စဝ်ဆုစန္ဒီဆု လဲချားမြို့ CBY ကျောင်းမှ ဆရာတော် ရရှိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ သျှမ်းလူငယ်ခေါင်းဆောင်ဆုရှင် (Sao Thusandi Leadership Award) (၁၅) ဦးမြောက်ကို ဆရာတော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

စဝ်ဆုစန္ဒီဆု ရရှိသူ

ဆုလက်ခံရရှိသည့် ဆရာတော်သည် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) မှ ခေါင်းဆောင်ဖြစ်သည့် ဆရာတော်သြဇေယျ ဓမ္မဘိပါလ (M.A Sri Lanka) မှ လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီဆုရမယ်လို့ တခါမှ အိမ်မက် မမက်ဖူးဘူး။ CBY မှာ တာဝန် မယူခင်ကလည်း စာသင်တိုက်မှာ သံဃာတော်တွေကို စာသင်ပေးဖူးတယ်။ ၂၀၁၉ ခုနှစ်မှစပြီး ဒီ CBY ကျောင်းကို ဒီနေ့အထိ တာဝန်ယူပြီးတော့ အများအကျိုး ပရဟိတ အကျိုးတွေ လုပ်ဆောင်ထားတယ်” ဟု ဆုလက်ခံရရှိသည့် ဆရာတော် သြဇေယျ ဓမ္မဘိပါလ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လဲချားမြို့ရှိ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးကျောင်း (CBY) ကျောင်းတွင် ယမန်နေ့ မတ် (၁) ရက်၌ လဲချားမြို့ရှိ ပြည်သူများမှ ဆရာတော်အား ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်ပေးပြီး ညပိုင်းတွင် ဟောပြောပွဲ ပြုလုပ်ခြင်း၊ ယနေ့ မတ်လ (၂) ရက်တွင် ဆရာတော်အား Sao Thusandi Leadership Award ဆုကို ချီးမြှင့်ခဲ့သည်။

စဝ်ဆုစန္ဒီဆု ရရှိသူ

“CBY ကျောင်းမှာက သံဃာတော်မှ မဟုတ်ဘူး။ ကျောင်းသား/လူငယ် တွေကိုလည်း စာသင်ပေးတယ်။ လူငယ်တွေ ပြည်သူတွေ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်တတ်ဖို့ ဘုန်းဘုန်းအနေနဲ့ ပညာရေးကို အဓိက ထားပြီးတော့ လူငယ်တွေကို ပျိုးထောင်သွားမယ်။ မူးယစ်ဆေးဝါးတွေ ကင်းစင်ဖို့ နဲ့ ပညာရေးပိုင်းကို ပိုပြီး ပျိုးထောင်သွားမယ်။ ရည်မှန်းချက်ကလည်း အရင်က အတိုင်းပဲ ပညာရေးပိုင်းမှာ ဆက်လက်ပြီး မြှင့်တင်သွားမယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

CBY ကျောင်းသည် ၂၀၁၄ ခုနစ်တွင် စတင်ပြီး လဲချားမြို့ရှိ ကျောင်းတော်၌ အခြေပြုပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သျှမ်းလူငယ်များ ဦးစီးပြီး တည်ထောင်ခဲ့သည်။

Sao Thusandi Leadership Award ကို သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ ဆုစန္ဒီမှ ချီးမြှင့်သည့် ဆု တစ်ခုဖြစ်သည်။

အဆိုပါ ဆုကို (၂၀၀၈) ခုနှစ်ကစတင်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အများအကျိုးသယ်ပိုးသူ လှုပ်ရှားသူများကို တစ်နှစ် တစ်ဦး ရွေးချယ်ပြီး ဆုပေးခဲ့သည်။ ဆုလက်ခံရရှိသူများသည် ဆုလက်မှတ် နှင့် အတူ အမေရိကန် ဒေါ်လာ ၄၀၀၀ ကိုချီးမြှင့်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...