Tuesday, January 27, 2026

တန့်ယန်းမြို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ စစ်ကောင်စီ စတင်ဖမ်းဆီး

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၈ ရက်) မှ စတင်ပြီး တန့်ယန်းမြို့ရှိ မြို့လယ်လမ်းမကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေခြင်းကြောင့် မြို့တွင်းအသွားအလာမရှိဘဲ တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“စာထွက်ထားတာတော့ ၁၈ ရက်နေ့ရယ်၊ ၂၁ ရက်နေ့ရယ် နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ လို့တွေ့တယ်။ ဖမ်းမယ့် အကြောင်းရင်းကတော့ ဘာမှ မပြောဘူး။ ဖမ်းတဲ့ နေရာက မြို့လယ်လမ်းမကြီးမှာ သူတို့ စောင့်တယ်၊ မနေ့ကတော့ တစ်နေရာပဲ တွေ့တယ်။ ဖမ်းသွားတဲ့ ဆိုင်ကယ်တွေ ရဲစခန်းထဲမှာ အပြည့်ပဲလို့ ပြောတယ်”ဟု တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်းမြို့တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရေး အစီအမံကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ လိပ်မူပေးပို့သည့် စာသည် ဖမ်းဆီးမှုမတိုင်ခင် လူမှုကွန်ရက်ပေါ် ကြိုတင်ပျံ့နှံ့လာခဲ့ခြင်းကြောင့် မြို့တွင်းအသွားအလာ နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

လူမှုကွန်ယက်ပေါ် ပျံ့နှံလာသည့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေး အစီအမံတွင် ဇွန်လ ၁၈ ရက်နှင့် ၂၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ စစ်ဆေးဖမ်းဆီးမည့် အချိန်များ ဖော်ပြထားသည်။

ထို့အပြင် တန့်ယန်းမြို့ပေါ် ရပ်ကွက်များအတွင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ် အရောင်းပြခန်းနှင့် ဆိုင်နေရာများအား ရှောင်တခင် စစ်ဆေးပြီး မြို့ဝင်/ထွက်ဂိတ်များ၊ လမ်းမများတွင် စစ်ဆေးဖမ်းဆီးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူမည်ကြောင်း ဆိုသည်။

“အခက်အခဲကတော့ အဘက်ဘက်ပေါ့၊ မိုးရာသီ ကျောင်းလည်းဖွင့်တော့ မိဘတွေက ကလေးကို ကား၊ ဆိုင်ကယ်နဲ့ ကြိုပို့လုပ်တာလေ။ ဈေးသည်တို့ ကုန်သည်တို့လည်း ကားနဲ့ပဲ ပစ္စည်းတင်ကြတာလေ၊ အများစုကတော့ လိုင်စင်မရှိကြဘူးပေါ့။ အခုလိုဖမ်းတော့ အားလုံးတူတူ ဒုက္ခရောက်တာပေါ့၊ အရောင်းအဝယ် အသွားအလာ တော်တော်ကြဲသွားတယ်”ဟု တန့်ယန်းဒေသခံ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီခွင့်ပြုချက်ဖြင့် တန့်ယန်းမြို့တွင် ဝင်ရောက်နေရာယူ တပ်စွဲထားသည့် ‘ဝ’တပ်ဖွဲ့ UWSA နဲ့ အခြား လက်နက်ကိုင်တပ်ဖွဲ့များ၏ ယာဉ်များကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ တားဆီးစစ်ဆေးခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များထဲ တန့်ယန်းမြို့၌ ပထမဆုံး လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများမှ လိုင်စင်မဲ့ယာဉ်များကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးစစ်ဆေးနေပြီး ဖမ်းဆီးခံရသည့် တန်ဖိုးကြီး ကားများကို ပြန်ရွေးထုတ်ခွင့် မပေးဘဲ အစိတ်အပိုင်းများကို ဖြုတ်ယူကာ တဆင့်ပြန်လည် ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...