝဏ်လွှာထဲတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေးအချိန်၌ အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ချေမှုန်းကာ အကောင်အထည်ဖော် ဆောင်ရန် ပျက်ကွက်ခဲ့ကြသော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံသဘောတူညီချက်များ ကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။

အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဦးဆောင်ပါဝင်ပြီး အဖွဲ့ဝင် (၁၂)ပါတီ ရှိသည့် ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ (PRCF)မှလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ထုတ်ပြန်ကြေငြာလာသည်။

အာဏာရှင်စနစ် ပပျောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်ရန် ကျင့်သုံးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်ထားသော PRCF က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အထူးစုံညီ အစည်းအဝေး ကျင်းပပြီး ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

PRCF မှ ယခုထုတ်ပြန်လာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်၍ ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က လက်ခံအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကို ရေးဆွဲရာတွင်လည်း ၂၀၂၁ မတ်လအတွင်းက PRCF အနေဖြင့် ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါ်ထင်ထင် မပါဝင်ခဲ့သော သျှမ်းတပ် SSPP/SSA နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD ပါတီ)တို့သည် သဝဏ်လွှာနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အသီးသီး ထုတ်ပြန်လာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...