Tuesday, January 27, 2026

ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည်အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌပြော

သျှမ်းပြည်အတွင်း ကြုံတွေ့နေရသည့် အသေးအမွှား ပြဿနာများမှသည် နိုင်ငံရေးပြဿနာအထိ ဖြေရှင်းနိုင်ရန် ပြည်သူများအားလုံး ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည် အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။


ယနေ့ (ဇွန်လ ၂၉ ရက်) တွင် သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) တွင် စတုတ္ထအကြိမ်မြောက် ဘွဲ့လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် သျှမ်းကွန်မြူနတီကောလိပ်မှ ကျောင်းသားကျောင်းသူ (၃၅) ဦး Associate Degree ဘွဲ့လက်ခံရယူခဲ့ပြီး ကော်တိုင်းအဖွဲ့အစည်းမှ ဖွင့်လှစ်သည့် သျှမ်းအမျိုးသားကျောင်းများမှ အထက်တန်းအောင်လက်မှတ် ရရှိသူ (၂၅) ဦး၊ စုစုပေါင်း (၆၀) ဦးတို့ကို ဘွဲ့လက်မှတ်နှင့် အောင်လက်မှတ် အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌ နန်းဟျိုးဆိုင် က ပြောသည်။


“ကျမတို့အမြင်နဲ့ ပြောရမယ်ဆိုရင် ကြုံတွေ့နေရတဲ့ ပြဿနာတိုင်းကို ဖြေရှင်းဖို့ အသေးအမွှား အကြောင်းအရာက စပြီး နိုင်ငံရေးအကြောင်းထိပါ ပြဿနာဖြေရှင်းဖို့ ပညာရေးက အရမ်းအရေးကြီးပါတယ်။ ပညာရေးဆိုတာက စာပေနဲ့ အဆင့်အတန်းတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ နှလုံးသာထဲအထိ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်နဲ့ အများပြည်သူတွေအပေါ် ကောင်းအောင်၊ လူမှုရေးတိုးတက်အောင် လုပ်နိုင်တဲ့အရာမျိုးတွေကို ဆိုလိုချင်တာ။ ဒါကြောင့် ပြည်သူတွေအားလုံး ပညာရေးကို အားပေးမယ်ဆိုရင် ကျမတို့နိုင်ငံလည်း တစ်နေ့နေ့တော့ ပြန်လည်အေးချမ်းလာနိုင်ပါတယ်”ဟု နန်းဟျိုးဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းကွန်မြူနတီကောလိပ်


ကော်တိုင်း (Kaw Dai Organization – ၵေႃတႆး) အဖွဲ့အစည်း လက်အောက်ရှိ အခြေခံပညာကဏ္ဍတွင် ၂၀၀၅ ခုနှစ်မှ စတင်ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ဖြင့် သျှမ်းအမျိုးသားကျောင်းများ (ႁူင်းႁဵၼ်းၸိူဝ့်ၸၢတ်ႈ – Shan National School) ဖွင့်လှစ်ထားပြီး အထက်တန်းပြီးမြောက်သူများ အနေဖြင့် သျှမ်းကွန်မြူနတီကောလိပ်တွင် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက်နိုင်သည်။


“အထက်တန်းအောင်တဲ့ ကျောင်းသားတချို့ကတော့ သျှမ်းကွန်မြူနတီကောလိပ်မှာ ကျောင်းဆက်တက်မယ့်သူလည်း ရှိသလို တချို့လည်း GED ဆက်တက်ပြီး တခြားတက္ကသိုလ် သွားတက်မယ့် သူတွေလည်းရှိတယ်။ ကောလိပ်ပြီးဆုံးတဲ့ ကျောင်းသားတွေကတော့ ထိုင်းနိုင်ငံ ချင်းမိုင်က တက္ကသိုလ်တွေမှာ ဆက်ပြီးတက်ရောက်မှာ ဖြစ်ပါတယ်”ဟု SCC ဥက္ကဋ္ဌ နန်းဟျိုးဆိုင် က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။


သျှမ်းကွန်မြူနတီကော်လိပ် (ၸၼ့်ၸွမ်တူင်ႇၵူၼ်းတႆး – Shan Community College) ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များကို ၃ နှစ်တာ လေ့လာ၍ ကျောင်းသား/သူများအနေဖြင့် Associate Degree ရရှိပြီး ထိုင်းနိုင်ငံတွင် ချိတ်ဆက်ထားသည့် အဆင့်မြင့်တက္ကသိုလ်တွင် ၂ နှစ်ထပ်မံ တက်ရောက်ကာ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရယူနိုင်သည်။

သျှမ်းကွန်မြူနတီကော်လိပ်အနေဖြင့် ထိုင်းနိုင်ငံ အဆင့်မြင့်တက္ကသိုလ်များနှင့် ချိတ်ဆက်မှုအဖြစ် ၂၀၁၉ ခုနှစ်တွင် ချင်းရိုင်းမြို့ရှိ Chiang Rai Rajaphat University နှင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ချင်းမိုင်မြို့ရှိ Chiang Mai Rajaphat University ၊ Payap University တို့နှင့်လည်းကောင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ ကလေး သန်းနှင့်ချီ ပညာရေးဆုံးရှုံးနေ

0
နှစ်စဉ် စက်တင်ဘာလ ၈ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအနှံ့တွင် လူတိုင်းပညာသင်ယူခွင့်ရရှိစေရန် အသိပေးနှိုးဆော်သည့်နေ့အဖြစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ (၇) သန်းဝန်းကျင် ရှိနေသည်။ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ...

အခြေခံပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ရ

0
ယခုနှစ် ၂၀၂၄ ဇွန်လသည် ကျောင်းစတင်ဖွင့်သည့်ရက်ဖြစ်ကာ အခြေခံ ပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ဆောင်နေရကြောင်း မိဘများက ပြောသည်။ မြန်မာတဝှမ်းတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ တွင် ကျောင်းအပ်ကာလအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ယမန်နေ့ (ဇွန်...

အတိဒုက္ခခံစားနေရသည့်ကြား ပညာရေး ဆုံးခန်းတိုင်ကြိုးစားကြကြောင်း သျှမ်းကွန်မြူနတီကော်လိပ် ဥက္ကဋ္ဌပြော

0
သျှမ်းလူထုများ အတိဒုက္ခ ခံစားနေသည့်ကြား ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားပေးသည့် ကျောင်းသားနှင့် မိဘများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း သျှမ်းကွန်မြူနတီကော်လိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ (ဇွန် ၂ ရက်) နံနက် ၈နာရီ သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီ ကော်လိပ်...

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရင်တထိတ်ထိတ် နဲ့ ပညာသင်ကြားနေရတဲ့ စစ်ရှောင်ကလေးများဘဝ

0
“တောထဲမှာနေရင်တော့ ကလေးတွေ စာကောင်းကောင်း မသင်ရဘူး။ အဲကြောင့် ကျနော်တို့လည်း ကလေးတွေရဲ့ ပညာရေးကို ကြည့်ပြီးတော့ ဒီဆီဆိုင်ဘက်ကို ပြောင်းလာလိုက်တာ” လို့ စိုင်းအောင်က ပြောပါတယ်။ စိုင်းအောင်တို့ မိသားစုဟာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် တောတောင်ထဲမှာ ပုန်းခိုနေခဲ့ရတဲ့ သူတွေဖြစ်ပါတယ်။ လက်ရှိမှာ...