တန့်ယန်း အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည်ခေါ်ဆောင်ခံရ

သျှမ်းပြည် တန့်ယန်းမြို့တွင် နေထိုင်သည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည် ခေါ်ဆောင်ခံရပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်

ဖြစ်စဉ်မှာ မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သော အသက် ၁၃ နှစ်အရွယ် ရှိ မိန်းကလေးသည် မက်မန်းသီး သွားဝယ်မည်ဟုဆိုပြီး နေအိမ်မှ ထွက်သွားရာ ယနေ့ (မေ ၁၉) ရက်ထိ ပြန်မလာသေးကြောင်း ၎င်း၏ ဆွေမျိုးများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးနှင့်အတူ တန့်ယန်းမြို့တွင် မိန်းကလေးငယ် ၂ ဦးလည်း ပျောက်ဆုံးနေသည်။

“ အစကသွားတာ ၄ ယောက်ပေါ့။ အဲ့ဒီ ၄ ယောက်ထဲက တစ်ယောက်နဲ့ အဆက်သွယ်ရတာ။ သူပြောတာတော့ ၁ ယောက်ကတော့ မိုင်းပေါက်မှာ ရှိတယ်၊ ၂ ယောက်ကတော့ တာချီလိတ်မှာ အလုပ်လုပ်နေတယ်တဲ့။ နောက်တယောက်က ကလေးတွေကို ခေါ်သွားတာ။ ဖုန်းခေါ်ရင် သူတစ်ယောက်ထဲပဲ အမြဲတမ်း ဖုန်းကိုင်နေတယ်။အခုက ကလေးတွေကို လူကုန်ကူးသွားမှာ ကြောက်နေရတာ“ ဟု ၎င်းမှ နီးစပ်သူ အသိုင်းအဝိုင်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးကို ခေါ်ဆောင်သွားသည့် အမျိုးသမီးတစ်ဦးဟာ အသက် ၂၀ ဝန်းကျင် အေးဝမ်း (ခ) အေးဟွမ် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းက “ အကြောက်ဆုံးက အသက် ၂၀ နှစ် အနှိပ်ခန်းလုပ်ဖူးတဲ့ တစ်ယောက်ပဲ။ လူကုန်ကူးသွားမှာဘဲ ကြောက်နေရတယ်။ ခဏနေ ပန်ဆန်းမှာရှိတယ်၊ ဝိန်းကောင်မှာ ရှိတယ်၊ တာချီလိတ်မှာ ရှိတယ် ပြောနေတာ အဲ့ဒါကြောင့် သူ့စကားကို မယုံရဘူး ဖြစ်နေတယ်။ သူ့ကို ရဲတိုင်မယ်လို့ပြောတော့ သူက မကြောက်ဘူးတဲ့။ တိုင်ချင်တိုင် သူက ခေါ်လာတာ မဟုတ်ဘူး၊ ကလေးတွေက သဘောတူလို့ လိုက်လာတာလို့ ပြောနေတယ် “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပျောက်ဆုံးသွားသည့် ကလေးငယ်များဟာ အသက် (၁၃) နှစ်မှ (၁၄) နှစ် အရွယ်များ ဖြစ်ကြပြီး မှတ်ပုံတင်လည်း မရှိသည့်အတွက်ကြောင့် တာချီလိတ်၊ မိုင်းပေါက် စသည့် မြို့ပြကြီးထံသို့ သွားရောက်နိုင်ဖို့ အတွက် လမ်းခရီး၌ အခက်ခဲရှိသဖြင့် လက်ရှိ ကလေးငယ်များသည် တန့်ယန်းမြို့တွင် နေထိုင်လျက်ရှိကြောင်း ၎င်း၏ မိဘအသိုင်းအဝိုင်းမှ သုံးသပ်ထားသည်။

အလားတူ ကလေးပျောက်ဆုံးမှု အကြောင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်မှတစ်ဆင့် ဖုန်းနံပါတ်နှင့် ကြေညာခဲ့ပြီးနောက် ယမန်နေ့ ၁၇ ရက် ညပိုင်း၌ အမည်မသိ အမျိုးသားတစ်ဦးက ပျောက်ဆုံးနေသည့် ကလေးငယ်တစ်ဦးကို ကျပ်သိန်း (၂၀၀) ဖြင့် လူပြန်ရွှေးခိုင်းရန် ဖုန်းဆက် ခြိမ်းခြောက်လာခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...