Tuesday, January 27, 2026

တန့်ယန်းမြို့  ယမ်းသိုလှောင်သည့်နေအိမ် ပေါက်ကွဲမှုဖြစ် အရပ်သားထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့  ရပ်ကွက် (၂) ယမ်းသိုလှောင်သည့် နေအိမ် တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၃၀) ရက် နေ့လယ် ၁၂ နာရီခွဲကျော်  တန့်ယန်းမြို့ ရပ်ကွက် (၂) နောင်ဖာလမ်း ရှိ အငှားအိမ်ခန်းတန်းလျား တွင် ယမ်းသိုလှောင်သည့်အခန်းမှ  ပြင်းထန်သည့်ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အနီးအနား နေအိမ်များ ထိခိုက်ပျက်စီး သည့်အပြင် အရပ်သားများထိခိုက်ဒဏ်ရာရရှိ သွားသည်ဟု တန့်ယန်းမြို့နေ လူငယ်တစ်ဦးက ပြောသည်။

“ရပ်ကွက် ၂ မှာ ဗုံးကွဲတာ အသံကအကျယ်ကြီးပဲ၊ အိမ်တောင်တုန်တယ်၊ သွားကြည့်တဲ့ချိန်တော့ ဒဏ်ရာရတဲ့ လူရှိတယ်၊ ဒဏ်ရာရသူ အတိကျတော့မသိရသေးဘူး ၊ အခုတော့ လမ်းတွေပိတ်ထားတယ် ”  ဟု ထိုလူငယ်က သျှမ်းသံတော်ဆင့်သို့ ပြော သည်။ 

ထိုပေါက်ကွဲမှုသည် အငှားအိမ်တန်းလျားတွင်သိုလှောင်ထားရှိသော ယမ်းများဖြစ်ကြောင်း ပေါက်ကွဲသည်ဟု  တန့်ယန်း ဒေသခံ တစ်ဦးက ပြောသည်။

တန့်ယန်း ယမ်းသိုလှောင်နေအိမ်ပေါက်ကွဲ

“ယမ်းပေါက်ကွဲတာ၊ ကျောက်တွင်းတို့ ရွှေတွင်းတို့မှာ သုံးတဲ့ ယမ်းတွေပေါ့၊ သူတို့က ယမ်းတွေ ရောင်းဝယ်တာလေ ကျောက်လုပ်တဲ့လူတွေ တခြားသူတွေ ရောင်းပေးတာ”  – ဟု ၎င်းကပြောသည်။

ထိုယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ဉီးခန့်ရှိကြောင်း၊ သေဆုံးသူတစ်ဉီးလည်းရှိကြောင်း တန့်ယန်း ဒေသခံများပြောဆိုချက်အရသိရသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် အတည်မပြုနိုင်သေးပေ။ 

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ

0
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတပညာရေးကျောင်းတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

0
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့ ရပ်ကွက်(၉) ဝမ်ကောင်းတွင် ဖွင့်လှစ်ထားသည့် လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်နေသော မိဘမဲ့ကလေးများ၊ စစ်ဘေးရှောင်ကလေးများ စုစုပေါင်း (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့်...

တန့်ယန်းမြို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ စစ်ကောင်စီ စတင်ဖမ်းဆီး

0
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၈ ရက်) မှ စတင်ပြီး တန့်ယန်းမြို့ရှိ မြို့လယ်လမ်းမကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေခြင်းကြောင့်...

တန့်ယန်းမြို့နယ် UWSA (၁၇၁) စစ်ဒေသအောက်ရှိ တပ်မဟာ (၇၁၃) တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏...

တန့်ယန်းမြို့ ယာဉ်တိုက်မှုကြောင့် ကလေး နှစ်ဦး သေဆုံး

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် တန့်ယန်းမြို့ ရပ်ကွက် (၆) ၊ မိုးဆန်းပန်း ပန့်ဆီဆိုင် အရှေ့တွင်...