G-12 စာမေးပွဲဖြေဆိုချိန် လျှပ်စစ်မီးမပေးနိုင်တဲ့ သျှမ်းတောင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် (၁၂) တန်း G-12 စာမေးပွဲဖြေဆိုချိန်အတွင်း လျှပ်စစ်မီးမပေးနိုင်သည့်အတွက် ကျောင်းသားကျောင်းသူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။

နှစ်စဉ်နှစ်တိုင်း စာမေးပွဲဖြေဆိုသည့် အချိန်တွင် စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန်ပေးခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ်အများစုတွင် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် ကျောင်းသား/သူများ အခက်အခဲဖြစ်နေကြောင်း နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၇ ရက်နေ့မှ စ၍ ၂၂ ရက်နေ့အထိ ပိတ်ရက်မရှိဘဲ ဘာသာတွဲအလိုက် ဖြေဆိုသွားမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေစဉ်နှင့် ပြင်ဆင်နေစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေး အလေးထားဆောင်ရွက်ကြရန် မတ်လ (၆) ရက်တွင် ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် အစည်းဝေးတွင် ပြောကြားခဲ့သည်။

သို့သော် မြေပြင်အခြေအနေတွင် တစ်ရက်လျှင် လျှပ်စစ်မီး လေးနာရီဝန်းကျင်ခန့်သာ ရရှိနေပြီး အချို့ရက်တို့တွင် လျှပ်စစ်မီး လုံးဝ ပြတ်တောက်သည့် အခြေအနေမျိုးတွင် ရှိနေကြောင်း နမ့်စန်ဒေသခံ တစ်ဦးက ဆက်ပြောသည်။

“G-12 စာမေးပွဲဖြေတဲ့အချိန်ဆို နှစ်တိုင်း မီးပုံမှန်ပေးတယ်၊ ဒီနှစ်က မပေးဘူး။ ဒီနေ့တောင် (၁၂)တန်းကလေးတွေ စဖြေနေပြီ မီးပုံမှန် မလာပေးဘူး။ တစ်ရက်ကို ၄ နာရီပဲလာတာ၊ အဲ့တာတောင် သူလာချင်တဲ့အချိန်မှ လာတာ ပုံမှန်မရှိဘူး။ ကလေးတွေ စာကြည့်ဖို့အတွက် မီးအခက်အခဲ ဖြစ်နေတယ်။ ရွာကနေ မြို့အထိ လာဖြေတဲ့သူဆို ပိုဆိုးစေတယ်”ဟု ၎င်းက ပြောသည်။

စာသင်နှစ်တလျှောက် လျှပ်စစ်မီးမရှိသော်လည်း စာမေးပွဲကာလအတွင်း လျှပ်စစ်မီး ဖြန့်ဖြူးပေးစေလိုသည့်အပြင် လက်ရှိတွင် စာကြည့် စားပွဲတင် မီးအိမ်အတွက် အားသွင်းချိန် လျော့နည်းနေသဖြင့် ဖယောင်းတိုင်မီးဖြင့်သာ စာကြည့်နေရကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မီးလာတဲ့အချိန်မှ မီးအိမ်တွေ မီးလုံးတွေကို အားသွင်းရတာ၊ အဲ့မီးတွေက အကြာကြီးမခံတော့ ထပ်သွင်းဖို့ အခက်အခဲတွေ ကြုံရတယ်။ ဖယောင်းတိုင်မီးနဲ့ပဲ ကလေးတွေ စာကြည့်နေရတယ်။ အဲ့မီးနဲ့ဆို အရမ်းအာရုံစိုက်ရတယ်။ မတော်ရင် အန္တရာယ်လည်း ဖြစ်နေတတ်တော့ ဖယောင်းတိုင်ကို သိပ်မပေးသုံးချင်ကြဘူး။ ရွာက တက်လာတဲ့ ကလေးတွေဆို ပိုခက်ခဲနေတယ်”ဟု ၎င်းက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်အာဏာမသိမ်းခင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် (၃၀၀၀၀) ဝန်းကျင် ရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် ယခုနှစ် စာမေးပွဲ ဖြေဆိုသူ (၁၁၅၃၈) ဦးသာရှိတော့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် ယခင်နှစ်ကထက် အောင်မြင်မှု ရာခိုင်နှုန်း ပိုမိုတိုးတက်စေရေးနှင့် ဂုဏ်ထူးရရှိသူများ ပိုမိုများပြားစွာ ပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးပွဲတက်ရောက်လာကြသော ဘာသာရပ်အလိုက် ဆရာ/ဆရာမများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်အတွက် နမ့်စန်အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...