RCSS ပညာရေးကျောင်းမှ တက်ကြွလှုပ်ရှားသူ စိုင်းအောင်ခမ်း စဝ်ဆုစန္ဒီဆုရရှိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) လက်အောက် ပညာရေးကျောင်း (School of Education)မှ ကျောင်းဆရာ စိုင်းအောင်ခမ်းသည် ၂၀၂၄ ခုနှစ်အတွက် ဆုစန္ဒီဆုရှင်အဖြစ် ရရှိခဲ့ကြောင်း သိရသည်။

၁၇ ကြိမ်မြောက် ဆုစန္ဒီခေါင်းဆောင်စု Sao Thusandi Leadership Award ဆုချီးမြင့်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ စဝ်ဆုစန္ဒီက သျှမ်းလူမျိုးအဖြစ် မွေးဖွားလာခဲ့တာ မဟုတ်ဘူးဆိုပေမယ့် သျှမ်းလူမျိုးအတွက် အများကြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့တယ်။ ဒါတွေဟာ ကျနော်တို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းအတွက် အတုယူစရာ၊ ခွန်အားဖြစ်စရာတွေပါပဲ”ဟု စိုင်းအောင်ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းကို ဆုစန္ဒီဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်သည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူတင်မိကြောင်း၊ သျှမ်းလူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင် ခွန်အားဖြစ်စေကြောင်း ဆိုသည်။

စိုင်းအောင်ခမ်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rangsit University တွင် သင်ရိုးညွှန်းတန်းမေဂျာဖြင့် M.A ဘွဲ့ရရှိပြီး ဘန်ကောက်မြို့ရှိ သျှမ်းလူမျိုးများအဖွဲ့အစည်းတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက် ထားသူ ဖြစ်ကြောင်း သိရသည်။

RCSS ပညာရေးကျောင်းမှ တက်ကြွလှုပ်ရှားသူ စိုင်းအောင်ခမ်း စဝ်ဆုစန္ဒီဆုရရှိ

ထို့ပြင် သျှမ်းပြည်အတွင်း ဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်နှင့် စစ်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်မှုတွင်လည်း ပါဝင်လှုပ်ရှားသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

သီပေါစော်ဘွား စစ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီမှ ချီးမြှင့်သော Sao Thusandi Leadership Award စဝ်ဆုစန္ဒီ ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်မှစ၍ အများအကျိုး သယ်ပိုးသူများအား တစ်နှစ်လျှင် တစ်ဦးရွေးချယ်ကာ ဆုလက်မှတ်ချက်နှင့်အတူ အမေရိကန်ဒေါ် ၄,၀၀၀ ချီးမြှင်ခဲ့သည်။

အမေရိကန်အခြေစိုက် Burma Lifeline က ဦးဆောင်ပြီး စဝ်ဆုစန္ဒီဆုကို ၂၀၀၈ ခုနှစ်တွင် သျှမ်းရွှေ့ပြောင်း အလုပ်သမားအရေးလှုပ်ရှားသူ စိုင်းဖူးမိန်း၊ ၂၀၀၉ ခုနှစ်တွင် လယ်သမား အရေးလှုပ်ရှားသူ စိုင်းဆဲန်ဖန်း၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသမီးအရေး လှုပ်ရှားသူ (SWAN) မှ နန်းမွန်းကိန်၊ ၂၀၁၁ ခုနှစ်တွင် လွယ်ကော်ဝမ်းမှ နယ်လှည့်ကျောပိုးအိတ်ဆေးမှူး စိုင်းပေတ၊ ၂၀၁၂ ခုနှစ်တွင် သမိုင်းပြတိုက်တည်ထောင်သူ ဝတ့်ဖှဝိန်းအင်းမှ အရှင်သီရိဓမ္မ၊ ၂၀၁၃ ခုနှစ်တွင် SNLD မှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်၊ ၂၀၁၅ ခုနှစ်တွင် တာချီလိတ်မြို့နယ် လယ်သမားအရေး လှုပ်ရှားသူ သွားဖွားဆရာမ နန်းလာကိုလည်းကောင်း ပေးအပ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် သျှမ်းလူငယ်အရေးတက်ကြွလှုပ်ရှားသူ စိုင်းဆု၊ ၂၀၁၇ ခုနှစ်တွင် စိုင်းဆီခေး (ကွယ်လွန်)၊ ၂၀၁၈ ခုနှစ်တွင် သျှမ်းလူ့အခွင့်အရေး လှုပ်ရှားသူ စိုင်းကွမ်းဆိုင်၊ ၂၀၁၉ ခုနှစ်တွင် ကျေးလက်လူငယ်များ ပညာရေးကဏ္ဍတွင် ကူညီဆောင်ရွက်ပေးသူ အရှင်မိန္တဂ၊ ၂၀၂၀ ခုနှစ်တွင် အမျိုးသားပညာရေး ကျောင်းဆရာမ နန်းမွေခေးကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် (အမည်မထုတ်ဖော်သူ) တစ်ဦး၊ ၂၀၂၂ ခုနှစ်တွင် အမျိုသားကျောင်းမှ အရှင်သြဇေယျ ဓမ္မာဘိပါလ၊ ၂၀၂၃ ခုနှစ်တွင် သျှမ်းလူငယ်အရေးတက်ကြွလှုပ်ရှားသူ နန်းယိင်းနောင့် ၂၀၂၄ ခုနှစ်တွင် RCSS ပညာရေးကျောင်းမှ ကျောင်းဆရာ စိုင်းအောင်ခမ်းကို ပေးအပ်ခဲ့သည်။

ထိုထဲတွင် အမျိုသမီး ၆ ဦးနှင့် အမျိုးသား ၈ ဦးပါဝင်ကာ ဘုန်းကြီး ၃ ပါးဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စဝ်ဆုစန္ဒီဆု လဲချားမြို့ CBY ကျောင်းမှ ဆရာတော် ရရှိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ သျှမ်းလူငယ်ခေါင်းဆောင်ဆုရှင် (Sao Thusandi Leadership Award) (၁၅) ဦးမြောက်ကို ဆရာတော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဆုလက်ခံရရှိသည့် ဆရာတော်သည် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ ခေါင်းဆောင်ဖြစ်သည့် ဆရာတော်သြဇေယျ ဓမ္မဘိပါလ (M.A Sri...