Tuesday, January 27, 2026

ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

သျှမ်းပြည် နမ့်စန်ခရိုင် ၊ ကာလိမြို့တွင်ရှိသည့် ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည့်သူများကို ထပ်မံလက်ခံနေကြောင်း သိရှိရသည်။

ကောတိုင်း

အဆိုပါ ကောလိပ်တွင် နောက်လ မတ် – ၁၅ ရက်နေ့ထိ ကျောင်းသားသစ်များကို ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ရှမ်းကွန်မြူနတီကောလိပ်သို့ ဝင်ရောက်တက်ချင်သူများကို အင်္ဂလိပ် အရည်ချင်းကို အဓိက စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ပထမတစ်သုတ်ကတော့ လက်ခံပြီးသွားပြီ။ အခုက အစိုးရကျောင်း ၁၀ တန်းဖြေထားတဲ့သူတွေကလည်း ထပ်လက်ခံပေးဖို့ တောင်းဆိုထားတဲ့ အတွက်ကြောင့် ထပ်ဖွင့်ပေးထားတာ။ ဒီ Pre-Course Program ကို ဝင်ချင်တယ်ဆိုရင်တော့ အဝင်စာမေးပွဲအနေနဲ့ အင်္ဂလိပ် အရည်းအချင်းတွေစစ်မယ်။ ပြီးတော့ ရိုးရာဓလေ့တွေ၊ သျှမ်းစကားတွေကို မေးမြန်းသွားမှာပါ” ဟု ရှမ်းကွန်မြူနတီကောလိပ် ဥက္ကဌ နန်းဟျှိုးဆိုင်က ပြောသည်။

ကော်တိုင်း

ရှမ်းကွန်မြူနတီကောလိပ်မှ Pre- Course Program ကို မတ်လ ၂ -၃ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် အဝင်စာမေးပွဲကို မေးမြန်းသွားမှာဖြစ်ပြီး အောင်မြင်သူများကို ၁၅ ရက်တွင် ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ကြောင်းသိရသည်။

ထိုအပြင် သျှမ်းစကား မကျွမ်းကျင်သူများလည်း လျောက်ထားနိုင်ပြီး စာမေးပွဲကို အောင်ပါက သျှမ်းဘာသာသင်ကြားပေးသွားမည်ဖြစ်ကြောင်း နန်းဟျှိုးဆိုင်က ပြောသည်။

လက်ရှိ Pre-Course Program တွင် အင်္ဂလိပ်ဘာသာစကား၊ သျှမ်းဘာသာစကား ၊ မိမိကိုယ်ကိုယ် အရည်ချင်းမြှင့်တင်ရေးသင်တန်း နှင့် ဓလေ့ ရိုးရာတွေကို (၅) လသာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Pre-Course Program တွင် ၅ လသာ ကာလအတွင်း Scholarship (ပညာသင်ဆု) ရှိမှာမဟုတ်ကြောင်း အကယ်၍ Pre-Course Program ကို အောင်မြင်၍ ပထမနှစ် စတင်တက်ချိန်တွင် ငွေကြေးမတက်နိုင်သူများအတွက် Scholarship (ပညာသင်ဆု) ရှိထားကြောင်း နန်းဟျှိုးဆိုင်က ထပ်လောင်းပြောသည်။

“Pre-Course Program မှာတော့ ပညာသင်ဆုတော့မရှိသေးဘူး။ တကယ်လို့ Pre-Course Program ကိုအောင်မြင်ပြီးရင် ပထမနှစ် စတက်တဲ့ချိန်မှာတော့ ငွေကြေးမတက်နိုင်တဲ့ သူတွေအတွက်တော့ ပညာသင်ဆုရှိတယ်။ ရှမ်းကွန်မြူနတီကောလိပ်က တက္ကသိုလ်တော့ ၃ နှစ်တက်ရမှာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရှမ်းကွန်မြူနတီကောလိပ် Pre-Course Program သည် Social Science Major ကို သင်ကြားပေးပြီး ထိုင်းနိုင်ငံ ချင်းရိုင်းတက္ကသိုလ်သို့ B.A English for international Communication ဘွဲ့ရလိုသူများက တက်ရောက်နိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည်အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌပြော

0
သျှမ်းပြည်အတွင်း ကြုံတွေ့နေရသည့် အသေးအမွှား ပြဿနာများမှသည် နိုင်ငံရေးပြဿနာအထိ ဖြေရှင်းနိုင်ရန် ပြည်သူများအားလုံး ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည် အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ယနေ့ (ဇွန်လ ၂၉ ရက်) တွင် သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community...

အတိဒုက္ခခံစားနေရသည့်ကြား ပညာရေး ဆုံးခန်းတိုင်ကြိုးစားကြကြောင်း သျှမ်းကွန်မြူနတီကော်လိပ် ဥက္ကဋ္ဌပြော

0
သျှမ်းလူထုများ အတိဒုက္ခ ခံစားနေသည့်ကြား ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားပေးသည့် ကျောင်းသားနှင့် မိဘများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း သျှမ်းကွန်မြူနတီကော်လိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ (ဇွန် ၂ ရက်) နံနက် ၈နာရီ သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီ ကော်လိပ်...

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။