အင်တာနက်စျေးအဆမတန်မြင့်တက် အွန်လိုင်းပညာရေးသင်သူနှင့် အလုပ်လုပ်သူများ အခက်ကြုံနေ

မြန်မာပြည်တွင်း အင်တာနက်လိုင်း ဈေးအဆမတန်တက်သွားမှုကြောင့် အွန်လိုင်းကို အသုံးပြုပြီး ပညာသင်ယူသူများနှင့် အလုပ်လုပ်နေသူများ အခက်တွေ့နေရကြောင်း အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

လစဉ် အကန့်သတ်မဲ့ ဒေတာကျပ်ငွေ (၁၅၀၀၀)ဖိုးဝယ်သုံးလျှင် ယခင်က 30GBရသော် သော်လည်း ယခုအချိန်တွင် အကန့်သတ်မြ့ ပက်ကေ့ချ် ပမာဏာကို လျှော့ချလိုက်သည့်အတွက် 16 GB သာလျှင် ရရှိပြီး အွန်လိုင်းမှ ပညာ သင်ယူသူများအနေဖြင့် အဆင်မပြေမှုများဖြင့် ကြုံနေရကြောင်း အွန်းလိုင်း ပညာသင်ကြားနေသည့် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်

“ ရွာမှာက ဝိုင်ဖိုင်မတတ်နိုင်ဘူး။ ဖုန်းဘေလ် ( Phone Bill)ဝယ်ပြီး သုံးနေရတာ။ နေ့တိုင်း လိုင်းပေါ်က အတန်းတက်ရတယ်။ အရင်က လစဉ်ဒေတာ တစ်သောင်းခွဲ ဖိုးဝယ်ရင် 30GBတောင်ရတာ။ခုက 16GBပဲ ရတော့တာ။ လိုင်းကလည်းမကောင်းဘူး။ Zoom ဖွင့်ပြီး ဆွေးနွေးတဲ့အခါ လိုင်းက ခဏခဏကျတယ်။ ကိုယ်က ဝင်ငွေလည်း မရှိဘူး။ ပညာကလည်း သင်ချင်တယ်။ ဘေလ်ဖိုးနဲ့ မွဲတော့မယ်။” ဟု ဖုန်းအင်တာနက်သုံးစွဲသည့် အမျိုးသမီးက ဆိုသည်။

ထို့အပြင် အယ်ပလီကေးရှင်းအများစု (VPN )ခံမှ သာသုံးစွဲခွင့် ရပြီး အင်တာနက်သုံးစွဲရာတွင် စိတ်လုံခြုံမှု မရှိတော့သည်ကို ခံစားနေရကြောင်း ၎င်း အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ပိုင် မိုင်တဲလ်၊ အော်ရီဒူး၊ ATOMနှင့် MPTတို့ကို အဓိကအသုံးပြုနေကြပြီး အော်ပရေတာအားလုံး ဈေးတက်လာတာကြောင့် အခက်တွေ့နေရသည်ဟု သုံးစွဲသူထံမှ သိရသည်။

ယခင်က မြန်မာ ကျပ်ငွေ( တစ်ထောင်)ကို 3GB အထိရခဲ့ပြီး ယခု ကာလများတွင် ကျပ်(တစ်ထောင်)ကို 480 MBသာ ရရှိတော့သည်ဟု မိုင်တဲလ် သုံးစွဲသူတစ်ဦးမှ ပြောသည်။

“အရင်ကဆို ကျပ်( တစ်ထောာင်)ဖိုးဝယ်ရင် 3 GBရတယ်။ ခုမရတော့ဘူး။480 MBပဲရတော့တာ။ တစ်ရက်ကို ကျပ်(နှစ်ထောင်)လောက်ကုန်နေတာ။ဒါတောင်ချွေတာသုံးနေရတာ။ တခါတလေ လိုင်း ကို အပေါ်အောက်ဆွဲနေရင်း ဘေကုန်သွားတာ ဘာမှတောင် မကြည့်လိုက်ရဘူး။” ဟု အဆိုပါ မိုင်တဲလ် သုံးစွဲသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အင်တာနက်သုံးစွဲသည့်အခါ တစ်ပတ်လျှင် ၁သောင်း ဝန်းကျင်အထိ အကုန်ကျခံ သုံးစွဲနေရပြီး နေ့စဉ်နှင့်အမျှ အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းနှင့် လက်လှမ်းမမှီမှုများကြုံနေရသည်ဟု ၎င်းသုံးစွဲသူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ကို လွတ်လပ်စွာ သုံးစွဲခွင့် မရဘဲ VPN တစ်ဆင့်ခံပြီးမှ သာသုံးစွဲခွင့် ရပြီး အင်တာနက် ဆက်သွယ်ရေးလိုင်းများကို စစ်တပ်မှ ထိန်းချုပ်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ခြေရာခံ ဖမ်းဆီးမှုများလုပ်ဆောင်လာသည်။

ထို့အပြင် စစ်ကောင်စီမှ လက်နက်ကိုင်များနှင့် စစ်ဖြစ်ရာဒေသကို ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားသောကြောင့် စစ်ရှောင်များကို ကျန်းမာရေးအပါဝင် လူမှုကယ်ဆယ်ရေးအကူညီ လုပ်ငန်းများ လုပ်ဆောင်ပေးဖို့ ခက်ခဲလာခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...