ကွတ်ခိုင်မြို့
ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...
ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...
ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ရက်)နေ့ည ၁၂နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄) ရေထွက်ဦးပန်ခြံ ဈေးအနီးရှိ လူနေအိမ်ပေါ်သို့ ပေါင်...
ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂)...
ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် ယနေ့ (ဩဂုတ် ၇) ရက် ညနေပိုင်း ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး၂ လုံးထပ်မံလာကြဲသွားပြီး လူထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီလေကြောင်းဖြင့် ပေါင် ၅၀၀ဗုံး ၂လုံးကို...
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့ ဗုံးကြဲခံရ
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးလာရောက် ကြဲချကြောင်း TNLA က ယနေ့ သြဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားသည်။ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ၊ ဈေးဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံး ၃...
ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်တပ်မိသားစုဝင်များကို TNLAမှ မိုင်းခွဲတိုက်ခိုက် သတင်းအမှား
ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ တပ်သား မိသားစုဝင်များကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးပြီး ရောက်နေသည့်လမ်းတစ်ဝက်မှာတင် မိုင်းများဖြင့်ဖောက်ခွဲ၍ သေဆုံးသတင်းမှား ဖြန့်ချိနေသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် ဟန်ငြိမ်းဦးဆိုသည့်အကောင့်တစ်ခုမှ “ ဇန်နဝါရီ (၇) ရက် ကွတ်ခိုင်မြို့ တပ်မတော်မှ စစ်သည်များ၏...
တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကိုပိတ်လိုက်ရ၊ လူနာများအား အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသနေရ
သျှမ်းပြည် ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို ပိတ်ထားလိုက်ရပြီး လူနာနှင့်ဆရာဝန်များအား အခြားဆေးရုံထံသို့ ပြောင်းရွှေ့ထား ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက်အစောပိုင်းမှစပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ကာ လူနာနှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံထံသို့ တစ်နေလုံးနီးပါး...
ကွတ်ခိုင် စစ်ကောင်စီတပ် မှ နမ့်ဖတ်ကာရွာ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန်ပြော၊ စစ်ရှောင်များအတွက် ဆေးဝါးမလုံလောက်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် စစ်ကောင်စီတပ်မှ ပြောဆိုကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှစ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် အခြေစိုက်သော စစ်ကောင်စီတပ် ခလရ - ၁၂၃ မှ နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် လာရောက်ပြောဆိုကြောင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသခံများက...
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်းသေဆုံး
သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးကာ ကားတစ်စီးလည်း ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လားရှိုးမြို့မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည်...





