အခြားဒေသသို့ စစ်ဘေးရှောင်ပြီး နေရပ်ဆီဆိုင်မြို့သို့ ပြန်လာသည့် ကလေးများ ကျောင်းအပ်ခွင့်မရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် အခြားဒေသသို့ စစ်ဘေးရှောင်သွားရာမှ ပြန်လာသည့် ကလေးများကို ကျောင်းအပ်လက်မခံကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ၂၀၂၄ နှစ်စပိုင်းတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် PNLA တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မြို့ခံများသည် ဘေးလွတ်ရာ အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဆီဆိုင်မြို့တွင် စစ်ရေးငြိမ်သက်နေသဖြင့် ၎င်းစစ်ဘေးရှောင်များသည် နေရပ်ပြန်လာပြီး ကျောင်းအပ်ချိန် ကလေးငယ်များကို သွားရောက်အပ်နှံရာ ဆရာ/ဆရာမ မလုံလောက်ဟု အကြောင်းပြချက်ပေးပြီး ကျောင်းအပ်လက်မခံကြောင်း ဆီဆိုင်မြို့ဒေသခံ ကျောင်းသားမိဘများက ပြောသည်။

“စစ်ရှောင်ပြီး ဒီနှစ်ပြန်လာတာ ကလေးကို ကျောင်းပြန်အပ်တော့ လက်မခံတော့ဘူး၊ G-1 ကနေ G-8 ထိ လုံးဝ လက်မခံဘူး။ လူများလို့ ဆရာမ အင်အားနည်းလို့ ဆိုပြီး လက်မခံဘူးတဲ့။ အခု ဘယ်ကျောင်း သွားတက်ရမှန်းကို မသိတော့ဘူး။ အခြားမြို့ဆိုရင် စျေးကြီးတော့ မတတ်နိုင်ကြဘူးလေ” ဟု မြို့ခံ ကျောင်းသားမိဘ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့တွင် အ.ထ.က နှင့် အ.ထ.က (ခွဲ)ဟူ၍ အထက်တန်းကျောင်း နှစ်ကျောင်း ရှိသော်လည်း စစ်ရှောင်ရာမှ ပြန်လာသည့် ကလေးများကို မည်သည့်ကျောင်းမှ လက်မခံဘဲ အကြောင်းအမျိုးမျိုးပြကာ ငြင်းလွှတ်လိုက်သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် ကျောင်းသွားအပ်သည့် မိဘများထံမှ ကျောင်းဆရာ၊ ဆရာမများက အလှူငွေဟုဆိုကာ တစ်ဦးလျှင် ကျပ်(၅၀၀၀)မှ ကျပ်(၃၀၀၀၀)အထိ ငွေထည့်ခိုင်းသည်ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“သူတို့က အလှူငွေလို့ ပြောတာပဲ၊ သူတို့အတွက်ပဲ နေမှာပေါ့။ စေတနာရှိသလောက်တဲ့၊ ဒါပေမဲ့ ကျပ်(၅ထောင်)ကနေ တချို့ဆို ကျပ်(၃၀၀၀၀)အထိ ထည့်ကြတယ်။ အလှူငွေက သူတို့ကို လှူရတဲ့ ငွေထင်တယ်။ ကျောင်းဖွင့်ရင်လည်း ဘာကြေး ညာကြေးတွေ လာအုံးမယ်၊ မပြီးနိုင် မစီးနိုင်တော့ဘူး” ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက် ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများတွင် ပြီးခဲ့သည့် မေလ (၂၂)ရက်နေ့မှ စတင်ကာ ဇွန်လ (၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံနေပြီး ဇွန်လ (၃)ရက်နေ့တွင် ကျောင်းစတင် တက်ရောက်နိုင်သည်ဟု သိရသည်။

ဆက်လက်ပြီး ဖယ်ခုံမြို့နယ်ဘက်ရှိ ကျေးရွာများတွင် စစ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် မည်သူမှ ကျောင်းမတက်ရဲသေးဘဲ အခြားမြို့များတွင် ကျောင်းထားမည်ဆိုလျှင် ငွေကြေးမတတ်နိုင်သောကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ဖယ်ခုံဘက်က ရွာတွေ ကျောင်းတော့ပြန်ပို့လို့ မရသေးဘူး၊ ဒါပေမယ့် NUG အထောက်အပံ့နဲ့ ရွာထဲတော့ အိမ်မှာ စာသင်နေကြတာပေါ့။ ခုက ကျောင်းပြန်ဖွင့်ရင်လည်း ဘယ်သူမှ မသွားနေရဲလောက်ဘူး၊ သေနတ်သံကြားရင်တောင် စိတ်ပူနေရပြီ။ နောက်တခုက တခြားမြို့ကို အဆောင်သွားထားရင်လည်း စျေးကြီးတယ်၊ ပြီးတော့ သွားလာဖို့လည်း အခက်အခဲရှိတာပေါ့” ဟု အဆိုပါ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးအနည်းဆုံး (၈)သန်းမှ (၁၀) သန်းအထိ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရသည်ဟု ISP-Myanmar က၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လတ်တလောတွင် စစ်ကောင်စီတပ်မှ NUG လက်အောက်ရှိ စာသင်ကျောင်းများကို ဦးတည်၍ လေကြောင်းတိုက်ခိုက်မှု ဆိုးရွားလာခြင်းကြောင့် ကျောင်းများအားလုံး ယာယီ ခေတ္တပိတ်ထားရန် NUG ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးမှ မေလ ၂၅ ရက်တွင် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...