လားရှိုးမြို့ စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီဖွင့်လှစ်မည့် စာသင်ကျောင်းများတွင် ကျောင်းအပ်သူနည်းပါး

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နေသော သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း စီးပွားရေး ကျဆင်းနေသောကြောင့် ကလေးများ ကျောင်းအပ်နှံရေးအတွက် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းအပ်နှံရန် ကြေညာထားသော်လည်း စီးပွားရေးကျဆင်း နေသောကြောင့် ဒေသခံများမှာ ၎င်းတို့၏ ကလေးများအတွက် ကျောင်းအသုံးစရိတ် မတတ်နိုင်ဘဲ ကျောင်းအပ်နှံရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း အမည်မဖေါ်လိုသည့် လားရှိုးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လားရှိုးမှာ ဘာမှ မသေချာ မရေရာတာမို့ ကျောင်းအပ်ဖို့ ခက်နေတယ်၊ ကျောင်းအပ်ခ မပေးရပေမယ့် ဗလာစာအုပ်ခ၊ ယူနီဖောင်း၊ လွယ်အိတ်ခနဲ့ အတန်းထဲ ရောက်သွားရင် အတန်းပိုင်တွေက တံမြက်စည်းဖိုး၊ ရေသန့်ဖိုးဆိုပြီး ကောက်ဦးမှာနဲ့။ စီးပွားရေးက မဖြစ်ဘူး၊ ယူနီဖောင်းဆို တစ်စုံ ငါးသောင်းလောက်ရှိနေပြီ တစ်စုံထဲနဲ့ မရဘူးလေ” ဟု ထိုဒေသခံ အမျိုးသားက ပြောသည်။

ထို့ပြင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်ခဲ့ကြသော ကလေးငယ်များမှာ စစ်မဖြစ်မှီ ၎င်းတို့တက်ရောက်နေသည့် အတန်းတွင် ပြန်စတက်ရမည်ဖြစ်ကြောင်း၊ အတန်းကျော်၍ တက်ရောက်လိုလျှင် ကျောင်းသားတစ်ဦး ကျပ် ၁၀ သိန်းအထိ ပေးဆောင်ရမည်ဟု ထိုဒေသခံက ဆက်ပြောသည်။

လားရှိုးမြို့ စစ်ကောင်စီဉီးစီးပြီး ကျောင်းအပ်နှံသည့်ပုံ

“သူတို့ အတန်းပေးမကျော်ဘူး၊ ကလေးတွေက နားထားရလို့ အသက်တွေလည်း ကြီးလာတော့ မတက်ချင်တော့ဘူး။ အတန်းကျော်တက်ချင်ရင် ၁၀ သိန်းပေးပြီး လက်မှတ်ထုတ်ပေးမယ်လို့ ကျောင်းအုပ်က ပြောတယ်၊ ပေးရအောင်လည်း လားရှိုးမှာ ဘာမှမသေချာတာ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ ၂၂ ရက်မှစ၍ ကျောင်းများပြန်လည်အပ်နှံနိုင်သည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ် ရပ်ကွက် ၁၂ ခုတွင်သာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိသည်။

အခြားတစ်ဘက်တွင် လားရှိုးမြို့ပတ်လည်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် အီနိုင်း၊ ဟိုပိတ်၊ မယ်ဟန် စသည့် ကျေးရွာများတွင် CDM ဆရာ/မများ သင်ကြားပေးနေသည့် ကြားကာလ အွန်လိုင်းစာသင်ကျောင်းများ ရှိနေသောကြောင့် မည်သည့်ကျောင်းသို့ ရွေးချယ်တက်ရောက်မည်ကို ဝေခွဲမရ ဖြစ်နေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...