တန့်ယန်းမြို့
တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...
တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတပညာရေးကျောင်းတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေ
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့ ရပ်ကွက်(၉) ဝမ်ကောင်းတွင် ဖွင့်လှစ်ထားသည့် လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်နေသော မိဘမဲ့ကလေးများ၊ စစ်ဘေးရှောင်ကလေးများ စုစုပေါင်း (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့်...
တန့်ယန်းမြို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ စစ်ကောင်စီ စတင်ဖမ်းဆီး
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၈ ရက်) မှ စတင်ပြီး တန့်ယန်းမြို့ရှိ မြို့လယ်လမ်းမကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေခြင်းကြောင့်...
တန့်ယန်းမြို့နယ် UWSA (၁၇၁) စစ်ဒေသအောက်ရှိ တပ်မဟာ (၇၁၃) တပ်သားသစ်စုဆောင်း
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏...
တန့်ယန်းမြို့ ယမ်းသိုလှောင်သည့်နေအိမ် ပေါက်ကွဲမှုဖြစ် အရပ်သားထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ရပ်ကွက် (၂) ယမ်းသိုလှောင်သည့် နေအိမ် တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၃၀) ရက် နေ့လယ် ၁၂ နာရီခွဲကျော် တန့်ယန်းမြို့ ရပ်ကွက် (၂) နောင်ဖာလမ်း ရှိ အငှားအိမ်ခန်းတန်းလျား တွင် ယမ်းသိုလှောင်သည့်အခန်းမှ ပြင်းထန်သည့်ပေါက်ကွဲမှုတခုဖြစ်ပွားပြီး...
တန့်ယန်းမြို့ ယာဉ်တိုက်မှုကြောင့် ကလေး နှစ်ဦး သေဆုံး
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် တန့်ယန်းမြို့ ရပ်ကွက် (၆) ၊ မိုးဆန်းပန်း ပန့်ဆီဆိုင် အရှေ့တွင်...
“UWSA”တပ်သားများ တန့်ယန်းမြို့အတွင်း လက်နက်အပြည်စုံဖြင့် ပေါ်ပေါ်ထင်ထင်သွားလာနေ
သျှမ်းပြည် တန့်ယန်းမြို့အတွင်း UWSA ‘ဝ’ တပ်သားတို့သည် စစ်ဝတ်စုံနှင့်လက်နက် အပြည်အစုံဖြင့် ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်းကို ‘ဝ’တပ်ဖွဲ့ UWSA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဝင်ရောက် ထိန်းချုပ်ခဲ့ သည်။ ထိုသို့ ဝင်ရောက် ထိန်းချုပ်ပြီးနောက် လက်ရှိ တန်းယန်းမြို့အတွင်း၌...
မြန်မာငွေတန်းဖိုးဆက်တိုက်ကျဆင်းမှုကြောင့် တန့်ယန်းမြို့ တရုတ်ယွမ်းငွေ အသုံးပြုလာ
မြန်မာငွေတန်းဖိုးဆက်တိုက်ကျဆင်းလာမှုကြောင့် သျှမ်းပြည် တန့်ယန်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့် စျေးဆိုင်အချို့ တရုတ်ယွမ်းငွေများ စတင် သုံးစွဲလာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ နှစ် မြန်မာငွေဈေးနှုန်းများ ဆက်တိုက် ကျပြီးနောက်ကားရောင်းဝယ်သူများ နှင့် မြေကွက်များသည် တရုတ်ယွမ်ငွေများဖြင့်သာ ပေးချေကြောင်း၊ တရုတ်ယွမ်ငွေ လဲလှယ်သည့် ဆိုင်များလည်း ပို၍ပေါများလာကြောင်း တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက...
တန့်ယန်း အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည်ခေါ်ဆောင်ခံရ
သျှမ်းပြည် တန့်ယန်းမြို့တွင် နေထိုင်သည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည် ခေါ်ဆောင်ခံရပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သော အသက် ၁၃ နှစ်အရွယ် ရှိ...
ရှုပ်ထွေးတဲ့ နိုင်ငံရေးကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ
တောင်တန်းတွေ အကြားမှာ အရမ်းကို လှပတဲ့ ရောင်စုံပန်းတွေဟာ ပန်းဥယျာဥ်ခြံ အလား ထင်ရအောင် ဝေဝေဆာဆာ ဖူးပွင့်နေကြပါတယ်။ အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ ရောင်စုံ အလှပန်းများလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အလှပန်း စိုက်တဲ့ခြံမဟုတ်ဘဲ ဘိန်းစိုက်ခင်းတွေသာ ဖြစ်ပါတယ်။ ဘိန်းစိုက်ခင်း အဲ့ဒီ ရောင်စုံပန်းလို့ထင်ရတဲ့ ဘိန်းစိုက်ခင်းတွေဟာ...





