ဖယ်ခုံ စစ်ရှောင်ကလေးများအတွက် စာသင်ကျောင်းသစ် ဆောက်လုပ်ရန် အကူအညီလိုအပ်

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ မေတ္တာရောင်ခြည် စစ်ရှောင်ခစန်းမှ စစ်ဘေးရှောင်ကလေးများသည် ပညာသင်ကြားနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းသစ် ဆောက်လုပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးများသည် အေးချမ်းစွာ ပညာရေးသင်ကြားခွင့်မရခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်ကြောင်း သိရသည်။

“မနှစ်တုန်းက ကျမတို့စစ်ရှောင်းစခန်း ကလေးတွေ ပီကင်းရွာမှာ ကျောင်းသွားတက်ကြပါတယ်။ ဒါပေမယ့် လမ်းကအဆင်မပြေဘူး၊ မိုးတွင်းကာလဆိုရင် ရွံ့တွေ၊ ဗွက်တွေ ထူတယ်။ ပြီးတော့ လမ်းကကြမ်း ခရီးကဝေးတော့ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ဆိုင်ကယ်ဆီဖိုးကမရှိဘူး။ အဲ့ကြောင့် ကျောင်းဆောင်သစ်ဆောက်ဖို့ အကူညီလိုအပ်နေတယ်” ဟု မေတ္တာရောင်ခြည် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မေတ္တာရောင်ခြည် စစ်ရှောင်စခန်း၌ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းသို့ တက်ရောက်မည့် ကလေး စုစုပေါင်း ၄၀ ကျော်ရှိကြောင်း သိရသည်။

“အခုကျောင်းဆောက်တာလည်း အမိုးဘဲ ရသေးတယ်၊ အကာတွေ ကျန်တယ်၊ ရေကန်တွေ ကျန်တယ်။ ပြီးတော့ ဝါးထရံတွေ၊ မိုးကာတွေ၊ မိုးရေခံဖို့ ရေကန်တွေ၊ ကျောင်းသုံးကိရိယာတွေ လိုအပ်သေးတယ်။ စစ်ဘေးရှောင်ကလေးတွေရဲ့ မိဘတွေကို ပိုက်ဆံလိုက်ကောက်မယ်ဆိုရင်လည်း သူတို့မှာပိုက်ဆံမရှိဘူး၊ တချို့ဆိုရင် စားဖို့ဆန်တောင် မရှိဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

တောထဲမှာ နေရသည့် ဖယ်ခုံစစ်ဘေးရှောင်များ

ထို့ပြင် စစ်ရှောင်းစခန်း၌ တာဝန်ထမ်းဆောင်မည့် ဆရာ၊ဆရာမများအတွက် လစာ (သို့မဟုတ်) အသုံးစရိတ်များ လိုအပ်ကြောင်း ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရသော စစ်ဘေးရှောင် ကလေးများကို ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမသည် မိမိနှင့် ကလေးများအတွက် လုံခြုံရေး၊ စားဝတ်နေရေး၊ လုပ်ငန်း ကျွမ်းကျင်ရေး စသည့် စိန်ခေါ်ချက်များစွာ ရှိနေကြောင်း CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ပြည်သူလူထုတွေရဲ့ အသိထဲမှာ အကြောက်တရားတွေ ရိုက်သွင်းချင်တဲ့အတွက်ကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တယ်။ ကျောင်းဖွင့်ရာသီရောက်လာပြီဆိုရင် ဆရာ/ဆရာမတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုသည် ကျောင်းဖွင့်မလား၊ မဖွင့်ရဘူးလား။ ကျောင်းဖွင့်မယ်ဆိုရင် ကလေးတွေအတွက် ဘယ်လောက်ထိ အသက်အာမခံချက်ရှိလဲ၊ ကလေးတွေရဲ့ ဘေးကင်းလုံခြုံမှုက ပထမဆုံးစိန်ခေါ်မှု အခက်ခဲတွေဖြစ်တယ်” ဟု CDM ကျောင်းဆရာတစ်ဦးကပြောသည်။

အိုးပစ်အိမ်ပစ်၊ လယ်ယာစွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန် ကြာလာသည်နှင့် အမျှ စစ်ဘေးရှောင်များသည် စားဝတ်နေရေး ကြပ်တည်လာသည့်အတွက်ကြောင့် အရွယ်ရောက် ကလေးများကို ပညာရေးထက် လုပ်ငန်းခွင်များကိုသာ ဦးစားပေးနေရကြောင်း သိရသည်။

ထိုသို့ စားဝတ်နေရေး ကြပ်တည်နေသဖြင့် စစ်ဘေးရှောင် ကလေးများ၏ မိဘများသည် ကလေးများအတွက် ကျောင်းလခမပေးနိုင်ခြင်းကြောင့် ကျောင်းဝင်ငွေများမရှိကြောင်း၊ ထိုကြောင့် စစ်ဘေးရှောင် ကလေးများကို ပညာသင်ကြားပေးနေသည့် ဆရာ/ ဆရာမများအတွက်လည်း လုံလောက်သော ထောက်ပံ့မှုမရှိကြောင်း ဆိုသည်။

“အဓိက ဆရာ/ဆရာမတွေအတွက် လုံလောက်တဲ့ ဝင်ငွေတွေမရှိဘူး၊ ဝင်ငွေတွေမရှိတဲ့အခါမှာ စိတ်နစ်ပြီးတော့မှ ရေရှည်မှာသူတို့မလုပ်ပေးနိုင်ဘူး။ ဘာလို့ဆိုရင် ဆရာ/ဆရာမမှာလည်း သုံးဖို့အသုံးစရိတ်တွေလည်း ရှိတယ်လေ၊ အဲ့ဒီအသုံးစရိတ်ကို ကာမိတဲ့ အခြေခံဝင်ငွေရှိမှသာလျှင် ဒီအလုပ်က မြဲမှာလေ” ဟု CDM ကျောင်းဆရာတစ်ဦးက ဆက်ပြောသည်။

ဖယ်ခုံ စစ်ဘေးရှောင်ပုံ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်တွင် နေရာဒေသအလိုက် ဆရာ/ ဆရာမများသည် ထောက်ပံ့ကြေး လုံးဝမရရှိသူများရှိသလို ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းအထိ ရရှိသူများလည်း ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအထိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC မှ ဆရာ/ ဆရာမများကို ကူညီထောက်ပံ့ကြေး ပေးနိုင်သော်လည်း ယခုနှစ်အတွင်းမှာ ဆရာ/ ဆရာမများအတွက် ကူညီထောက်ပံ့ကြေး မရှိသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ကူညီထောက်ပံ့မှုများ ပြတ်လပ်သွားပါက ရေရည်တွင် အရည်အသွေးမြှင့်သော ဆရာ၊ဆရာမများ ရှားပါးလာနိုင်ခြင်း၊ ပညာသင်ကြားခွင့် ဆုံးရှုံးလာနိုင်ခြင်း၊ မျိုးဆက်သစ် ပညာတတ်လူငယ်များ ရှားပါးလာနိုင်ခြင်း စသည့် ပြဿနာများ ရင်ဆိုင်ရနိုင်သည်ဟု CDM ကျောင်းဆရာတစ်ဦးကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...