တန့်ယန်းမြို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ စစ်ကောင်စီ စတင်ဖမ်းဆီး

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၈ ရက်) မှ စတင်ပြီး တန့်ယန်းမြို့ရှိ မြို့လယ်လမ်းမကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေခြင်းကြောင့် မြို့တွင်းအသွားအလာမရှိဘဲ တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“စာထွက်ထားတာတော့ ၁၈ ရက်နေ့ရယ်၊ ၂၁ ရက်နေ့ရယ် နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ လို့တွေ့တယ်။ ဖမ်းမယ့် အကြောင်းရင်းကတော့ ဘာမှ မပြောဘူး။ ဖမ်းတဲ့ နေရာက မြို့လယ်လမ်းမကြီးမှာ သူတို့ စောင့်တယ်၊ မနေ့ကတော့ တစ်နေရာပဲ တွေ့တယ်။ ဖမ်းသွားတဲ့ ဆိုင်ကယ်တွေ ရဲစခန်းထဲမှာ အပြည့်ပဲလို့ ပြောတယ်”ဟု တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်းမြို့တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရေး အစီအမံကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ လိပ်မူပေးပို့သည့် စာသည် ဖမ်းဆီးမှုမတိုင်ခင် လူမှုကွန်ရက်ပေါ် ကြိုတင်ပျံ့နှံ့လာခဲ့ခြင်းကြောင့် မြို့တွင်းအသွားအလာ နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

လူမှုကွန်ယက်ပေါ် ပျံ့နှံလာသည့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေး အစီအမံတွင် ဇွန်လ ၁၈ ရက်နှင့် ၂၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ စစ်ဆေးဖမ်းဆီးမည့် အချိန်များ ဖော်ပြထားသည်။

ထို့အပြင် တန့်ယန်းမြို့ပေါ် ရပ်ကွက်များအတွင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ် အရောင်းပြခန်းနှင့် ဆိုင်နေရာများအား ရှောင်တခင် စစ်ဆေးပြီး မြို့ဝင်/ထွက်ဂိတ်များ၊ လမ်းမများတွင် စစ်ဆေးဖမ်းဆီးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူမည်ကြောင်း ဆိုသည်။

“အခက်အခဲကတော့ အဘက်ဘက်ပေါ့၊ မိုးရာသီ ကျောင်းလည်းဖွင့်တော့ မိဘတွေက ကလေးကို ကား၊ ဆိုင်ကယ်နဲ့ ကြိုပို့လုပ်တာလေ။ ဈေးသည်တို့ ကုန်သည်တို့လည်း ကားနဲ့ပဲ ပစ္စည်းတင်ကြတာလေ၊ အများစုကတော့ လိုင်စင်မရှိကြဘူးပေါ့။ အခုလိုဖမ်းတော့ အားလုံးတူတူ ဒုက္ခရောက်တာပေါ့၊ အရောင်းအဝယ် အသွားအလာ တော်တော်ကြဲသွားတယ်”ဟု တန့်ယန်းဒေသခံ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီခွင့်ပြုချက်ဖြင့် တန့်ယန်းမြို့တွင် ဝင်ရောက်နေရာယူ တပ်စွဲထားသည့် ‘ဝ’တပ်ဖွဲ့ UWSA နဲ့ အခြား လက်နက်ကိုင်တပ်ဖွဲ့များ၏ ယာဉ်များကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ တားဆီးစစ်ဆေးခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များထဲ တန့်ယန်းမြို့၌ ပထမဆုံး လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများမှ လိုင်စင်မဲ့ယာဉ်များကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးစစ်ဆေးနေပြီး ဖမ်းဆီးခံရသည့် တန်ဖိုးကြီး ကားများကို ပြန်ရွေးထုတ်ခွင့် မပေးဘဲ အစိတ်အပိုင်းများကို ဖြုတ်ယူကာ တဆင့်ပြန်လည် ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...