မြန်မာငွေတန်းဖိုးဆက်တိုက်ကျဆင်းမှုကြောင့် တန့်ယန်းမြို့ တရုတ်ယွမ်းငွေ အသုံးပြုလာ

မြန်မာငွေတန်းဖိုးဆက်တိုက်ကျဆင်းလာမှုကြောင့် သျှမ်းပြည် တန့်ယန်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့် စျေးဆိုင်အချို့ တရုတ်ယွမ်းငွေများ စတင် သုံးစွဲလာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ် မြန်မာငွေဈေးနှုန်းများ ဆက်တိုက် ကျပြီးနောက်ကားရောင်းဝယ်သူများ နှင့် မြေကွက်များသည် တရုတ်ယွမ်ငွေများဖြင့်သာ ပေးချေကြောင်း၊ တရုတ်ယွမ်ငွေ လဲလှယ်သည့် ဆိုင်များလည်း ပို၍ပေါများလာကြောင်း တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကားတွေ နဲ့ မြေကွက်တွေတောင် ယွမ်ငွေတွေ နဲ့ ဈေးဖြတ်ပြီး သုံးလာတယ်။ကုန်စုံဆိုင်တွေမှာတရုတ်ငွေတွေ သိပ်တော့မသုံးသေးဘူးပေါ့။ဒါမဲ့ သုံးရင်တော့ ယူကြတယ်” ဟု တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဉီးက ဆိုသည်။

လက်ရှိ မြန်မာ-တရုတ်ငွေလဲလှယ်သူများသည် စျေးထဲရှိ မုန့်ဆိုင်များ၊ ဆေးဆိုင်များတွင်လည်း လဲလှယ်ပေးကြောင်း သိရသည်။

“အရင်က တန့်ယန်းမြို့မှာက မြန်မာငွေပဲသုံးလာတာ။ ဒီနိုင်ငံရေး စစ်ရေး “1027” စစ်ဆင်ရေးပြီးနောက် တရုတ်ယွမ်ငွေသုံးလာတာပါပဲ” ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီး သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် သျှမ်းမြောက်တကြော ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး၊ ကုန်စျေးနှုန်းများအဆမတန်မြင့်မားလာသကဲ့သို့ မြန်မာငွေစျေးနှုန်းလည်း တရိပ်ရိပ်ကျဆင်းလာခဲ့သည်။

ထို့နောက် ငွေစျေးတည်ငြိမ်သည့် တရုတ်ယွမ်ငွေကို အသုံးပြုရန် အားသန်လာကြခြင်းဖြစ်ကြောင်းလည်း တန့်ယန်းဒေသခံများက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနစ်တ ဇူလိုင်လ စပြီး တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့က ဝင်ရောက်ထိန်းချုပ်ပေးခဲ့ပြီး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ လည်း သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong)...

မိုင်းပေါက် ဓားပြတိုက် ပြစ်မှုကျူးလွန်သည့် အမျိုးသား ၃ ဦး ကို UWSA က သေဒဏ်ချ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် ဓားပြတိုက်ကာ လူကိုသေစေသည့်အထိ ကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းတွင် မိုက်ပေါက်မြို့၌ UWSA က ဓားပြတိုက်သည့် ပြစ်မှုကကျူးလွန်ခဲ့သူ အမျိုးသား ၃...