Tuesday, January 27, 2026

တန့်ယန်းမြို့နယ် UWSA (၁၇၁) စစ်ဒေသအောက်ရှိ တပ်မဟာ (၇၁၃) တပ်သားသစ်စုဆောင်း

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်း စုဆောင်းပေးရန် ပြောဆိုထားကြောင်း ဒေသခံများက ပြောဆိုသည်။

မေလ (၂၀) ရက် နောက်ဆုံးထား၍ တပ်သားသစ်များ စုဆောင်း၍ UWSA ထံ ပို့ဆောင်ပေးရန်နှင့် တပ်သားသစ်များ မစုဆောင်းပေးနိုင်ပါက ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ ‘ဝ’တပ်ဖွဲ့ စခန်းချနေထိုင်သည့် ဟုန်ပန်းစိုက်ပျိုးရေးခြံတွင် သွားရောက်ဖြေရှင်းပေးရန် အမိန့်ပေး ညွှန်ကြားထားကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားကောက်တာတော့ ဟုတ်တယ်၊ သေချာတယ်။ တစ်ရွာကို ဘယ်လောက်ကောက်တယ် ဆိုတာပဲ မသိရသေးတာ။ ရပ်ကွက်တိုင်း၊ ရွာတိုင်းကို လူသစ်တောင်းနေတာ။ ပြည်သူကတော့ သဘောမတူဘူး၊ လုံးဝ မထောက်ခံဘူး။ ဘာလို့လဲဆိုတော့ အဘက်ဘက်ကို ပေးကမ်းနေရတော့ ကြာလာတော့ မခံနိုင်တော့ဘူး ဝန်ထုပ်ဝန်ပိုး ဖြစ်တာပေါ့။ အခုကောက်တာ ၁၇၁ အောက်က”ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ပြောသည်။

တန့်ယန်းမြို့နယ်တွင် UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများမှ တပ်သားသစ်စုဆောင်းခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ စာပို့ဆက်သွယ်ခဲ့ရာ မေးမြန်းထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် တန့်ယန်းမြို့နယ်အတွင်း UWSA အနေဖြင့် စစ်မှုထမ်းတပ်သားသစ် စုဆောင်းခြင်း မပြုလုပ်ရန်နှင့် ဆက်ကြေး(အခွန်) မဆောင်ခိုင်းရန် ပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံ မေလဆန်းပိုင်းတွင် စာပေးပို့ကာ အကူအညီ တောင်းဆိုထားကြောင်း သိရသည်။

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ UWSA အတွက် တပ်သားသစ် မစုဆောင်းပေးနိုင်ပါက သွားရောက်ဖြေရှင်းခိုင်းသည့် ဟုန်ပန်းစိုက်ပျိုးရေးခြံသည် မြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည်။

ယမန်နှစ် ၂၀၂၄ ဇူလိုင်လ နောက်ဆုံးပတ်က ‘ဝ’တပ်ဖွဲ့ UWSA သည် စစ်အင်အား (၂၀၀၀) ခန့်ဖြင့် သံလွင်မြစ် အနောက်ခြမ်းသို့ ကူးလာကာ တန့်ယန်းမြို့သို့ ဝင်ရောက်နေရာယူခဲ့ပြီးနောက် ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ပြည်သူ့စစ်အဖွဲ့၏ နယ်မြေဟောင်းများတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီ၏ သဘောတူညီမှုဖြင့် တန့်ယန်းမြို့နယ်သို့ ဝင်ရောက်လာသည့် ‘ဝ’တပ်ဖွဲ့များသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း အခြေစိုက်သည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ တပ်ရင်းများဖြစ်ပြီး နောက်ပိုင်းတွင် (၁၇၁) စစ်ဒေသအောက် တပ်မဟာ (၇၁၃) အဖြစ် ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သျှမ်းပြည်စစ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။

တန့်ယန်းမြို့

၂၀၂၅ မေလဆန်းပိုင်းမှ စတင်၍ UWSA အခြေချတပ်စွဲထားသည့် ယခင် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေများမှ ကျေးရွာအုပ်စုများ၊ တန့်ယန်း – လားရှိုး ဆက်သွယ်ထားသည့် ကားလမ်းမနှင့် တန့်ယန်း-ပန်ဆန်း ကားလမ်းမ မြောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းပေးရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တန့်ယန်းမြို့ အနီးတဝိုက် ပတ်ပတ်လည်ရှိ အရေးပါသည့် နေရာအားလုံးတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ အသွားအလာ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“အခု အခြေအနေကြည့်ရတာ ‘ဝ’ကလည်း တပ်ဆုတ်မယ့်ပုံမပေါ်ဘူး။ တန့်ယန်းမြို့ရဲ့ လေးဘက်လေးတန် အရေးပါတဲ့ နေရာအကုန်လုံးမှာ သူတို့ပဲ တပ်စွဲထားတယ်၊ ဂိတ်တွေထောင်ထားပြီး အသွားအလာ စစ်တယ်။ ပိုက်ဆံကောက်တာတော့ မရှိပေမယ့် စစ်မေးတာတော့ ရှိတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ ၂၀၂၄ စက်တင်ဘာလ အတွင်းကလည်း တန့်ယန်းမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA မှ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း ကောက်ခံခဲ့ပြီး စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းခဲ့ကြောင်း တန့်ယန်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်လည်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ FPNCC ဥက္ကဋ္ဌဖြစ်သည့် UWSA ဌာနချုပ် ပန်ဆန်းမြို့သို့ SSPP/SSA နှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်ကာ လက်ရှိ သျှမ်းမြောက်ပြဿနာများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...