ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး တစ်နှစ်ကျော်သည်အထိ နေရပ်မပြန်နိုင်ကြသေးပေ။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ကျောက်တောရွာနှင့် ညောင်ပင်သာကျေးရွာဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲကာ မြေပြင်မှာလည်း စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ဘေးရှောင် ၆၀၀ ဦး ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် အချိန်ကြာလာသည်နှင့်အမျှ အလှူရှင်နည်းပါးလာပြီး စားနပ်ရိက္ခာလုံလောက်မှုမရှိသောကြောင့် အခက်ကြုံနေရပြီး စစ်ကော်မရှင် စစ်ကြောင်းနှင့်တွေ့မည်စိုး၍ အလုပ်ရန် အခက်ခဲရှိနေကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်တွေကတော့ ပြန့်ကျဲနေကြတယ်၊ အလုပ်လုပ်ဖို့ကလည်း မလွယ်ဘူးလေ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံရတာ အသတ်ခံရတာတို့ ဖြစ်မှာစိုးလို့ သူတို့ခြံက သီးနှံတောင် ပြန်မခူးရဲကြဘူး။ စားဖို့မရှိတော့ ဆန်ပြုတ်သောက်ရတဲ့ နေ့တွေများလာတယ်။ အဟာရ ပြတ်လပ်တာတို့ ကြုံလာရတယ်။ကျမတို့အဖွဲ့ကလည်း တတ်နိုင်သလောက်တော့ ကူညီမှုလုပ်ပါတယ်။”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်ရှောင်အများစုမှာ သက်ကြီးရွယ်အိုနှင့် ကလေးများဖြစ်ကြပြီး အလုပ်လုပ်နိုင်သည့် အရွယ် အမျိုးသားနှင့် အမျိုးသမီးများက နေရပ်ပြောင်း၍ ကြုံရာအလုပ်လုပ်ကာ မိသားစုများကို ထောက်ပံ့နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ဆောင်းရာသီဖြစ်သောကြောင့် ရွာငံမြို့နယ်တွင် အအေးပိုလာသဖြင့် အဝတ်ထည်၊စောင်နှင့် နေရာထိုင်ခင်းများ အခက်ခဲရှိပြီး အချို့သော သက်ကြီးပိုင်းစစ်ရှောင်များသည် အအေးဒဏ်ကြောင့် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

“ရွာငံဘက်က အရမ်းအေးတာ ၊သူတို့ စစ်ရှောင်တာက တောထဲဆိုတော့ ပိုတောင်အေးသေးတယ်၊ နေရာထိုင်ခင်းတွေက အဆင်မပြေဘူး၊ သူတို့ပြေးလာတုန်းက အဝတ်တထည် ကိုယ်တစ်ခုပဲ၊ အနွေးထည်တွေ စောင်တွေလိုတယ်၊ စစ်ရှောင် သက်ကြီးပိုင်းဆို အရမ်းအေးတော့ ဆုံးသွားတာမျိုး ရှိတယ်။”ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ထပ်လောင်းပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က တောနှင့် နီးသည့် ကျေးရွာများတွင် လာရောက်တပ်စွဲထားပြီး တော်လှန်ရေးတပ်များကို လိုက်လံရှာဖွေနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကော်မရှင်တပ်က ရွာငံမြို့နယ် မြောက်ဘက် တောတောင်ဘက်သို့ စစ်ကြောင်းထိုးရာတွင် လှိုဏ်ဂူထဲတွင် ပုန်းအောင်းနေသော ကျောက်တောကျေးရွာမှ စစ်ရှောင်မိသားစု နှစ်စုကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ အဆက်အသွယ် ပြန်မရတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...