“UWSA”တပ်သားများ တန့်ယန်းမြို့အတွင်း လက်နက်အပြည်စုံဖြင့် ပေါ်ပေါ်ထင်ထင်သွားလာနေ

သျှမ်းပြည် တန့်ယန်းမြို့အတွင်း UWSA ‘ဝ’ တပ်သားတို့သည် စစ်ဝတ်စုံနှင့်လက်နက် အပြည်အစုံဖြင့် ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားနေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်းကို ‘ဝ’တပ်ဖွဲ့ UWSA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဝင်ရောက် ထိန်းချုပ်ခဲ့ သည်။

ထိုသို့ ဝင်ရောက် ထိန်းချုပ်ပြီးနောက် လက်ရှိ တန်းယန်းမြို့အတွင်း၌ ‘ဝ’ တပ်သားများသည် စစ်ဝတ်စုံ၊ လက်နက် အပြည်အစုံတပ်ဆင်ကား ပေါ်ပေါ်ထင်ထင်သွားလာလှုပ်ရှားနေကြောင်း တန့်ယန်းမြို့အသက်၄၀ ဝန်းကျင် ဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မြို့ထဲမှာတော့ “ဝ” စစ်သားတွေက ဝတ်စုံအပြည့်အစုံလက်နက်အပြည့်အစုံနဲ့ သွားသွားလာလာလုပ်နေတာ ဈေးထဲ ရပ်ကွက်ထဲမှာ မကျန်ပေါ့နေ့တိုင်းလိုလို မြင်နေရတယ်။ အရင်ကထက် ပိုရဲလာတယ်။ မြို့ထဲသွား လာနေတာ။”ဟု တန့်ယန်းမြို့ ဒေသခံအသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

‘ဝ’ တပ်သားများ ထိုသို့သွားလာလှုပ်ရှားခြင်းသည် အချို့သောပြည်သူများအတွက် အထူးဆန်းကဲ့သို့ ဖြစ်နေပြီး၊ အချို့သော ဒေသခံများအတွက်လည်း စိုးရိမ်းမှုများဖြစ်စေကြောင်း အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက ဆိုပြန်သည်။

တန့်ယန်းမြို့

“တချို့ ပြည်သူတွေ့အတွက်ကလည်း အထူးဆန်းတွေဖြစ်တာပေါ့။တချို့အတွက်ကလည်း လက်နက် အပြည်အစုံနဲ့ သွားတာဆိုတော့ ဘယ်ဖက်ကို တက်သွားမလဲမသိဘူး ဆိုပြီးစိုးရိမ် မိတာရှိတယ်။မြို့ထဲမှာ သွားလာလုပ်နေတာမျိုးကတော့ မြင်နေရပါတယ်။သူတို့က သူတို့ရဲ့ တာဝန်ပေါ့ ဖြစ်သလိုဝတ်လို့မရဘူး အပြည်စုံဝတ်ပြီးသွားလာရတာလို့တော့ သိရတယ်။”ဟု ၎င်းပြောသည်။

တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့က ဝင်ရောက်ထိန်းချုပ် ပေးနေပြီး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ လည်း သွားလာလှုပ်ရှားနေသည့် ဒေသတစ် ခုလည်းဖြစ်သည်။

လက်ရှိအချိန်ထိ တန်းယန်းမြို့သို့ တင်သွင်းမည့် ကုန်ပစ္စည်များ၊အိမ်ဆောက်ပစ္စည်း၊စက်သုံးဆီများကို စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူး ထောက်ခံစာ အထောက်အထားများ ယူရပြီး ကုန်ဈေးနှုန်းများအပြင် စက်သုံးဆီများလည်း ဈေးဆက်လက်မြှင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီး သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် သျှမ်းမြောက်တကြော ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး၊ ကုန်စျေးနှုန်းများအဆမတန်မြင့်မားလာသကဲ့သို့ မြန်မာငွေစျေးနှုန်းလည်း တရိပ်ရိပ်ကျဆင်းလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...