တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ

သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇) ဦးကို UWSA က ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တန့်ယန်းက လူပဲ မြို့ပေါ်ကော ရွာကလူကော ပါတယ်။ ဓားပြတိုက် ခိုးဆိုးလုနှိုက် လုပ်တဲ့အပြင် ကျားဖြန့်လုပ်တဲ့ တရုတ်တွေကို လိုက်ဖမ်းပြီး တခြားကျားဖြန့်အဖွဲ့ကို ပြန်ရောင်းတာ။ အဲ့အဖွဲ့ကလည်း တရုတ်အချင်းချင်း ပြန်ဝယ်ပြီး ငွေထပ်လိမ်ခိုင်းတယ်၊ အဲ့လို အဆင့်ဆင့် ပြန်ရောင်းကြတော့ လူကုန်ကူးသလို ဖြစ်တာပေါ့။ သူတို့ကို ‘ဝ’တပ်က ပြန်ဖမ်းတာ”ဟု တန့်ယန်းမြို့မှ အသက် (၃၀) ကျော်အရွယ် ဒေသခံအမျိုးသားက ပြောသည်။

လက်ရှိ ဖမ်းဆီးမှုနှင့် ပတ်သက်၍ UWSA ဘက်မှ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဖမ်းဆီးခံရသူများကို မည်ကဲ့သို့ အရေးယူထားကြောင်း သိရှိနိုင်ရန် ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

တန့်ယန်းမြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA က ယမန်နှစ် ၂၀၂၄ ဇူလိုင်လတွင် စစ်ကောင်စီ သဘောတူညီမှုဖြင့် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ‘ဝ’တပ်သားများသည် စစ်ဝတ်စုံ၊ လက်နက် အပြည့်အစုံ တပ်ဆင်ကာ ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားနေကြောင်း တန့်ယန်းဒေသခံများထံမှ သိရသည်။

“မြို့ထဲ ‘ဝ’စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ သွားလာနေတာ ဈေးထဲ၊ ရပ်ကွက်ထဲ နေရာတိုင်းပဲ။ စစ်ကောင်စီက လိုင်စင်မဲ့ကားတွေ ဖမ်းတာတောင် ‘ဝ’စစ်သားတွေကို မစစ်ရဲဘူး။ သူတို့အဲ့လို သွားလာနေတာတောင်မှ သူခိုး၊ ဓားပြတွေလည်း ပိုများလာတယ်”ဟု အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

‘ဝ’တပ်သားများ ထိုသို့သွားလာလှုပ်ရှားခြင်းကို အခွင့်ကောင်းယူပြီး မသမာသူများမှ UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သားအယောင်ဆောင်ပြီး ဓားပြမှု၊ လူကုန်ကူးမှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်နေခြင်းကြောင့် ဒေသခံများလည်း စိုးရိမ်ထိတ်လန့်မှု ဖြစ်ကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

တန့်ယန်းမြို့နယ်ထဲ ‘ဝ’တပ်ဖွဲ့ UWSA တပ်စွဲထားသည့် တစ်နှစ်ကျော်အတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို သုံးကြိမ်ထက်မနည်း ဖမ်းဆီးပြီး တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့သော်လည်း ပြည်သူ့စစ်ထိန်းချုပ် နယ်မြေများတွင် ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...