ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land တွင် ဖော်ပြထားသည်။

ထို့အပြင် တရုတ်ဘက်က ယခင်သတ်မှတ်ထားသည့် နယ်စပ်စည်းထက် မြန်မာဘက်အခြမ်းသို့ တိုးချဲ့ကာ အုတ်တံတိုင်းနှင့် ခြံစည်းရိုးအသစ်များ ခတ်ယူနေကြောင်း သိရသည်။

အလားတူ နယ်စပ်စည်းရိုး ကျူးကျော်ခတ်ယူမှုများကို ချင်းရွှေဟော်အပြင် လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း) နှင့် မူဆယ်မြို့များရှိ နယ်စပ်ဒေသများတွင်လည်း တွေ့ရှိနေရကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း MNDAA က သိမ်းပိုက်ခဲ့သည် ချင်းရွှေဟော်ဂိတ်သည် တရုတ်၏ ကြားဝင်စေ့ပ်မှုဖြင့် အပစ်ရပ်စဲပြီးနောက် ကုန်သွယ်ရေး ပြန်လည်စတင်နေသည့် အဓိကနေရာတစ်ခု ဖြစ်သည်။

သို့သော် နယ်မြေပိုင်နက် ကျူးကျော်ခံရမှု သတင်းများနှင့် ပတ်သက်၍ နယ်မြေစိုးမိုးထားသည့် MNDAA အပါအဝင် နေပြည်တော်ရှိ စစ်ကော်မရှင်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေကြသည်။

ထို့အပြင် စစ်ကော်မရှင်ဘက်က ပြည်တွင်း၊ ပြည်ပ မီဒီယာများအနေဖြင့် တရုတ်၏ ခြံစည်းရိုးခတ်မှုအပေါ် ဝေဖန်တိုက်ခိုက်ခြင်းမပြုရန် သတိပေးထားကြောင်းလည်း သိရသည်။

နယ်စပ်စည်းကျော်၍ ခြံစည်းရိုးခတ်မှုများသည် ယခုမှ စတင်ခဲ့ခြင်း မဟုတ်ပေ။

၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းက တရုတ်နိုင်ငံသည် ရောဂါကူးစက်မှု တားဆီးရန်ဟူသော အကြောင်းပြချက်ဖြင့် လောက်ကိုင်မြို့နယ်အတွင်းရှိ နယ်နိမိတ်ကျောက်တိုင် BP-131 အနီးတွင် မြန်မာပိုင်နက်ထဲသို့ မီတာ ၂၀၀ ခန့် ကျူးကျော်ကာ ခြံစည်းရိုး ခတ်ခဲ့ဖူးသည်။

ထိုစဉ်က ရောဂါကင်းစင်ချိန်တွင် ပြန်လည်ဖယ်ရှားပေးမည်ဟု တရုတ်ဘက်က ကတိပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ဖယ်ရှားခြင်းမရှိဘဲ ပိုမိုခိုင်မာအောင်ပင် ပြုလုပ်ထားကြောင်း ဒေသခံများက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) နှင့် ၂၀၁၉ ခုနှစ်တွင် ချင်းရွှေဟော် အမှတ် (၂) ရပ်ကွက်ရှိ နယ်နိမိတ်ကျောက်တိုင် BP-144 ဝန်းကျင်၌လည်း အလားတူ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ဖူးသည်။

သို့သော် ထိုစဉ်က အစိုးရလက်ထက်တွင် နယ်မြေတိုင်းတာမှုများဖြင့် အဖြေရှာနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ မြေပြင်၌ တရုတ်က ၎င်းစိတ်ကြိုက် နယ်မြေပုံဖော်နေခြင်းကို မည်သည့်အဖွဲ့အစည်းကမျှ လူသိရှင်ကြား ကန့်ကွက်နိုင်ခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...