ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို TNLA တပ်သားတစ်ဦး ခိုးယူထွက်ပြေးသွားခြင်းကြောင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“ရပ်ကွက်(၁)က ‘အောင်’ဆိုင်ကယ်ပြုပြင်ဆိုင်ပေါ့နော်၊ အဲ့ဒီမှာ ပိုင်ရှင်က ဆိုင်ကယ်ပြင်ရင်းနဲ့ သူက သော့ကို တန်းလန်းထားတာထင်တယ်။ အဲ့ဒါကို စစ်သားတစ်ယောက်က မောင်းပြေးသွားတယ်။ ပြည်သူတွေ နောက်က လိုက်ဖမ်းကြတော့ ဟိုဘက် မြို့ပြင်ထိပ် ရတနာမိုး နားမှာမှ သွားမိတာလေ။ ဟုတ်တယ် TNLA စစ်သားပဲ၊ ဖြစ်စဉ်ကတော့ မှန်တယ်”ဟု ကွတ်ခိုင်မြို့မှ ဖြစ်စဉ်သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်ကယ်ခိုးယူထွက်ပြေးခဲ့သည့် အဆိုပါ TNLA တပ်သားမှာ နမ့်ဆန်မြို့မှ ကွတ်ခိုင်မြို့သို့ တာဝန်လာရောက် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရပြီး ၎င်းကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးကာ ကွတ်ခိုင်မြို့ရှိ TNLA တပ်ဖွဲ့ထံ အပ်နှံပေးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

လက်ရှိတွင် ၎င်း TNLA တပ်သားကို ကွတ်ခိုင်မြို့ရှိ TNLA လက်အောက်ခံ ရဲတပ်ဖွဲ့မှ အချုပ်ခန်းတွင် ဖမ်းဆီးထားပြီး ခိုးရာပါဆိုင်ကယ်ကို ပြည်သူများမှ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

“သူတို့အချင်းချင်း စစ်မေးမှာပေါ့။ လောင်းကစား ဒါမှမဟုတ် ငွေရေးကြေးရေး အရေးတစ်ကြီး လိုအပ်တယ်ဆိုတာ အဲ့ဒါတွေ ဆက်စပ်မှာ။ အဲ့လိုမျိုး ပြည်သူတွေက ပြန်ဖမ်းမိတယ် ဆိုတော့လည်း အဖွဲ့အစည်းကိုတော့ နာမည်ထိခိုက်တာပေါ့။ အဲ့ဒါကျတော့ သူတို့ ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောတယ်”ဟု ကွတ်ခိုင်မြို့မှ ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ နိုဝင်ဘာလ ၁ ရက် ညပိုင်းတွင် ကွတ်ခိုင်မြို့ရှိ TNLA လက်အောက်ခံ ရဲတပ်ဖွဲ့မှ အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သား (၃၈) ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် TNLA မှ ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းလည်း ဖြစ်နိုင်ကြောင်း ကွတ်ခိုင်ဒေသခံများက သုံးသပ်ပြောဆိုသည်။

ထိုသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများထဲတွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၈) ၌ “ရွှေကွတ်ခိုင်” အထူးကုဆေးခန်း ဖွင့်လှစ်ထားသည့် အသက် (၃၇) နှစ်အရွယ် ဒေါက်တာ အောင်ဖြိုးနိုင် ဆိုသူလည်း ပါဝင်ပြီး ၎င်းဆေးခန်းတွင် အလုပ်လုပ်နေသည့် အသက် (၁၄) နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့မှုကြောင့် စက်တင်ဘာလအတွင်း TNLA ဘက်မှ ဖမ်းဆီးခဲ့သူဖြစ်ကြောင်း သိရသည်။

“တကယ်ဆိုရင် ပြစ်မှုထင်ရှားတဲ့ ရာဇဝတ်သားဆိုရင် အများသိအောင် တရားစီရင်ရေးနဲ့ ပြစ်ဒဏ်ကို အမိန့်ချမှတ်ရမှာလေ။ ဒီအဆင့် မရောက်သေးဘူးဆိုရင် သေချာတယ် သူဟာ ကွတ်ခိုင် ရဲအချုပ်မှာပဲ ရှိနေရမယ်။ အဲဒီကာလမှာပဲ အချုပ်ဖောက်ပြေးတယ် ဆိုပြီး သတင်းထွက်လာတော့ သူ့ဆီကလည်း ငွေအဆမတန် ညှစ်ပြီး ရောလွှတ်ပေးလိုက်တယ်လို့ သုံးသပ်တယ်”ဟု ကွတ်ခိုင်ဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ကွတ်ခိုင်မြို့တွင် TNLA တပ်သားတစ်ဦး ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် ဖြစ်စဉ်နှင့် TNLA ဖမ်းဆီးထားသည့် အချုပ်သားများ ထွက်ပြေးခဲ့သည့် ဖြစ်စဉ်တို့ကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ စုံစမ်းမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

လက်ရှိတွင် TNLA တပ်သားများ အွန်လိုင်း စလော့ဂိမ်းကဲ့သို့ လောင်းကစား ဆော့ဖ်ဝဲများ ဆော့ကစားပါက ထောင်ဒဏ် (၃) အထိ ချမှတ်မည့် အမိန့်စာကို အောက်ခြေတပ်သားများထံ ဖြန့်ဝေထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်တွင် နမ့်ခမ်းမြို့၌ TNLA လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူ အမျိုးသား (၅) ဦးကို လုံခြုံရေးအပြည့်ဖြင့် ကားပေါ်တင်ပြီး လမ်းမကြီးအတိုင်း မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်းမိ (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...