တန့်ယန်းမြို့နယ် UWSA (၁၇၁) စစ်ဒေသအောက်ရှိ တပ်မဟာ (၇၁၃) တပ်သားသစ်စုဆောင်း

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်း စုဆောင်းပေးရန် ပြောဆိုထားကြောင်း ဒေသခံများက ပြောဆိုသည်။

မေလ (၂၀) ရက် နောက်ဆုံးထား၍ တပ်သားသစ်များ စုဆောင်း၍ UWSA ထံ ပို့ဆောင်ပေးရန်နှင့် တပ်သားသစ်များ မစုဆောင်းပေးနိုင်ပါက ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ ‘ဝ’တပ်ဖွဲ့ စခန်းချနေထိုင်သည့် ဟုန်ပန်းစိုက်ပျိုးရေးခြံတွင် သွားရောက်ဖြေရှင်းပေးရန် အမိန့်ပေး ညွှန်ကြားထားကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားကောက်တာတော့ ဟုတ်တယ်၊ သေချာတယ်။ တစ်ရွာကို ဘယ်လောက်ကောက်တယ် ဆိုတာပဲ မသိရသေးတာ။ ရပ်ကွက်တိုင်း၊ ရွာတိုင်းကို လူသစ်တောင်းနေတာ။ ပြည်သူကတော့ သဘောမတူဘူး၊ လုံးဝ မထောက်ခံဘူး။ ဘာလို့လဲဆိုတော့ အဘက်ဘက်ကို ပေးကမ်းနေရတော့ ကြာလာတော့ မခံနိုင်တော့ဘူး ဝန်ထုပ်ဝန်ပိုး ဖြစ်တာပေါ့။ အခုကောက်တာ ၁၇၁ အောက်က”ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ပြောသည်။

တန့်ယန်းမြို့နယ်တွင် UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများမှ တပ်သားသစ်စုဆောင်းခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ စာပို့ဆက်သွယ်ခဲ့ရာ မေးမြန်းထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် တန့်ယန်းမြို့နယ်အတွင်း UWSA အနေဖြင့် စစ်မှုထမ်းတပ်သားသစ် စုဆောင်းခြင်း မပြုလုပ်ရန်နှင့် ဆက်ကြေး(အခွန်) မဆောင်ခိုင်းရန် ပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံ မေလဆန်းပိုင်းတွင် စာပေးပို့ကာ အကူအညီ တောင်းဆိုထားကြောင်း သိရသည်။

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ UWSA အတွက် တပ်သားသစ် မစုဆောင်းပေးနိုင်ပါက သွားရောက်ဖြေရှင်းခိုင်းသည့် ဟုန်ပန်းစိုက်ပျိုးရေးခြံသည် မြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည်။

ယမန်နှစ် ၂၀၂၄ ဇူလိုင်လ နောက်ဆုံးပတ်က ‘ဝ’တပ်ဖွဲ့ UWSA သည် စစ်အင်အား (၂၀၀၀) ခန့်ဖြင့် သံလွင်မြစ် အနောက်ခြမ်းသို့ ကူးလာကာ တန့်ယန်းမြို့သို့ ဝင်ရောက်နေရာယူခဲ့ပြီးနောက် ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ပြည်သူ့စစ်အဖွဲ့၏ နယ်မြေဟောင်းများတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီ၏ သဘောတူညီမှုဖြင့် တန့်ယန်းမြို့နယ်သို့ ဝင်ရောက်လာသည့် ‘ဝ’တပ်ဖွဲ့များသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း အခြေစိုက်သည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ တပ်ရင်းများဖြစ်ပြီး နောက်ပိုင်းတွင် (၁၇၁) စစ်ဒေသအောက် တပ်မဟာ (၇၁၃) အဖြစ် ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သျှမ်းပြည်စစ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။

တန့်ယန်းမြို့

၂၀၂၅ မေလဆန်းပိုင်းမှ စတင်၍ UWSA အခြေချတပ်စွဲထားသည့် ယခင် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေများမှ ကျေးရွာအုပ်စုများ၊ တန့်ယန်း – လားရှိုး ဆက်သွယ်ထားသည့် ကားလမ်းမနှင့် တန့်ယန်း-ပန်ဆန်း ကားလမ်းမ မြောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းပေးရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တန့်ယန်းမြို့ အနီးတဝိုက် ပတ်ပတ်လည်ရှိ အရေးပါသည့် နေရာအားလုံးတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ အသွားအလာ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“အခု အခြေအနေကြည့်ရတာ ‘ဝ’ကလည်း တပ်ဆုတ်မယ့်ပုံမပေါ်ဘူး။ တန့်ယန်းမြို့ရဲ့ လေးဘက်လေးတန် အရေးပါတဲ့ နေရာအကုန်လုံးမှာ သူတို့ပဲ တပ်စွဲထားတယ်၊ ဂိတ်တွေထောင်ထားပြီး အသွားအလာ စစ်တယ်။ ပိုက်ဆံကောက်တာတော့ မရှိပေမယ့် စစ်မေးတာတော့ ရှိတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ ၂၀၂၄ စက်တင်ဘာလ အတွင်းကလည်း တန့်ယန်းမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA မှ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း ကောက်ခံခဲ့ပြီး စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းခဲ့ကြောင်း တန့်ယန်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင်လည်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ FPNCC ဥက္ကဋ္ဌဖြစ်သည့် UWSA ဌာနချုပ် ပန်ဆန်းမြို့သို့ SSPP/SSA နှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်ကာ လက်ရှိ သျှမ်းမြောက်ပြဿနာများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...