ရင်တထိတ်ထိတ် နဲ့ ပညာသင်ကြားနေရတဲ့ စစ်ရှောင်ကလေးများဘဝ

“တောထဲမှာနေရင်တော့ ကလေးတွေ စာကောင်းကောင်း မသင်ရဘူး။ အဲကြောင့် ကျနော်တို့လည်း ကလေးတွေရဲ့ ပညာရေးကို ကြည့်ပြီးတော့ ဒီဆီဆိုင်ဘက်ကို ပြောင်းလာလိုက်တာ” လို့ စိုင်းအောင်က ပြောပါတယ်။

စိုင်းအောင်တို့ မိသားစုဟာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် တောတောင်ထဲမှာ ပုန်းခိုနေခဲ့ရတဲ့ သူတွေဖြစ်ပါတယ်။

Photo-Mà Lūsi (Facebook) ကရင်နီပြည်ရှိ စစ်ရှောင်ကျောင်းသားများ

လက်ရှိမှာ ကလေးအနာဂတ်အတွက် ဖယ်ခုံမြို့နယ်ကနေ ဆီဆိုင်မြို့နယ်ထဲကို ပြောင်းရွှေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
စိုင်းအောင်မှာက အသက် (၆) နှစ် အရွယ် သားတစ်ယောက် နဲ့ အသက် (၃) နှစ်အရွယ် သမီးတစ်ယောက်ရှိပြီး၊ အခုလို စစ်ရေးပဋိပက္ခတွေကြား ကလေးတွေ ပညာမသင်ကြားရမှာကို စိုးရိမ်ပူပန်နေပါတယ်။

အဲ့ဒါကြောင့် သားသမီး ပညာရေးကို ရှေးရှု့ပြီးတော့ ပြောင်းရွှေ့လာခဲ့တယ်လို့ စိုင်းအောင် က ဆိုပါတယ်။

“ကျနော်တို့ လူကြီးဆိုရင်တော့ စိတ်မပူရဘူးလေ။ ကလေးတွေက သူတို့ အနာဂတ်ရှိတယ်။ ဒီနှစ်လည်း စာကောင်းကောင်း မသင်ရဘူး။ သူတို့ နောက်နှစ် ကျောင်းတက်နိုင်အောင်လို့ ဒီဘက်ကို ခေါ်လာလိုက်တာ” လို့ စိုင်းအောင်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နှောင်းပိုင်းက စပြီးတော့ ဖယ်ခုံမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

Photo – Credit ( စစ်ရှောင်များ)

တိုက်ပွဲကြောင့် ဒေသခံ သောင်းဂဏန်းလောက် နေရပ်ကို စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီထဲမှာလည်း စိုင်းအောင်တို့ မိသားစုလည်း တောထဲမှာ ပုန်းခို ခဲ့ရပါတယ်။

တောထဲမှာ နေထိုင်လာရတာ ကြာလာတာနဲ့အမျှ စားဝတ်နေရေး ၊ ကျန်းမာရေးတွေ ခက်ခဲလာတဲ့အပြင် ကလေးသူငယ်တွေရဲ့ ပညာရေးလည်း ဆုံးခန်းတိုင် မရောက်ပဲ ဆုံးရှုံးရပါတယ်။

“ကလေးတွေကလည်း တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာတယ်။ တောထဲမှာနေရင်တော့ ပိုခက်ခဲတာပေါ့။ စားတာသောက်တာတွေကော ခက်ခဲတယ်။ ပြီးတော့ ကျနော်တို့ ကလေးတွေကလည်း စာကောင်းကောင်း မသင်ရဘူး။ လေယာဉ်တွေ ပျံဝဲလာတာတွေလည်း ရှိတယ်။ အဲဆိုထပ်ပြေးရတယ်” လို့ စိုင်းအောင်က ပြောပါတယ်။

သို့သော် တောထဲမှာ စစ်ရှောင်နေရစဉ် တော်လှန်ရေးတပ်ဖွဲ့ နှင့် CDM ဆရာ ၊ ဆရာမ တို့က ကျောင်းဖွင့်ပြီး စာသင်ပေးသော်လည်း လက်နက်ကြီးတွေ ကျရောက်မှုကြောင့် မိဘတွေက စိုးရိမ်ကြရပြန်ပါတယ်။

“တစ်ခါက CDM တွေက ဖွင့်ပေးတဲ့ ကျောင်းမှာ ကျနော်ကလေးတွေ သွားထားတယ်။ အဲကျောင်းနားကို လက်နက်ကြီးတွေ ပစ်လာတယ်။ ဒါမဲ့ ကျောင်းပေါ်တော့ တိုက်ရိုက် မကျဘူး။ (၂) ခါလောက်တော့ ပစ်လာဖူးတယ်။ ကျနော်တို့ကတော့ ရှောင်လို့ရပေမဲ့ ကလေးတွေက မရှောင်တတ်ဘူးလေ” လို့ စိုင်းအောင်က စိတ်မကောင်းစွာ ပြန်ပြောပြပါတယ်။

Photo-Mà Lūsi (Facebook) ကရင်နီပြည်ရှိ စစ်ရှောင်ကျောင်းသားများ

စစ်ကောင်စီဟာ စာသင်ကျောင်းတွေကို ဦးတည်ပြီး လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ကလေးငယ်တွေ စာသင်ပေးရတာ ခက်ခဲလာပြီးတော့ ကျောင်းဆရာတွေ အနေနဲ့လည်း စိုးရိမ်စိတ်တွေ ၊ ကြောက်စိတ်တွေကို ဖြစ်ပေါ်စေတယ်လို့ စစ်ဘေးရှောင် ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာတစ်ဦးက အခုလို ရင်ဖွင့်ပြောဆိုပါတယ်။

“စာသင်ကျောင်းမှာ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ ကိုယ်ရှေ့မှာတင် ဖြစ်သွားတယ်။ ဒီလိုဖြစ်တော့ ကြောက်စိတ်တွေ ၊ စိုးရိမ်းစိတ်တွေလည်း ဖြစ်တယ်။ ပြီးတော့ ကလေးတွေကို စာသင်ပေးဖို့ကလည်း အခက်ခဲတွေ အရမ်းများလာတယ်လေ။ စာသင်ကြားခွင့်မရှိတဲ့ ဒီကလေးတွေရဲ့ အနာဂတ်ကို တွေးပြီးတော့ ခံပြင်းတာပေါ့” လို့ ဆရာက ပြောပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်လုပ်ရက်တွေကြောင့် ကလေးတွေကို ပညာတတ် ပိုဖြစ်စေချင်ပြီး စစ်ကောင်စီအပေါ် ပိုပြီးရွံ့ရှာမုန်းတီးလာကြောင်း ဆရာက ပြောပါတယ်။

Photo – Credit ( စစ်ရှောင်လူငယ်များ)

“ကျနော်တို့တော့ ခံပြင်းတာပေါ့။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဘယ်လိုမှ စဉ်းစားပေးလို့ မရဘူး။ သူတို့တွေက ဘယ်လောက်ထိ လူမဆန်လဲ။ ကလေးတွေအပေါ် လုပ်သွားတာတွေကို တွေးတိုင်း ခံပြင်းတယ်။ ဒါကြောင့် ကလေးတွေကို ပိုပြီး စာသင်ပေးချင်တယ်။ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်” လို့ ဆရာက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ တိုင်းရင်းသား ကလေးတွေ ၊ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတယ်လို့လည်း ဆရာက ထပ်လောင်းပြောပါတယ်။

“လူတိုင်း ပညာသင်ကြားခွင့် ရှိပြီးတော့ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့်ရှိတယ်လို့” ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်မှာ လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးတွေကို လူ့အခွင့်အရေးကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့ပါတယ်။

အဲ့ဒီ ကြေညာစာတမ်းပါ အချက်တွေကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးကို ဖြန့်ဝေပြီး သက်ဆိုင်ရာ နိုင်ငံသူ နိုင်ငံသားတွေ သိရှိစေဖို့ စာသင်ကျောင်းတွေ၊ ပညာရေး အဖွဲ့အစည်းတွေမှာ ထင်ရှား သိသာမြင်တွေ့စေဖို့ ထပ်ဆင့် ဖြန့်ဝေခိုင်းပါတယ်။

ဒါ့ကြောင့် စစ်ရှောင်ကလေးငယ်တွေရဲ့ ပညာရေးကို အင်တိုက်အားတိုက် ထည့်ပြီးတော့ အဖက်ဖက်မှ လုပ်ဆောင် စေချင်ကြောင်း၊ ကလေးငယ်တွေရဲ့ ပညာရေးကို ဦးစားပေး မပြုလုပ်ပါက တော်လှန်ရေး သက်တမ်းရှည်လာတဲ့အလျောက် ကလေးတွေဟာ ပညာသင်ခွင့်မရဘဲ စာမတတ် လူဦးရေ တိုးလာနိုင်တယ်လို့လည်း စစ်ရှောင်ကူညီပေးနေသူတွေက သုံးသပ်ပြောဆိုပါတယ်။

Photo-Mà Lūsi (Facebook) ကရင်နီပြည်ရှိ စစ်ရှောင်ကျောင်းသားများ

စိုင်းအောင် ကတော့ မတည်ငြိမ်တဲ့ ကိုယ့်ဒေသကနေ ကလေးရှေ့ရေးအတွက် တစ်ခြား နေရာသစ်မှာ စွန့်စားဖို့ ရုန်းထွက်လာခဲ့ပေမယ့် တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် ကိုယ်နေတဲ့ ဒေသမှာပဲ တောင်ယာသွားလုပ်ဖို့လည်း စိုင်းအောင်က စဥ်းစားထားပါတယ်။

“ကျနော်တို့လည်း ဒီကိုပြောင်းလာတာ ၁ ပတ်ကျော်လောက်ပဲ ရှိသေးတယ်။ ကလေးတွေကို ဒီမှာကျောင်းထားမယ်ပေါ့။ ပြီးရင် ကျနော်တို့ကတော့ ကိုယ့်ဒေသမှာပဲ တောင်ယာပြန်သွားလုပ်မယ်။ အခုကလည်း စိုက်ပျိုးရာသီဆိုရင် အဲနားမှာပဲ ပြန်သွားလုပ်မယ်” လို့ စိုင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာမှာ တောင်ယာသွားလုပ်တဲ့ လင်မယား (၂) ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။
ဒါ့အပြင် မြေမြှုပ်မိုင်းတွေလည်းရှိနေတဲ့အတွက်ကြောင့် တောင်ယာတွေလုပ်ဖို့ စိတ်လုံခြုံမှု မရှိနေပါဘူး။

ဒီလိုကိစ္စတွေကြောင့် နေရပ်မှာ တောင်ယာတွေ ပြန်လုပ်ဖို့အတွက်လည်း စိုင်းအောင်ကတော့ စိုးရိမ်စိတ်တွေ အများပြားရှိနေပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတို့ တိုက်ပွဲပြင်းထန်လာတာ ၁ နှစ်ကျော်ကြာခဲ့ပြီး ဖြစ်ပါတယ်။

Photo – Credit ( စစ်ရှောင်လူငယ်များ)

လက်ရှိအချိန်ထိ သျှမ်း – ကရင်နီ နယ်စပ်ဒေသတွေမှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကလည်း စစ်ရေးပြင်းထန်နေလျက်ရှိပြီး တစ်ချို့ဒေသတွေမှာ စစ်ရေးတင်းမာနေလျက်ရှိပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျရှုံးမှုများလာတာကြောင့် လေယာဉ်နဲ့ပျံဝဲတိုက်ခိုက်တာ ၊ လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ပိုပြီးပြုလုပ်လာတယ်လို့ ဖယ်ခုံမြို့နယ် ၁၀၀၂ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ပိုပြင်းထန်လာလေ။ သူတို့ဘက်က ပိုပြီးကျဆုံးမှုများလာလေ။ သူတို့က လက်နက်ကြီးတွေ ၊ လက်နက်အင်အားတွေ ပိုပြီးအသုံးပြုလာတာပေါ့။ လူအင်အားမရှိတော့ရင် လက်နက်အင်အား ပိုသုံးလာတယ်။ အခုဆိုရင် လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ ပိုလုပ်လာတယ်” လို့ ၎င်းက ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက ရံဖန်ရံခါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ကြောင့် နေအိမ်တွေ ပျက်စီးမှုရှိပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်း ရှိနေပါတယ်။

“တိုက်ပွဲကတော့ ငြိမ်တယ်လို့တော့ ပြောလို့မရဘူး။ တစ်ခါတစ်လေလည်း လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ တိုက်ပွဲအသေးလေးတွေ ဖြစ်တာရှိတယ်။ ဟိုအရင်လို ခပ်စိပ်စိပ် တိုက်ပွဲ မဖြစ်တော့တာပဲ ရှိတယ်။ အခုနောက်ပိုင်း တိုက်ပွဲတွေကတော့ မိုးဗြဲတို့ဘက်ခြမ်းမှာ ပိုဖြစ်တယ်” လို့ အသက် ၄၅ နှစ် အရွယ်ရှိတဲ့ ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Photo-Mà Lūsi (Facebook) ကရင်နီပြည်ရှိ စစ်ရှောင်ကျောင်းသားများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ဩဂုတ် ၃၁ ရက်နေ့ထိ သျှမ်းပြည် ဖယ်ခုံမြို့နယ်အပါဝင် ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၈၀၀ လောက်ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် အခု ၂၀၂၃ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီက သျှမ်း – ကရင်နီပြည်အတွင်းမှာ လေကြောင်းလိုင်းနဲ့ ပျံဝဲတိုက်ခိုက်တာ ၄၃၅ ကြိမ်ရှိတယ်လို့လည်း PKPF က ထုတ်ပြန်ထားပါတယ်။

လေကြောင်းလိုင်း နဲ့ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း လုံးဝပျက်စီးသွားခဲ့ပြီးတော့ ၁၀ ကျောင်းကျော်လောက်က စာသေချာ သင်ကြားနိုင်ခွင့် မရှိတော့ဘူးလို့ IEC ရဲ့ အထွေထွေ အတွင်းရေးမှူး ဗညားခွန်အောင် ထံက သိရပါတယ်။

လက်ရှိ စစ်ကောင်စီ လေကြောင်းလိုင်းကြောင့် ကလေးငယ်တွေ စာဆက်လက်သင်ကြားသွားနိုင်အောင် တိုးချဲ့ဖွင့်ပေးနေပြီး လုံခြုံရေးကိုလည်း ပိုပြီးမြင့်မားသွားမယ်လို့ IEC အထွေထွေ အတွင်းရေးမှူး ဗညားခွန်အောင်က ပြောပါတယ်။

Photo-Mà Lūsi (Facebook) ကရင်နီပြည်ရှိ စစ်ရှောင်ကျောင်းသားများ

“ကျနော်တို့လည်း အခုက ကလေးတွေ တစ်နေရာထဲမှာ စုနေတာမျိုး မဟုတ်တော့ပဲ ပုံစံအမျိုးမျိုးနဲ့ ကျောင်းတက်နိုင်အောင် လုပ်သွားဖို့ အစီမံရှိပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ ကျောင်းတွေကို ကိုယ့်နေရာ ကိုယ့်ဒေသမှာပဲ ဖွင့်နိုင်အောင်လည်း လုပ်နေပါတယ်။ ကလေးတွေကလည်း ကျောင်းကို လုံခြုံစိတ်ချစွာ သွားနိုင်အောင်၊ ပိုပြီးရှိအောင် စီမံထားတာရှိတယ်။ ဒါအပြင် ကျောင်းမှာပျော်တယ်။ စိတ်ချလုံခြုံမှုရှိအောင် ကျနော်တို့ ပြန်လုပ်နေပါတယ်။ ။ မိဘတွေကလည်း ကလေးတွေကို ကျောင်းကိုလွတ်နိုင်အောင်လည်း ပြန်စီစဉ်နေပါတယ်” လို့ ဗညားခွန်အောင်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ဘယ်လို ပညာရေးစနစ်မဆို စိုင်းအောင်ကတော့ သူသားသမီး လူကောင်းဖြစ်ရင် ကျေနပ်ပြီလို့ ပြောပါတယ်။

“ကျနော်ကတော့ ကိုယ်ကလေး လူကောင်းဖြစ်ရင် တော်ပြီ။ အမှားအမှန် ခွဲခြားသိတတ်ရင် ရပါပြီ။ ဘယ်ပညာရေးမဆို ကောင်းတယ်လို့တော့ ထင်တယ်။ တစ်ခုကတော့ ကျနော်တို့လည်း ကိုယ့်ကလေးကို ပိုပြီးစိတ်ချလုံခြုံတဲ့ နေရာမှာပဲ ထားချင်တယ်လေ” လို့ စိုင်းအောင်က စိတ်မကောင်းစွာနဲ့ပြောပါတယ်။

လက်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ ကျောင်းတက်နေရတဲ့ ကလေးငယ်တွေ ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် ကလေးငယ်တွေအတွက် စာဆက်လက် သင်ကြားနိုင်ဖို့အတွက် သင်ထောက်ကူ ပညာပစ္စည်း နဲ့ ဆရာ ၊ ဆရာမ အင်အားတွေ ပိုလိုအပ်လာတယ်လို့ ဗညားခွန်အောင် ကဆိုပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ကြား စစ်ရှောင်ကလေးတွေရဲ့ ပညာရေးဟာလည်း ခက်ခဲနေမှာ ဖြစ်ပြီး၊ ကလေးတွေ ပညာသင်ကြားခွင့် မရမှာကို စိုးရိမ်ပူပန်နေတဲ့ စိတ်ဟာ စိုင်းအောင်တို့ မိသားစုကို ခြိမ်းခြောက်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...