Tuesday, January 27, 2026

ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူ့စကားဝိုင်းတရပ် လားရှိုးတွင်ပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံလူထု လွှတ်တော် ကိုယ်စားလှယ်နှင့်အစိုးရ၏ဌာနဆိုင်ရာဝန်ထမ်းများ စကားဝိုင်းတရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Credit to – MP SaiOne Leng Kham- လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံလူထု လွှတ်တော် ကိုယ်စားလှယ်နှင့်အစိုးရ၏ဌာနဆိုင်ရာဝန်ထမ်းများ စကားဝိုင်းတရပ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်

ဇွန်လ ၁၅ ရက်နေ့က လားရှိုးမြို့ ပုန်းထွန်ရွာရှိ ဘုန်းကြီးကျောင်းတွင်အဆိုပါစကားဝိုင်းပြုလုပ်ခဲ့ခြင်းဖြစ်ရာ တက်ရောက်သူ ၂၀၀ ခန့်ရှိကြောင်း သိရပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့သည်။

ပုန်းထွန်အုပ်စုအတွင်းရှိ နမ့်ကတ်းရွာ၊ ပါဆာရွာ၊ နမ့်လူးခ်ရွာ တို့မှရွာသားများက -“ ပြောင်းခြံများပိုးဖျက်ခံ နေရသည့်ကိစ္စ၊ သစ်ပင်စိုက်ပျိုးမည့်နေရာကိစ္စ၊ လမ်းများချဲ့ဖောက်ပေးမည့်ကိစ္စ၊ အစိုးရစာသင်ကျောင်းများတွင် အဘက်ဘက် ပြည့်စုံမှုမရှိသေးသည့်ကိစ္စ၊ လျှပ်စစ်မီးကိစ္စနှင့် အိမ်ထောင်စုစရင်းကိစ္စ၊ လယ်ယာမြေများအား ပုံစံ ရ လုပ်ပေးရေးကိစ္စများ အစိုးရဘက်မှမည်သို့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အကြောင်း” – တင်ပြဆွေးနွေးခဲ့ ကြောင်းသိရသည်။

Photo Credit to – MP SaiOne Leng Kham- လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံလူထု လွှတ်တော် ကိုယ်စားလှယ်နှင့်အစိုးရ၏ဌာနဆိုင်ရာဝန်ထမ်းများ စကားဝိုင်းတရပ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်

စိုင်းဝမ်းလျန်းခမ်းက- “ဒီပြသနာတွေကို တခုချင်းစီလည်း သက်ဆိုင်ရာအာဏာပိုင်တွေကဖြေပေးသွားပါတယ်။ ပြောင်းတွေပိုးကျနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ တာဝန်ရှိတွေကွင်းဆင်းကြည့်ရှုမယ်၊ သစ်ပင် စိုက်ဖို့အတွက်ကလည်း ဒီ ၂ ပတ်အတွင်းမှာ တာဝန်ရှိသူတွေကွင်းဆင်းပြီး လယ်ယာမြေတွေကို တိုင်းတာပေး မယ်။ ပုံစံ ရ လုပ်ဖို့အတွက်ကျတော့ အမြန်ဆုံးလုပ်ပေးနိုင်အောင်စီစဉ်ပေးမယ်။ လမ်းတိုးချဲ့ဖို့တို့ လျှပ်စစ်မီးတို့ အတွက်ကျတော့ ဒါလည်းကွင်းဆင်းပြီးတော့ ကြည့်ရှုစစ်ဆေးမယ်လို့ဖြေသွားပါတယ်။”- ဟု သျှမ်းသံတော် ဆင့်အားပြောသည်။

အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင်လုပ်ဆောင်ရန်ခက်ခဲနေသော ဂေါ်ရခါးမိသားစုဝင်များအား တစ်လ တစ်ကြိမ် လဝက ရုံးသို့ လာရောက်ဆွေးနွေးကြရန်နှင့် ပုန်းထွန်အုပ်စုမှဒေသခံများအတွက်မူ One Stop Shop OSS တွင်အမြန်ဆုံးဆောင်ရွက်ပေးရန်စီစဉ်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်...