Tuesday, January 27, 2026

စဝ်ဆုစန္ဒီဆု လဲချားမြို့ CBY ကျောင်းမှ ဆရာတော် ရရှိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ သျှမ်းလူငယ်ခေါင်းဆောင်ဆုရှင် (Sao Thusandi Leadership Award) (၁၅) ဦးမြောက်ကို ဆရာတော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

စဝ်ဆုစန္ဒီဆု ရရှိသူ

ဆုလက်ခံရရှိသည့် ဆရာတော်သည် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ ခေါင်းဆောင်ဖြစ်သည့် ဆရာတော်သြဇေယျ ဓမ္မဘိပါလ (M.A Sri Lanka) မှ လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီဆုရမယ်လို့ တခါမှ အိမ်မက် မမက်ဖူးဘူး။ CBY မှာ တာဝန် မယူခင်ကလည်း စာသင်တိုက်မှာ သံဃာတော်တွေကို စာသင်ပေးဖူးတယ်။ ၂၀၁၉ ခုနှစ်မှစပြီး ဒီ CBY ကျောင်းကို ဒီနေ့အထိ တာဝန်ယူပြီးတော့ အများအကျိုး ပရဟိတ အကျိုးတွေ လုပ်ဆောင်ထားတယ်” ဟု ဆုလက်ခံရရှိသည့် ဆရာတော် သြဇေယျ ဓမ္မဘိပါလ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လဲချားမြို့ရှိ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) ကျောင်းတွင် ယမန်နေ့ မတ် (၁) ရက်၌ လဲချားမြို့ရှိ ပြည်သူများမှ ဆရာတော်အား ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်ပေးပြီး ညပိုင်းတွင် ဟောပြောပွဲ ပြုလုပ်ခြင်း၊ ယနေ့ မတ်လ (၂) ရက်တွင် ဆရာတော်အား Sao Thusandi Leadership Award ဆုကို ချီးမြှင့်ခဲ့သည်။

စဝ်ဆုစန္ဒီဆု ရရှိသူ

“CBY ကျောင်းမှာက သံဃာတော်မှ မဟုတ်ဘူး။ ကျောင်းသား/လူငယ် တွေကိုလည်း စာသင်ပေးတယ်။ လူငယ်တွေ ပြည်သူတွေ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်တတ်ဖို့ ဘုန်းဘုန်းအနေနဲ့ ပညာရေးကို အဓိက ထားပြီးတော့ လူငယ်တွေကို ပျိုးထောင်သွားမယ်။ မူးယစ်ဆေးဝါးတွေ ကင်းစင်ဖို့ နဲ့ ပညာရေးပိုင်းကို ပိုပြီး ပျိုးထောင်သွားမယ်။ ရည်မှန်းချက်ကလည်း အရင်က အတိုင်းပဲ ပညာရေးပိုင်းမှာ ဆက်လက်ပြီး မြှင့်တင်သွားမယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

CBY ကျောင်းသည် ၂၀၁၄ ခုနစ်တွင် စတင်ပြီး လဲချားမြို့ရှိ ကျောင်းတော်၌ အခြေပြုပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သျှမ်းလူငယ်များ ဦးစီးပြီး တည်ထောင်ခဲ့သည်။

Sao Thusandi Leadership Award ကို သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ ဆုစန္ဒီမှ ချီးမြှင့်သည့် ဆု တစ်ခုဖြစ်သည်။

အဆိုပါ ဆုကို (၂၀၀၈) ခုနှစ်ကစတင်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အများအကျိုးသယ်ပိုးသူ လှုပ်ရှားသူများကို တစ်နှစ် တစ်ဦး ရွေးချယ်ပြီး ဆုပေးခဲ့သည်။ ဆုလက်ခံရရှိသူများသည် ဆုလက်မှတ် နှင့် အတူ အမေရိကန် ဒေါ်လာ ၄၀၀၀ ကိုချီးမြှင့်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...