Tuesday, April 23, 2024

ကော်တိုင်း

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကော်တိုင်း (ၵေႃတႆး - Kaw Dai Organization) အဖွဲ့အစည်းမှ လုပ်ဆောင်နေသည့် ပညာရေးလုပ်ငန်းစဉ်များတွင် အခြေခံပညာရေး ကဏ္ဍ၌၂၀၀၅ ခုနှစ်မှ စတင်ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ဖြင့် သျှမ်းအမျိုးသားကျောင်းများ (ႁူင်းႁဵၼ်းၸိူဝ့်ၸၢတ်ႈ - Shan National School) ကို ဖွင့်လှစ်နိုင်ခဲ့သည်။ အဆင့်မြင့်ပညာ ကဏ္ဍတွင်လည်း ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် သျှမ်းကွန်မြူနတီကောလိပ် (ၸၼ့်ၸွမ်တူင်ႇၵူၼ်းတႆး - Shan Community College) တွင် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ဥပဒေ ဘာသာရပ်များကို ၃ နှစ်တာ လေ့လာပြီးကျောင်းသား/သူများအနေဖြင့် ထိုင်းနိုင်ငံတွင် ချိတ်ဆက်ထားသည့် အဆင့်မြင့်တက္ကသိုလ်တွင် ၂ နှစ်ထပ်မံ တက်ရောက်ကာ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရယူနိုင်သည်။ “ကော်တိုင်း” အဖွဲ့အစည်း၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်နှင့် စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ စိန်ခေါ်မှုများ၊ အောင်မြင်မှုများနှင့် သျှမ်းလူငယ်များအတွက် ပညာရေးအခွင့်အလမ်းများအကြောင်းကို သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်မိန်းက ကော်တိုင်း ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌဖြစ်သူ  နန်းဟျှိုးဆိုင်နှင့် ဆက်သွယ်မေးမြန်းထားသည်။ မေး။         ။ ပထမဆုံးအနေနဲ့  ကော်တိုင်း အဖွဲ့အစည်း အကြောင်းကို မိတ်ဆက်ပေးပါဦးခ။ ဖြေ။         ။ ကော်တိုင်း အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ကော်တိုင်း က Community Based Organization ပါ၊ လူမှုအခြေပြု အဖွဲ့အစည်း ဖြစ်တယ်။ ပြီးတော့ ရည်မှန်းချက် ပန်းတိုင်ကတော့ အခြား CSO ၊ CBO နည်းတူ အားလုံးက ငြိမ်းချမ်းရေးကို လိုလားတယ်။တိုင်းရင်းသားအားလုံး သဟဇာတ ရှိရှိနဲ့ အချင်းချင်း လေးစားအသိအမှတ်ပြုပြီးတော့ သဟဇာတရှိရှိ နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကျမတို့ လိုလားတယ်။ ဒီဟာ ဖြစ်ပေါ်လာဖို့ဆိုရင် ကျမတို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အများကြီးရှိတယ်။ အဲ့ထဲမှာက ဥပမာ CSO ၊ CBO တွေဆိုရင် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေဆိုရင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေကြတဲ့အချိန်မှာ ကျမတို့ ကော်တိုင်း ကတော့Community Empowerment နဲ့ Youth Empowerment ၊ လူမှုအသိုင်းအဝိုင်းနဲ့ လူငယ်စွမ်းရည် မြှင့်တင်ရေးအပိုင်းကို အဓိက ဦးစားပေးလုပ်ဆောင်တယ်။ ကော်တိုင်းက ကျမတို့ ယုံကြည်ချက်တစ်ခုဖြစ်တဲ့ Community (လူမှုအဖွဲ့အစည်း) မှာ Power (အာဏာ) ရှိရမယ်။ လူထုဆီမှာ အင်အားရှိရမယ်။အဲ့ဒါတွေ ရှိမှသာ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်။ အဲ့ကြောင့် ကျမတို့ လုပ်ငန်းထဲမှာ Social Transformation အောက်မှာဆိုရင်ပညာရေး Education က မရှိမဖြစ် လိုအပ်တဲ့ sector အကြီးကြီးတစ်ခုဖြစ်တယ်။ အဲ့ကြောင့် ကျမတို့ ကော်တိုင်းက Community Empowerment လုပ်တဲ့နည်းနဲ့ Youth Empowerment လုပ်တဲ့နေရာမှာ Education ပညာရေးအပိုင်းကို ရွေးပြီးတော့ လုပ်ဆောင်တာ။ ပရိုဂရမ်တွေ အများကြီး ရှိတဲ့အထဲမှာ သျှမ်းအမျိုးသားကျောင်း (Shan National School) ဆိုရင်အခြေခံ ပညာရေးကို လုပ်ဆောင်တယ်။ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) ဆိုရင် အဆင့်မြင့် ပညာ‌ရေးကို လုပ်ဆောင်တယ်။ နောက်ပြီးတော့ လားရှိုးမှာ အခြေစိုက်ထားတဲ့ Community Learning Center မှာဆိုရင်လည်း Community Empowerment ကို ဦးစားပေးလုပ်ဆောင်နေတာ ရှိတယ်။ အဲ့ကြောင့် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် တခြားတိုင်းရင်းသားတွေနဲ့ အတူတူ၊ တခြား Stakeholder တွေနဲ့ အတူတူ ကော်တိုင်းက Community Empowerment နဲ့ Youth...

ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

သျှမ်းပြည် နမ့်စန်ခရိုင် ၊ ကာလိမြို့တွင်ရှိသည့် ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည့်သူများကို ထပ်မံလက်ခံနေကြောင်း သိရှိရသည်။ အဆိုပါ ကောလိပ်တွင် နောက်လ မတ် - ၁၅ ရက်နေ့ထိ ကျောင်းသားသစ်များကို ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ရှမ်းကွန်မြူနတီကောလိပ်သို့ ဝင်ရောက်တက်ချင်သူများကို အင်္ဂလိပ် အရည်ချင်းကို အဓိက...

Latest news