ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲ

သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် ယနေ့ (ဩဂုတ် ၇) ရက် ညနေပိုင်း ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး၂ လုံးထပ်မံလာကြဲသွားပြီး လူထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (သြဂုတ် ၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီလေကြောင်းဖြင့် ပေါင် ၅၀၀ဗုံး ၂လုံးကို ရဲစခန်း အနီးနှင့် စစ်ကောင်စီတပ်စခန်းဟောင်းတွင် လာရောက်ကြဲသွားကြောင်း ၊ ထိုအနီးရှိ နေအိမ်များပျက်စီးမှုရှိကြောင်း ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” ရဲစခန်းနဲ ဗျူဟာကုန်းဘက်က စစ်တပ်ဟောင်းအနားမှာ လာကြဲသွားတယ်။ အဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေတော့ ပျက်စီးသွားတယ်။ ဘယ်နှစ်အိမ်လောက်တော့ မသိသေးဘူး။ လူထိခိုက်မှုတော့မရှိဘူး ’’ ဟု ၎င်းကပြောသည်။

ထို့ပြင်ဩဂုတ် ၅ ရက်တွင်လည်း စစ်တပ်မှ ဗုံးလာကြဲပြီးနောက် ပြည်သူများကြေက်ရွံ့ပြီး သတိရှိရှိဖြင့် နေရန်လိုအပ်ကြောင်း အသက် ၃၀ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ထပ်မံပြောသည်။

‘’အရင်ရက်ကမှ ဗုံးလာကြဲသွားတယ် ။ အရမ်းကိုကြောက်ရွံ့နေပြီ ။ သတိနဲ့ပဲနေနေရတယ်။ နောက်ထပ်ဘယ်ချိန်မှ ထပ်လာကြဲမလဲဆိုတဲ့စိတ်နဲ့ ကြောက်ကြတယ် ‘’ဟု ၎င်းအမျိုးသားက ပြောသည်။

စစ်ကောင်စီသည် ဩဂုတ် ၅ရက်တွင်လည်း ကွတ်ခိုင်မြို့မဈေးကို လေကြောင်းဖြင့် ဗုံးကြဲသဖြင့် အရပ်သား ၆ဦး သေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင်ခန်းပေါင်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ ၊ ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံစသည့် အဆောက်အုံးများကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ တားဆီးဟန်တားပေးရန် အိမ်နီးချင်း တရုတ်နှင့် နိုင်ငံတကာသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဩဂုတ် ၆ ရက်တွင် တောင်းဆိုထားသည်။

ကွတ်ခိုင်မြို့နေထိုင်သူများအနေဖြင့် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးလာရောက်ထပ်မံကြဲခြင်း၊ တိုက်ပွဲများ ထပ်မံဖြစ်မည်ကို စိုးရိမ်နေကြသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်စခန်းများအဖြစ် ကျန်ရှိနေသော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ -၁ ၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ ရှိနေသည်။

လက်ကျန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စခန်းကုန်းအနီးတဝှိက်နှင့် ပတ္တမြားစေတီအနီး၊ ဂေါက်ကွင်းအနီးနှင့် ခမရ -၅၀၁ စခန်းနီးသို့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၁၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ထောက်ပို့လေယာဉ် Y 12 ဖြင့် လက်နက်ခဲယမ်း ၂၂ ထုတ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...