ကွတ်ခိုင်မြို့နယ်တွင်း TNLA တပ်စခန်း စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအုပ်စုအတွင်းရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်စခန်း တစ်နေရာကို စစ်ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင် မိုင်းယုကျေးရွာအုပ်စု၊ ငေါ့ငါးရွာအနီးရှိ (TNLA) တပ်စခန်းနေရာကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံး ၃ လုံးထက်မနည်း ဗုံးကြဲချ တိုက်ခိုက် လိုက်ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit to PSLF/TNLA (စက်တင်ဘာလ ၂၅ ရက်တွင် စကစ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း)

“လေယာဥ်က တစ်စီးပဲ။ အမြင့်ပေ ၂၀၀ မီတာလောက်ကနေ ပျံသန်းလာတာ၊ ဗုံး ၃ လုံး ကြဲချပြီး လေယာဥ်ပေါ်ကနေ စက်သေနတ်နဲ့လည်း ပစ်သွားတယ်။ အဲ့ဒီ နေရာက TNLA စခန်းရှိတယ်၊ ထိခိုက်မှု သတင်းတော့ မသိရသေးဘူး” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာလည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်တစ်စီးဖြင့် လွိုင်မောက် နှင့် လွိုင်နမ့်ကတ် အနီးသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ TNLA နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်လာသောကြောင့် စယ်လန့်ကျေးရွာရှိ ဒေသခံများသည် လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားရကြောင်းလည်း သိရှိရသည်။

စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ယမန်နေ့ မူဆယ်မြို့နယ်အတွင်း ဗုံးကြဲ တိုက်ခိုက်ခြင်း နှင့် ပတ်သက်ပြီး TNLA တပ်စခန်း၏ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း ယနေ့ စက်တင်ဘာ (၂၆) ရက်တွင် PSLF/TNLA ၏ ပြန်ကြားရေး နှင့် သတင်းဌာန လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ထားသည်။

TNLA တပ်၏ မှတ်တမ်းများအရ စစ်ကောင်စီတပ် နှင့် TNLA တပ်ကြား ဇူလိုင်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) ရက်နေ့အထိ နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲ စုစုပေါင်း (၅၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း PSLF/TNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...